Powered By Blogger

Tuesday, June 2, 2015

ရီးစားဆိုယုံနဲ့ ..

ရီးစားဆိုယုံနဲ့ ..
------------
အတော်တော့ ဖြုံစရာကောင်းတယ်..အဒေါ်တဲ့  အဒေါ်သာဆိုတယ် ၃၀ကျော်လေး ခေး ၂ ယောက်အမေ အလန်း..သူပြောပုံက သူစောင့် လျှောက်ထားတဲ့  သူ့ တူ ၁၈နှစ် မပြည့် သေးတဲ့ ဘဲလေးက မိန်းမ ခိုးပြေးတာ အဲ့ ဒါ ခုတော့  တူက သူ့ ဆီပြန်ရောက် သူတူရဲ့ မဒီလေးက သူ့ အိမ်သူပြန်နေတယ်တဲ့ ..အဲ့ ထိ မထူးဆန်းသေးဘူး...ဒါနဲ့ ဘာဖြစ်ချင်တာလဲလို့ မေးလိုက်တော့  ပေးစားရကောင်းမလားတဲ့ ..ငင်..ခိုးပြေးကြတာဆို..လို့ ပြန်မေးတော့  သူတို့ ပြောတဲ့  အတိုင်းပြောရတာ...ဒါပေမယ့်  အခုပြန်လာကြတာ သူတူက သူတို့  မင်္ဂလာဆောင်မယ်တွေဘာညာလည်း ဘာမှ မတိုင်ပင်ဘူး.ဒီလိုချည်းနေနေတယ်...သိတယ်မလား ရီးစားဖြစ်တာနဲ့ အဲ့ ကိစ္စတွေက ပြီးပြီးသားတွေလေ..အဲ့ ဒါ...ဒီလိုချည်းနေနေလို့  ကျမက တူကို ငါတို့ ဘာလုပ်ပေးရမလဲလို့  မေးရမလားလို့ ပါတဲ့ ......

အဲ့ မှာ ဖြတ်ကနဲ စိတ်ဝင်စားသွားတာက အဒေါ်ဆိုတဲ့  ခေတ်မိန်းမ တစ်ယောက်ရဲ့ စကားထဲက ရီးစားစုံတွဲတွေအပေါ် မြင်လိုက်တဲ့  အမြင်ပဲဗျ...သမီးရီးစားစုံတွဲဆိုတာနဲ့  ပြီးပြီသားလို့ သူ သတ်မှတ်လိုက်တာကိုပါပဲဗျာ....ဒီအမြင်က အတော်ဖြုံစရာကောင်းတဲ့ အမြင်မျိုးပဲ....ကိုယ့် ရီးစားလေးကို လက်ဖျားချင်း ထိစပ်ကြည့် ဖို့ တောင် ကတုန်ကယင်တွေ ဖြစ်နေတတ်တဲ့  ခေတ်တွေ ဆိုတာ အတော်တောင်ဝေးကျန်ခဲ့ ပြီလားလို့ ထင်စရာ....မှန်း..မျက်နှာသွားသစ်ဦးမှဘာာာာာ...ငိငိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..