Powered By Blogger
Tuesday, June 2, 2015
အချိန်..
အချိန်..
-------
ဓမ္မစာပေတွေ ဖတ်တဲ့ အခါ အကြောင်းအရာတွေရဲ့ အခြေခံအစတွေရော..အရင်က မမြင်မိတဲ့ အရာတွေ ဘာတွေများ ထပ်ရနိုင်မလဲလို့  နောက်ပိုင်းမှာ အတွေးကပ်ပြီး လိုက်ဖတ်လာတယ်..ကြားဖူးနေကျ မတ်စိတွေကို ခေါက်ထားလိုက်ပြီးပေါ့ ...အဲ့ အမှာ အကြောင်းတွေပြုပြီးရင် ပြန်ဆိုက်ရောက်လာမယ့်  အကျိုးပေးချိန်တွေ သဘောတွေကို မြင်လာတယ်ပေါ့ လေ...
အဲ့ မှာ ဓမ္မတရားရချိန်တွေ သဘောကို မြင်လာတယ်..ဆိုပါတော့  အင်္ဂုလိမာလဟာ တရားရချိန် အကြောင်းပြည့် စုံချိန်ဆိုက်ရောက်လာတာကြောင့်  ဘယ်ရိပ်သာမှ
တကူးတက သွားဝင်နေရတာမျိုး မဟုတ်ခဲ့ ပဲ..တရားရှင်ကိုယ်တိုင်တော်ကိုက  အင်္ဂုလိမာလရှိရာ အရပ်ဆီ တကူးတကကြွတော်မူလာပြီး သွန်သင်ပြတဲ့ ဓမ္မတရားတွေကြောင့်  တရားရခဲ့ တာကို မြင်လိုက်ရတဲ့  အင်္ဂုလိမာလလို ပုဂ္ဂိုလ်တွေ ကျမ်းထဲမှာအများကြီးတွေရသလို...ဓမ္မတရား မရထိုက်သေးရင် (၀ါ) ရထိုက်ဖို့  အကြောင်း မပြည့် စုံသေးရင်လည်း အဇာတသတ်လို ရှင်ဒေ၀ဒတ်လို ပုဂ္ဂိုလ်အကျော်အမော်တွေလည်း တရားရှင်ကိုယ်တော်တိုင်နဲ တစ်ဘ၀ထဲ ခေတ်ပြိုင်လူဖြစ်ကြ  ဆုံတွေ့ ခဲ့ ကြရင်း....အဲ့ ဘ၀မှာ အမြင့် ဆုံးဘုရင်အဖြစ်တွေ ဈာန်ရတွေ သာသနာဝင်တွေ ဖြစ်နေတာတောင်မှ ဓမ္မတရားကို အပြီးတိုင် ရမသွားကြဘူးလို့  မြင်လိုက်ရတယ်..ပြုမိမှားတွေရဲ့ အပြစ်ဒဏ်ခံရပြီးမှ ဓမ္မတရားတွေ ရချင်ရမယ်ပေါ့ လေ...အချိန် ရဲ့ သဘောပေါ့ ...
အကြောင်းတစ်ခု ပြုပြီးရင် ပြန်လာတဲ့ ကံသတ္တိရဲ့  အကျိုးပေးချိန်သဘောက ရုပ်အာဟာရ စားသလိုလောက် မလျင်မြန်တတ်ဘူး...ဆိုပါတော့  ခုထမင်းစား ခု ဗိုက်က လက်ငင်း ဗိုက်ဝ ဆိုပြီးအကျိုး ချက်ချင်းပြသလို စားပြီးလို့  ညသန်းခေါင်လောက်မှ ၀က်သားဟင်းနဲ့ ငပိကျော်ဟင်းကြောင့်  သွေးထတိုးတာမျိုးက နောက်မှ  အကျိုးပေးသဘောက ၂၄ နာရီအတွင်းမြင်သာတယ်ဆိုပေမယ့်  ..အခု သီလရှိသူ တစ်ယောက်ယောက်ကို ပစ်ပစ်နှစ်နှစ် ဆဲလိုက်တာကြောင့်  အခုချက်ချင်း  မြေမမြိုတတ်ပေမယ့် နောင်ဘ၀မှာတော့  သီလရှိသူကို ဆဲခြင်းရဲ့ အကုသိုလ်ဒဏ်ကြောင့်  သာမာန်ထက်နိမ့် ကျတဲ့ ဘ၀ဖြစ်တည်မှု့  အခြေအနေဆိုး တစ်ခုပြန်လာတယ်ဆိုတာ လက်ရှိ အားရပါးရ ဆဲပစ်လိုက်ခဲ့ တဲ့  ဘ၀ကြီးတစ်ခုပြီးဆုံးသွားမှသာ  ဆိုတဲ့ အခါ  ထမင်းစားပြီးတာနဲ့ ဗိုက်ပြည့် တယ်ဆိုတာမျိုးထက် အကျိုးပြန်ပေးချိန်ဆိုတဲ့  အချိန်အားဖြင့် ဝေးကွာနေတယ်ပေါ့ ...
ကံသတ္တိအကျိုးပေးချိန်က ယေဘူယျ သုံးမျိုးရှိနေတယ်.အကြောင်းပြုမိပြီးတာနဲ့  အကျိုးပြန်လာပုံက  .ချက်ချင်း(သို့ ) နောင်ဘ၀မကူးဘဲဆိုတာတစ်မျိုး ( ရှင်ဒေ၀ဒတ်လိုပေါ့ )၊ နောင်ဘ၀(သို့ ) ဒုတိယဘ၀မှာ အကျိုးပေးတာကတစ်မျိုး..( ဘုရင်ဘ၀ကနေ သေပြီးတာနဲ့ ငရဲကျတယ်ဆိုတဲ့ အဇာတသတ်လို သဘော)..သံသရာ စဉ်ဆက်ဖြတ်သန်းရင်းက တစ်ကွေ့ ကွေ့ (၀ါ) နောက်ဆုံးဘ၀အထိ ၀ဋ်ကြွေးသဘောလိုက်အကျိုးပေးတယ်ဆိုကတစ်မျိုးဆိုပြီး အချိန်သုံးမျိုးကွဲနေတာ ဖတ်ရတယ်..
ကိုယ်ထင်ရာ ကိုယ်လုပ်ဖို့ ဝန်မလေးကြတော့ ဘူး...အဲ့ ဒီမှာ..ကမ္ဘာတစ်ခု ပျက်သုဉ်းဖို့ .စတော့ တာပါပဲ....
အဲ့ မှာ ၀က်ဖြစ်မှတော့ မစင်စားရမှာမကြောက်ဆိုပြီး ကိုယ်ထင်ရာ ကိုယ်စိုင်းလိုမှု့ ရဲ့ စကားမှာ...မစင်ဆိုတာ လူက မြင်တာ ဖြစ်ပြီး ၀က်က သူ့ အာဟာရသာဖြစ်လို့  .မစင်လို့ လည်းသိချင်မှသိမယ် အာဟာရလို့ မြင်နေလို့  စားဖို့  ရွံနေမှာ မဟုတ်ဘူး..ဒါဆို  ၀က်မစင်စားတာကို မစင်စားလို့ ရွံစရာလို့  စိတ်ထဲမှာ ပြဿနာဖြစ်နေသူဟာ ၀က်မစင်စားတာကို သွားကြည့် နေတဲ့  လူသာဖြစ်တယ် မစင်စားနေတဲ့  ၀က်မဟုတ်ဘူးဆိုတဲ့ သဘောတရားတစ်ခုကိုပါ မြင်လိုက်ရတဲ့ အခါ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..