မာန်
--
လူတိုင်းလိုလိုမှာ ငါ ဆိုတဲ့ မာန်က မွေးကတည်းက ပါလာပြီးသား...အဲ့ မာန်ကို ဆိုင်ရာ ယဉ်ကျေးမှု့ တွေကနေ ရှေ့ ကနေ တံဆိပ်မျိုးစုံ ထပ်ကပ်လိုက်တယ်
အဲ့ တံဆိပ်မျိုးစုံထဲမှာ အရင်မွေးတဲ့ လူမို့  ကြီးဂုဏ် ဆိုတဲ့  မာန် တံဆိပ်ပါ ပါတယ်..ဒီ ဂုဏ်က ရင်ထဲ ခံလာတော့  ကိုယ့် ထက် နောက်မှမွေးတဲ့ လူတွေ ဘယ်လောက် ထက်မြက်ပါစေ တော်စေ တတ်နေစေ..အလွယ်နဲ့ ဦးမညွှတ်နိုင်ဘူး ငါက ကြီးသူပဲဆိုပြီး ဇက်ကြောက တင်းနေတယ်..လက်အုပ်ချီဖို့ မဆိုထားနဲ့ ပေါ်တင် ချီးကျူးဖို့ တောင် အတော်ကြိုးစားယူရတယ်..
တစ်ချို့  ငယ်သူတွေကိုတော့ စိတ်မပါတောင် ဟန်ပါပါနဲ ခပ်သွက်သွက်ကလေး ဦးညွှတ်ဖြစ်လိုက်တာမျိုးတွေလည်း ရှိတတ်တယ်...အဲ့ လိုဦးညွှတ်ဖြစ်လိုက်တာကလည်း ငယ်သူ့ အကြောင်းကို သိလို့  ဦးညွှတ်မိလိုက်တာမျိုးထက် ငယ်သူရဲ့ နောက်မှာ အရိပ်လို ရှိနေတဲ့ ကိုယ်ကြည်ညိုတဲ့ (သို့ ) တစ်ခုခု ဘက်ကရောင်းကြောင့်  ဦးညွှတ်ပေးလိုက်မိလိုက်တာမျိုးပဲ...ဒါကို တစ်ချို့ ငယ်သူတွေက မရိပ်မိတတ်ဘူး သူတို့ ကို ဦးညွှတ်တယ်လို့ ထင်တတ်ကြတယ်.
အပြုအမူဟူသမျှတွေရဲ့ နောက်မှာ အပြုအမူတွေ စတင်ဖြစ်လာဖို့  ဗွေဆော်ဦး စေ့ ဆော်မှု့ တွေရှိတယ် အဲ့ စေ့ ဆော်မှု့ အစပျိုးတွေ မရှိရင် အပြုအမူတွေဖြစ်မလာဘူး..လက်တွေ့ တစ်ခုတိုင်းဟာ စိတ်အကြံကစတယ်ပေါ့  ဒီလို စိတ်သာရှင်စော သဘောကြောင့်  တကယ့် ကံ အဆုံးအဖြတ်တွေဆိုတာ အဲ့ စေ့ ဆော်မှု့ တွေကို ကြည့် ပြီး ဆုံးဖြတ်တာဖြစ်လာတယ် ၊ ဆုံးဖြတ်ချိန်မှာ...ဘက်မလိုက်တတ်တဲ့ လောကဓမ္မက သူဝင်ပြီး အဆုံးအဖြတ်ပေးဖို့ အကြောင်းပြည့် စုံတဲ့ အချိန်တစ်ခု ရောက်လာရင် ဘက်မလိုက်ပဲ ၀င်ဆုံးဖြတ်လိုက်တယ်...အဲ့ အချိန်မှာတော့ အမှားစေ့ ဆော်မှု့ တွေနဲ့ ပြုမူခဲ့ မိတာတွေကိုတော့ ထုချေလွှာတင်လို့ မရတော့ ဘူး...အမှန်စေ့ ဆော်မှု့ တွေနဲ့ ပြုခဲ့ တာတွေအတွက်လည်း ပစ်မထားပါဘူးပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..