အတွက်သမားဆိုတာ အတွက်ခံဘ၀က လာတာပါ..
----------
အတွက်သမားဆိုတာ အတွက်ခံဘ၀က လာတာပါ..ဒီတော့  အတွက်ခံဘ၀မှာ ကိုယ့် ကို ထုတဲ့ ကိုယ်နားမလည်တဲ မလိုအပ်ပဲ ပေရှည်လွန်းတဲ့ စိတ်ညစ်ခဲ့ ရတဲ့ အတွက်ဆရာတွေ ရဲ့ တော်ကီပုံစံတွေကို ပြန်ပြန်သတိရတတ်ပါတယ်..အဲ့ မှာ ကိုယ်ချင်းစာစိတ်ဝင်လာပြီး ကိုယ့် တော်ကီတွေမှာ ကိုယ့် လိုအတွက်သမား အချင်းချင်းသာ နားလည်ပြီး အများအားဖြင့်  အတွက်ခံသူတွေနဲ့ စိမ်းလွန်းနေတဲ့ စကားလုံးတွေကို တတ်နိုင်သမျှရှောင်ပြီး တကယ့် အရပ်ထဲ လူကြားထဲမှာ ခေတ်အလိုက်သုံးနေတဲ့ တော်ကီတွေနဲ့ သာ ဒဲ့ တော်ကီလွှတ်ပါတော့ တယ်..
အတွက်ခံဘ၀မှာ အရယ်ရဆုံး နဲ့  အမှတ်တရ ဖြစ်ရတဲ့ အကြောင်းလေးက တစ်ခါက လက္ခဏာပညာ အဓိက အားပြု ဘကြီးတစ်ယောက်ဆီရောက်သွားခဲ့ ပါတယ်
အဲ့ ဘကြီးဟာ ကျနော့် မွေးသက္ကရာဇ်ယူ ဂဏန်းတွေ သူ့ ဟာသူတွက် ပြီးတော့ လက်ဖြန့် ပြပါဆိုလို့ ဖြန့် ပြလိုက်တဲ့ အခါ...အဲ့ ဘကြီးဟာ ကျနော့် လက်ကိုကြည့် လိုက် သူ့ လက်သူပြန်ကြည့် လိုက်...ဒီမှာတွေ့ လား တူလေး..ဒီလမ်းကြောင်းလေးက ငါ့ မှာလဲပါတယ် မင့် မှာလဲပါတယ်ကွ..ဒီတော့ မင်းဟာ ငါ့ လို တော်တော်အပျော်ကျူးမယ့်  သဘောပေါ့ ..လို့ စပြောလိုက်တဲ့ အချိန်မှာတော့  ကျနော် တော်တော်လေသွားပါတော့ တယ်..
.လေယုံတင်မက ငိုချင်စိတ်ပါပေါက်သွားရတာက အဲ့ ဘကြီးဟာ သူ့ ဘ၀ဇာတ်ကြောင်းတွေချည်း ထိုင်ပြောတော့ တာပါပဲဗျာ..သူပြောပုံက မင်းဘ၀လည်း ငါ့ ဘ၀လိုမျိုးဖြစ်လာမှာပါပေါ့ လေ...ကျနော်က ငယ်လည်းငယ်သေး အားလည်းအားနာတတ်တာနဲ့  အဲ့ ဘကြီး သူ့ ဘ၀ဇာတ်ကြောင်း တော်ကီ လွှတ်နေတာကို အတော်ကြီးအောင့် အီးသည်းခံနားထောင်ပေးခဲ့ ရပြီး စကားစပြတ်တုန်းမှာ နာရီကောက်ကြည့်  ဟာ..အဘ.. သူငယ်ချင်းနဲ့ ဘုရားပေါ်မှာ ချိန်းထားလို့ အဘရာ နောက် တစ်ခေါက်တော့ အေးဆေးလာခဲ့ ပါမယ် ခင်မျ ဆိုပြီး ပူဇော်ခကို စားပွဲပေါ်ရိုရိုသေလေးတင်ပြီး ခပ်သုတ်သုတ် လစ်လာရတာကလည်း အမှတ်တရရှိခဲ့ ရတဲ့ အဖြစ်ပေါ့ ဗျာ...
အတွက်ခံဘ၀မှာ တစ်ခါ နှစ်ခါအတွက်ခံပြီး နောက်တော့ ဝေးဝေးကရှောင်မိတော့ တာက မေးခွန်းလေး တစ်ခုမေးမိတာ တနု ကဋန်ပ သဟဇ ဗန်တု ..တောက်..တောက် တောက်..ဘာညာတွေရော မိဿပြဿမေထုန်တွေရော ပထနီအာရီဘာဝက ဘယ်သို့ ဘယ်ချမ်းသာတွေရော ကိုယ်နဲ့ စိမ်းလွန်းတဲ့  စာတွေ နှုတ်ကလည် တန်းစီရွတ်..လက်ကလည်း ဘေးက စာအုပ်လှန်ကြည့် လိုက် ဂဏန်းတွေ တစ်လှေကြီး ချတွက်နေလိုက်နဲ့ လုပ်နေပုံက ကိုယ် သိချင်တဲ့ အဖြေလေးများ ချက်ချင်းပဲ ကြားရတော့ မလားဆိုတဲ့  သူပြောနေသမျှ ငံ့ လင့် ပြီး လိုက်နားထောင်နေရတဲ့  ကျနော့် နားတွေလည်း မူးလာပါပြီ
နောက်ဆုံးကြမှကိုယ်သိချင်တဲ့ အဖြေ ရက်စအော်နိုးလေး ထွက်လာပါတော့ တယ်...အဲ့ တော့ မှ..ဟူးးးး...တော်သေးတယ် အဖြေလေးပါလို့ ပေါ့ အဖြေတောင် ဘယ်နေရာမှာ များပါသွားလဲလို့ အသည်းအသန် လိုက်နားထောင်နေရတာ မောလိုက်တာပေါ့ ... ဟူးးး.ပေါ့ ....အဲ အဲ့ တုန်းကများ သူတွက်နေတာ စာရွတ်နေတာကိုစောင့် နေရတာဟာ ကျနော့် စိတ်ထဲ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက်ကြာတယ်ထင်မိတဲ့  အဖြစ်ပါ..ကျနော်က တွေးတာ ဆုံးဖြတ်တာ စိတ်မြန်တယ်လေ...ပြီးတော့  အဲ့ လိုစာတွေ ပါဠိဝေါဟာရတွေနဲ့ က ပါရမီက ခပ်ပါးပါးရယ်ဆိုတော့ လေ......ဟီးးး...တစ်ခါကပေါ့ လေ...
အဲ့ မှာ အတွက်ခံဘ၀တွေကို ကိုယ်နဲ့ နှိုင်းပြီး ကိုယ်ချင်းစာမိရင်း လိုတိုရှင်းတွေ ဖြစ်ကုန်တော့ တာပါပဲဗျာ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..