
----------
၈ပေစလောင်းက အာဖရိကဘက်ကချယ်နယ်တစ်ခုကလာသွားတဲ့ အာဖရိက အတွင်းပိုင်းနိုင်ငံတစ်ခုမှာ ကန္တာရကျယ်ကြီးကို ဖြတ်ပြီး တစ်မြို့ ဝင်တစ်မြို့ ထွက်နဲ့ သွားတဲ့ ရထားစီးခရီးစဉ်ရှည်ကြီး အကြောင်း ထိုင်ကြည့် လိုက်တာ အဲ့ ဒေသကလူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေ ဘ၀လူနေမှု့ ပင်ပမ်းကြမ်းတမ်းခက်ခဲပုံတွေကို ကြည့် ရင်းကြည့် ရင်းက....အမယ်...အဲ့ လိုဆိုပြန်တော့  ငါက သူတို့ တွေထက်စာရင် တော်တော်အခြေအနေကောင်းနေတဲ့ လူလိုလို...ဘောစိလိုလို ဘ၀င်တောင် နဲနဲခံချင်စိတ်ဖြစ်လာတယ်...ခိခိ...
ဟိုတစ်လောက ပြတာက ဥရောပတိုက် တစ်တိုက်လုံးကို ဖြတ်သွားတဲ့ ရထားစီး ခရီးစဉ်တွေရယ် တရုပ်ပြည်မှာဘေကျင်းကနေ တိဘက် လာဆာကို သွားတဲ့ ရထားစီး ခရီးစဉ်ရှည်ကြီးအကြောင်းကို ဂျပန်ကသွားရိုက်ထားတာရယ်..အဲ့ ဒေါ့ ကူ တွေကြည့် ရတုန်းကတော့  စိတ်ကတစ်မျိုး...ကြည့် နေတဲ့ လူတောင် ဇက်ကလေး ပုလို့  စိတ်က ငုတ်တုတ်တုတ်...
အာ့ နဲ့ ကိုယ့် ပြည်တွင်းက မြင်းခြံဘက်ကို အနှေးရထား (ခ်ခိခိ) ခရီးတွေစီးပြီး ကြွေးတောင်းအဖြစ် ခရီးခဏခဏထွက်ခဲ့ ရတုန်းကအကြောင်းတောင်ပြန်သတိရမိသေးတယ်..အဲ့ ဘက်တွေမှာ ရထားပေါ်ကနေ၀ယ်စားခဲ့ ရတဲ့  နို့ ခဲကြော်ပါ သတိရတဲ့ အထဲပါသပေါ့ ...
အဲ့ တုန်းက ရထားကို တစ်တွဲတည်းသော ဘုရားစူး အထက်တန်းတွဲထဲက လိုက်လိုက်စီးတော့ အထက်တန်းတွဲကနေ စီးလိုက်တာကိုပဲ ဘ၀င်က ခံချင်သလိုလို...အဟီး..အဲ့ လိုပဲ လူက လစ်ရင်လစ်သလို အခြေအနေကြည့် ပြီး ဘ၀င်ခံခံပစ်လိုက်တာ သူများဘ၀င် ငှားခံတာမဟုတ်ပဲ..ကိုယ့် ဘ၀င်နဲ့ ကိုယ်ခံတာ အမှားတော့  မဟုတ်လောက်ပါဘူးနော် ..အဟီးး.
..အဲ..အာဖရိက အလယ်ပိုင်း ရထားခရီးစဉ်တွေမှာ လမ်းဘေးတစ်လျှောက်က မြင်ရတဲ့  လူနေမှု့ ဘ၀တွေက ကိုယ့် စီက ခရီးစဉ်တစ်လျှောက်ဘေးဝဲယာက လူနေမှု့ စတိုင်တွေနဲ့  မြင်ရပုံက သိပ်မကွာပါဘူးလို့ ခံစားမိသေးတယ်..
.ဒီက နဲနဲ ပိုသာတာက သစ်ရိပ် ၀ါးရိပ်လေ စိုက်ခင်းလေးတွေ စိမ်းစိမ်းစိုစိုလေးတွေ ဘုရားစေတီလေးတွေ ပိုမြင်ရတာလေး ပိုသာတာတွေ ကွာတယ် အာဖရိကအလယ်ပိုင်းက သဲကန္တာရဖြတ် ရထားခရီးစဉ်မြင်ကွင်းက သဲခေါင်ခေါင် လွင်တီးခေါင်ကျယ်ကြီးတွေဖြတ်ရတာ ခြောက်သွေ့ ရေရှားပေါ့ ..ဒါပေမယ့်  အာဖရိကမှာ အလှဆုံးမြင်ကွင်းတွေက သဲကန္တာရတွေမှာ နေ၀င်ချိန်ရောက်သွားတဲ့ ညနေဆည်းဆာအချိန်တွေပဲဗျာ....
သဲပူခိုးရိုက်လို့ ပြန်ထလာတဲ့  မြူတွေဆိုင်းနေချက် နဲ့ နေလုံးကြီး သဲကန္တာရအောက်ဝင်သွားပုံက ခပ်မှန်မှန်လေးသွားနေတဲ့  ရထားတွဲရှည်ကြီးပေါ်က မြင်ရတာ တော်တော်လှတယ်..အဲ့ မှာ ရထားပေါ်ပါလာတဲ့  အာဖရိကသားတွေထဲက ဂီတ၀ါသနာပါတဲ့ တစ်ချို့ က သူတို့ ဆီမှာပါလာတတ်တဲ့ ပတ်ကာရှင်းဗုံတိုလေးတီးပြီး အာဖရိက တေးသံတစ်ချို့  ကောက်ဆိုလိုက်တဲ့ အသံကလည်း... ဘာကိုလွမ်းရမယ်မှန်းမသိ လွမ်းစရာကောင်းလိုက်တာ ဆိုတာမျိုးပဲ...
ရထားလမ်းဘေးတွေမှာက ညနေစောင်းနေတော့  ဘုစုခရုတွေကလေးတွေ ထွက်ပြေးဆော့ နေကြတာ..တောလိုက်ပြန်လာတဲ့ မုဆိုးတွေ ထင်းစီးခေါင်းပေါ်ရွက်တန်းစီပြန်လာတဲ့ အာဖရိက လုံမေတွေကလည်း နေလုံးအ၀င် ပင့် ထိုးတဲ့ အလင်ရောင် နီညိုလေးအောက်မှာ တော်တော် လှနေတာ ရထားပေါ်ကမြင်နေရတာ ရိပ်ကနဲရိပ်ကနဲပေါ့ ဗျာ....နေလုံးကြီးက နီဝါညိုနုကြီးနဲ့ ကန္တာရထဲ အိဆင်းသွားနေပုံက.....ပင်လယ်ပြင်ကြီးထဲ နေလုံးကြီး တစ်စတစ်စ ငုတ်လျှိုးသွားတာမျိုးနဲ့ တော်တော်တူတယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..