
ကံစေရာပဲလို့ မှတ်ပါလေ...
-----------
အဆိုးလို့ ဆိုတဲ့ ကံကြမ္မာတစ်ခု ကျရောက်လာရင် အမြဲတမ်း ပစ္စုတ်ပန်အမှားတစ်ခုခု နဲ့  ဂြိုလ်မကောင်းလို့ ဆိုတာကြောင့် ချည်းလို့  မယူလိုက်ပဲ အတိတ်ကံက ၀င်နှောက်တာလည်း ပါတတ်ပါတယ်လို့ ထည့် ယူလိုက်တာ ပို စိတ်သက်သာပြီး သဘာဝပိုကျလောက်မှာပါ၊ ဘာလို့ ဆိုတော့  ကိုယ့် လို မွေးသက္ကရာဇ်တွေနဲ့  ပြိုင်တူမွေးလာတဲ့ ဖွားဖက်တော်တွေ ကမ္ဘာပေါ်က မတူညီတဲ့ ဒေသတွေမှာ အများကြီးရှိနိုင်ပြီး သတ္တ၀ါတစ်ခု ကံတစ်ခုသဘောကိုလည်း သတိလက်လွတ်လို့ မဖြစ်ဖူးဆိုတာပါပဲဗျာ...
၈၊၈၊၅၃ နေ့ လည် ၁၂ နာရီခွဲမွေး ဗုဒ္ဓဟူးသမီး ( မူလ ၁ကြွင်း မရဏဖွား၊ မွေးချိန်ဘောမတိုင် ၃ကြွင်းမဟာဘုတ်အကျိုးသက်ရောက်မှု့ ပါ)..ဟာ လာနေကျပါ...အခုအလာကျဲနေပြီးမှ ပြန်ပေါ်လာတော့  ..သူက...၁ကြွင်းတွေကို ကျနော် ခဏခဏ သတိပေးတတ်တဲ့  ၀မ်းဗိုက်ပိုင်းပြဿနာတွေကိစ္စ အတိုင်း အခု မမျှော်လင့် ပဲ ဗိုက်ခွဲလိုက်ရတယ်လို့ ဆိုလာပါတယ်.
..ခွဲရတဲ့ အကြောင်းက...အူခေါက်ပြီး အူပိတ်သွားလို့  ၀မ်းဗိုက်ဖွင့် ပြီး အူဖြတ်လိုက်ရတာ ၆ လက္မလောက်ပါလို့ ဆိုပါတယ်...အခုတော့ ဆီးပိုက်တန်းလန်းနဲ့ ခဏနေနေရသေးတယ်လို့ ဆိုပါတယ်.
..( ဒါဟာဘယ်သူမဆို ရုတ်တရက်ထဖြစ်တတ်တဲ့  အရေးပေါ်ရောဂါသဘောမျိုးထဲက တစ်ခုလို့ ကြားဖူးပါတယ်)....သူသိချင်တာက နောက်ထပ် ခွဲစိတ်ရတာမျိုးရှိသေးလားပေါ့ လေ.
..( လစိတ်တွေအသက်ပိုင်းတွေချိန်ကြည့် ပြီး ဒီခွဲစိတ်မှု့ က ဒီအသက်ပိုင်းတွေမှာ အကြီးဆုံးဖြစ်လို့  နောက်ထပ်ဒီလို ကြီးကျယ်တဲ့ ခွဲစိတ်မှု့ မျိုးတွေ မရှိတော့ ပါဘူးလို့ ဖြေလိုက်တာပေါ့ လေ.)...
နောက်တော့ ဘယ်လမှာ ဖြစ်ခဲ့ တာလဲလို့ ပြန်စပ်စုလိုက်တော့  ပြီးခဲ့ တဲ့ ၁၀လပိုင်းထဲမှာလို့ ဆိုပါတယ်...( အဲဒီမှာ ကျနော်တို့ အုပ်စုတွေ ရှာဖွေတွေ့ ရှိထားခဲ့ တဲ့  လစိတ်ရဲ့ သတ္တိတွေ ပေါ်လာတော့ တာပါပဲဗျာ...၈လပိုင်းမွေးတဲ့  ဗုဒ္ဓဟူးသားသမီး အတွက် ၁၀လပိုင်းဆိုတာ စနေလစိတ်ထဲဖြစ်နေတာ မြင်သာပါတယ်...ဒါပေမယ့်  ပုံမှန်မူလမဟာဘုတ်အရ ဆိုရင် အသက် ၅၃ ဟာ သောကြာ သက်ရောက်သာဖြစ်လို့  ဒီလို ဟဲဗီး ခွဲစိတ်ကုသခံရလေ့သိပ် မရှိတတ်ပါဘူး...ဖြစ်ခြင်းဖြစ် ပြီးခဲ့ တဲ့ အသက် ၅၂ ရာဟုမရဏသက်ရောက်မှာ ဖြစ်သင့် တာမျိုးပါ...
ဒါပေမယ့်  ဒီ ဗုဒ္ဓဟူးသမီးဟာ နေ့ ၁၂နာရီခွဲမှာ မွေးသူဖြစ်လို့ မွေးချိန် မဟာဘုတ်အရဆိုရင် ၃ကြွင်းမဟာဘုတ်အကျိုးသက်သက်ရောက်မှု့ ပါလာတယ်လို့  ကျနော်တို့ က ထောက်ထားလေ့ရှိပါတယ်..၃ကြွင်းမဟာဘုတ်က .သောကြာ မရဏ ဆိုတာ ခရီး စကားပြောစွမ်းရည် ဘော်ဒီ လှုပ်ရှားမှု့  သွေးလည်ပတ်မှု့  သဘောတွေကို ကိုယ်စားပြုထားပြီး မရဏဆိုတာ ခြူခြာလွယ်တာ ရုတ်တရက် ရပ်တန့် သွားတာမျိုးတွေကိုဆိုလိုတာပါ...ပြီးတော့  မရဏမှာကြုံတဲ့  ကိစ္စတွေဟာ အတိတ်ကံသတ္တိက ပိုအားကောင်းပြီး ပုံမှန်လှုပ်ရှားမှု့ သဘောထဲကို မကောင်းမှု့ တစ်ခုခု ရုတ်တရက်ဖြတ်ဝင်လာတတ်တဲ့  သဘောလည်းရှိပါတယ်...ပြီးတော့  ဘာဖြစ်မယ် ဘယ်လိုဖြစ်မယ်ဆိုတာတွေကို အတိအကျတွက်ထုတ်ရတာခက်လို့  ကြိုကာရ ခန့် မှန်းရ ခက်ပါတယ်..ဒါပေမယ့် လူဖြစ်နေလို့  ဖြစ်ကာမှဖြစ်ရော တစ်ခုခုတော့  ဒီလိုပဲ ကြိုကာကွယ်ထားရလေ့ ရှိပါတယ်..
( ပုံမှန် သောကြာသက်ရောက်ကို မရဏ သက်ရောက် အဖြစ်ဖြတ်တဲ့ အခါ အများအားဖြင့် ချော်လဲဒူးပြဲ သဘောသာ အဖြစ်များပေမယ့်  တစ်ချို့ က အဲ့ ဒါမျိုးတွေမဖြစ်ပဲ အမှု့ ဖြစ်တာ၊ အောက်ပိုင်း လေဖြတ်သွားတာ သွားနဲ့ ခံတွင်းရောဂါပေါ်လာတာ၊ တစ်ချို့ က ရုတ်တရက် အလုပ်အပြောင်းခံရတာ အလုပ်ပြုတ်တာ..အိမ်ထောင်ရုတ်တရက်ပျက်သွားတာ အစာအမ်သွေးကြောပေါက်တာတွေ မျိုးလည်း ဖြစ်တတ်တာတွေ့ ခဲ့ ရပါတယ်)
သဘောက ဒီ ဗုဒ္ဓဟူးသမီး အူခေါက် အူပိတ်သွားလို့  ရုတ်တရက် ဆေးရုံတက် ဗိုက်ခွဲ အူနဲနဲဖြတ် လိုက်ရတာဟာ ပုံမှန်အကောင်း သောကြာသက်ရောက်ဟာ သူ့ မွေးချိန် ဘောမတိုင် ၃ကြွင်းမွေးချိန် အကျိုးသက်ရောက်မှု့ ကြောင့်  မရဏသောကြာသဘောဆန်ဆန် ရုတ်တရက် ထပေါ်လာတာရယ် ..လစိတ်ဖြတ်သန်းမှု့ က စနေလစိတ်ဖြတ်နေတာက ဆေးရုံတက်ပေးရမယ့် အဖြစ်ဆီ တွန်းပို့ လိုက်တာမျိုးလို့  ဗေဒင်ဖက်ကနေ လှမ်း မြင်လိုက်ရတာပါပဲ......
( ဟိုဘွက ၀က်အူချောင်းကြက်အူချောင်းတွေရောင်းခဲ့ တာ အသားစစ်တွေထဲ အင်ထည့် တာများသွားတဲ့ ဝဋ်ကြွေးလားမသိ လို့ တောင် စ လိုက်ပါသေးသဗျာ့ ...ဟီးးး)
သဘောက ဒီလို အဖြစ်တွေ ကြုံရပေါင်းများနေလို့  ကျနော် ထောက်ထောက်ပြနေသလို လူတစ်ယောက်ဟာ သူ့ မူလမဟာဘုတ်က မရဏအိမ်ရဲ့ ဂဏန်းပရီယာယ်သတ္တိအားတင် သတိထားရတာမျိုး မဟုတ်ပဲ မွေးချိန်ကြောင့် ဖြစ်လာတဲ့  မဂဏအိမ်က ဂဏန်းသတ္တိတွေကိုလည်း သတိထားဖို့ လိုတယ်လို့ ဆိုလိုတာပါပဲ...ဒါကြောင့်  ကံကောင်းထောက်မစွာ မွေးချိန်သိထားလိုက်သူတွေအဖို့  သူတို့ အတွက် ကံချိန်ရတဲ့ အခါ ပိုပြီး ခန့် မှန်းသတိပေးလို့ ကောင်းတဲ့ အခွင့် အရေးတစ်ခုကို ရလိုက်တာမျိုးလို့ ဆိုတာပါပဲ...( မွေးချိန်မသိလည်း သိတဲ့ ဟာနဲ့  ဗေဒင်တွက်ပေးရတာပါပဲဗျာ.ဟဲဟဲ.....)
( ထူးခြားတဲ့ တိုက်ဆိုင်မှု့ က အဲ့ အမျိုးသမီးမှာ အိမ်ထောင်ဘက်မရှိတော့ ပဲ သားတစ်ယောက်သာရှိပြီး သားက ၉၁ ခုဖွား ၂ကြွင်း ဗုဒ္ဓဟူးသား..အခု အသက် ၂၄ နှစ် အင်္ဂါသက်ရောက်မှာ ဖြစ်နေတာပါပဲ...သားလုပ်သူ သူ့ အမေအတွက် အတော်ဖြုံသွားလောက်မယ့် အဖြစ်ပေါ့ ..)
(၈ ဂဏန်းသတ္တိဖက်ကကြည့် ရင်တော့ ..မွေးရက်ဂဏန်းက ၈ မို့  အသက် ၅၃က ၈ ရဲ့  အလစ်ချောင်းတိုက်ခိုက်တတ်တဲ့ သတ္တိပါလေသလား နဲ့  သုံးတန်ပေါ်နိစ္စဖက်ကကြည့် ရင် ဗုဒ္ဓဟူးသမီးဟာ ပြ နေရာမှာ ရောက်နေလို့ ကောဇာမဟာဘုတ်က ဘင်္ဂအိမ်က ဗုဒ္ဓဟူးနံများ ပြအိမ်မှာ လာပူးသွားလို့ များလား..ဆီးပိုက် တန်းလန်းဆိုတာ တန်းစီးတိုင်ထိပ် အပူးတစ်မျိုးရဲ့  သတ္တိများလား....စသဖြင့် ပေါ့ ....)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..