Powered By Blogger
Tuesday, June 2, 2015
..ကိုယ့် မှာသာ ရင်တွေမော.......
..ကိုယ့် မှာသာ ရင်တွေမော.......
-------------------
'''ကျမအိမ်ထောင်ပြုမို့  အဲ့ ဒါ လက်ထပ်မယ့် လလေး.''..ဆိုတော့ ..ဟုတ်..တွက်ကြည့် လိုက်ဦးမယ်...ဟင်!.၁၈စွန်းလေးပဲရှိသေးတာ စောလွန်းဘူးလား.ပျော်ပျော် ပါးပါးလေး နေခွင့် ရတုန်းလေး...လို့ ပြောလိုက်တော့  '' ခုက ဒုတိယအိမ်ထောင်ပါရှင့် ''.တဲ့ .....
ဟားးး...အမငီး....( အာ့ နဲ့ တောင်ခြစ်မြောက်ခြစ်လုပ် လရွေး ဘာညာ ပြောပြီးတော့ မှ...)...''ဒါနဲ့  နေပါဦး..ပထမအိမ်ထောင်က ဘယ်အသက်မှာ ကျခဲ့ တာတုန်း
'' လို့  ကျနော် စိတ်ဝင်စားသွားတဲ့ ပထမ အကြောင်းကို ပြန်စပ်စုလိုက်တော့ ...
( ၇ထဲက၉နှုတ် မနှုတ်နိုင် တစ်ဆယ်ချေး..) ဆိုပြီး သူ့ အသက်သူပြန်တွက်လိုက်ပြီး...'''အင်း..အဲ့ တုန်းက ၁၄ နှစ်ကျော်ပါ  '''တဲ့  ( ဟ..အမငီးးး..ဖျားငုတ်တုတ်..)
ဟုတ်..ဟုတ်..ပေါ့ လေ...ဟီးဟီး...အာ့ နဲ့ နောက်တတ်တဲ့ အကျင့် ကပေါ်လာပြီး.''' ဗေဒင်တွေဘာတွေ တွက်မနေပါနဲ တော့ဗျာ...ကိုယ့် ဘ၀က ထူးခြားဖြစ်စဉ်တွေ နဲ့ သွားမှာ ဆိုတော့  ကျနော်တို့ ကံ ချိန်ပုံတွေနဲ့  လိုက်မမီတော့ ဘူး ခုလည်း အခု ဟာလေးနဲ့ ရောပြီးမလား မပြီးသေးဘူးလားလည်း တွက်တတ်တော့ ဘူးဗျားးးး...ဟီးဟီး..''' လို့ ..ရယ်ကာမောကာနဲ့ ဆိုလိုက်တော့  အဲ့  မဒီလေးကလည်း ဟီးဟီး..တဲ့ ...ကောင်းထှာ..သူ့ ဟာနဲ့ သူကတော့  ဂွတ်လို့ ..ကိုယ့် မှာသာ ရင်တွေမော.......
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..