Powered By Blogger

Wednesday, June 3, 2015

ကားရောင်းဖို

အဟားးး..သီဟိုရွက်တစ်ရွက်နဲ့ ကားရောင်းနေတာ ၂ပတ်အတွင်း ၁၃စီးကနေ ၉စီးထွက်သွားပြီတဲ့ ..ဟီးဟီး...၀ယ်ရောင်းမြူးတော့ ကိုယ်လည်းရောပျော်တယ်..ခ်ခ်
=============================

ကားရောင်းဖို့  လုပ်ပေးလိုက်တာက  အဲ့ လို အိမ်မှာ အဆင်သင့် ရှိနေတဲ့  သီဟိုရွက် ၁ ရွက်ပေါ်မှာ စီဒီပေါ်မှာရေးတဲ့ မာကာမှင်နဲ့  ၆ထောင့် ကြယ်ကောက်ဆွဲပြီး ပလတ်စတစ်အုပ်ပေးလိုက်တာပါ...အဲ့ တစ်ရွက်ထဲနဲ့ ရိုက်ရိုက်ရောင်းနေတာ..

( တနင်္လာနံ ဂြိုလ်သက်က ၁၅ နှစ်မို့  တနင်္လာနံဆိုတဲ့ ကားရဲ့ ကားခေါင်းကို သီဟိုရွက်နဲ့ ရိုက်တဲ့ အခါ တစ်ကြိမ်ရိုက်ရင် ၁၅ချက်ရိုက်စေခဲ့ ပါတယ် ရက်ဆက်သာရိုက်ပါ တစ်နေ့ တစ်ကြိမ်နှစ်ကြိမ်ပေါ့ လို့ ပါမှာလိုက်တာပါ ).

( တနင်္လာနံကို သောကြာနံ သောက (အထွက်အား) နဲ့ ရိုက်ရောင်းနေတာပါ)...

ကားတစ်စီးစ နှစ်စီးစရောင်းတာမျိုးမဟုတ်ပဲ အစုလိုက်အပြုံလိုက်ရောင်းချင်လို့ ဆိုတဲ့  အကူအညီတောင်းသံဟာ ခုလို ကားအရောင်းအ၀ယ်တွေ ဗရုပ်သုခဖြစ်နေချိန်မှာ တကယ်တော့  ဖြုံစရာကောင်းတဲ့ တောင်းဆိုမှု့ မျိုးပါ ....၀ယ်ရောင်းသမားရဲ့  ကံထဲမှာ ငွေပြန်ပေါ်ကိန်းလေးပြန်ရှိနေတဲ့ သက်ရောက်ကောင်း လပိုင်းအကောင်းတွေနဲ့ တိုက်ဆိုင်သွားတာကလည်း အားတအားပါပဲဗျာ

( ရကောင်းစေဆိုတဲ့ စိတ်မရှိပဲ ကိုယ့် ပညာရပ်အကူနဲ့ .သူများတွေကို အတတ်နိုင်ဆုံး အဆင်ပြေသွားစေချင်တဲ့  စိတ်တစ်ခုထဲနဲ့ ပေးလိုက်တာပါပဲ.).

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..