Powered By Blogger
Wednesday, June 3, 2015
တောင်ကုန်းပေါ်ကလူ..
တောင်ကုန်းပေါ်ကလူ..
--------
အတော်လေးမြင့် တဲ့ တောင်ပူစာလေးရဲ့  ကမ္ဘား ဂမူစွန်းလေးမှာ  ရပ်ပြီး တစ်ခုခု အတွေးနက်ရင်း အဝေးကိုငေးမောနေတဲ့ လူတစ်ယောက်ကို တောင်ခြေ လမ်းသွယ်လေးပေါ်ကနေ သူတို့ လိုရာခရီးကို  ဖြတ်သန်းသွားတဲ့ လူ ၂ ယောက်က  ခရီးသွားဟန်လွှဲလေးကနေ လှမ်းမြင်လိုက်ရတော့ 
နောက်တစ်ယောက်ကတော့  '''' ဟုတ်သေးဘူးထင်တယ်နော်....အင်း..ဒီလူ့ ကြည့် ရတာ ဒါမျိုး လွမ်းတတ်တဲ့ လူမျိုးတော့  မဟုတ်လောက်ဖူး ထင်တယ်ဗျဧကန္တ ဘောကြွေးနှစ်လုံးကြွေးတွေပိနေတာလား တိုက်ခန်းဂရံပေါင်ထားတာ အပေါင်ဆုံးလို့ လား..အဆင်မပြေတာ တစ်ခုခုကြောင့်  ခုန်ချသတ်သေမလို့  ကြံနေတာများလား မသိ..'''''လို့  အကဲဖြတ်ပြန်ရောတဲ့  ...
ဒါနဲ့  ကိုယ်ထင်တာ ကိုယ်ပြောရင်း ၂ယောက်သား ထပြီး စကားတွေများကုန်ရောတဲ့  အဲ့ ဒါနဲ့  နောက်ဆုံးတော့  ၀င်းဝင်း ဖယောင်းတိုင်ထွန်း လိုက်ကြပုံက '''' ဒီလိုလုပ်ကြရအောင်ကွာ..ဘာလုပ်နေလဲဆိုတာ အဖြေမှန် သိရအောင့်  အဲ့ လူဆီ သွားတက်မေးလိုက်တာ ပိုသေခြာမယ်ထင်တယ် ''''လို့  ဆိုပြီး ၂ ယောက်သား ခပ်မတ်မတ် ဆင်ခြေလျှောလေးဖြစ်နေတဲ့  တောင်ဂမူလေးပေါ် ခြေညောင်းခံပြီး တက်သွားပါရောတဲ့ ...
တောင်ဂမူပေါ် မောမော ပန်းပန်းရောက်သွားပြီး အဲ့ ကမ္ဘာစွန်းလေးနားမှ ရှိနေဆဲလူကို ခက်လှမ်းလှမ်းကနေ လှမ်းပြီး ''' .ဟေ့ လူ ခင်များအဲ့ နားမှာ ဘာလုပ်နေတာလဲဗျ..'' .လို့  အသံလေးနဲနဲ မြှင့် ပြီး လှမ်းမေးလိုက်တဲ့ အခါ...ကမ္ဘာစွန်းနားက လူက..လှည့် ကြည့် ပြီး အေးဆေးလေးပြန်ဖြေလိုက်ပုံက...
'' သြော် ဘာရယ် မဟုတ်ပါဘူး..ဒီလိုပဲ ဟိုဟို ဒီဒီ ရပ်ကြည့်် နေတာပါ...''...လို့ ပြန်ဖြေလိုက်ပါရောတဲ့ ....
အွန်လိုင်းပေါ်က လူတွေတစ်ချို့ ကတော့  အဲ တောင်ဂမူလေးပေါ်က လူ ကို ကိုယ်တိုင် သွားမေးကြည့် ဖို့ အာရုံ မလာပဲ..ဖြစ်နိုင်ခြေပေါင်း သောင်းကိုး ထောင်တွေနဲ့  ဝေဖန်ကြည့် ရင်း..စကားအခြေ အတင်လုပ်ရ  ဆရာကျပြရ...တစ်ကမ္ဘာလုံးက ကျမ်းကိုးတွေ မိတ္တူကူးပြီး စပ်ထဘီစာတွေဖွဲ့ ပြီး တော်ကီစာတွေထုပြရ တိုက်ပွဲခေါ်သံတွေ လွှတ်ရနဲ့  ကိုယ့် ပိုက်ပိုက်နဲ့ ကိုယ် အကုန်ခံပြီး ဝေဖန်ရတာကို အန်တာတိမ့် မန့် တစ်မျိုးလို..အကျေနပ်ကြီး ကျေနပ်ပြီး ပျော်မွေ့ နေကြပါတယ်တဲ့ ..အဲ ငြီးငွေလာတဲ့ အခါတို့  ပိုက်ပိုက်ပြတ်တဲ့ အခါမှာတော့  လိုင်းပေါ်ကနေ ကိုယ်စီကိုယ်စီ ဆင်းသွားကြပြီး ကိုယ့် ကိစ္စ ကိုယ်ဆက်လုပ်နေကြပြန်ပါရောတဲ့ ဗျာ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..