မရဏဥာဉ် အဆိုးအားသန်သွားချိန်မှာ အထွန်းအိမ်က ဂဏန်းဟာ မရဏအိမ်ကိုပြုကျသွားပြီး...
-------------------------
ကိုယ့် ဟာကိုယ်ဘာတွေဖြစ်နေလဲကို နားလည်ဖို့ ချိန်တဲ့ နည်းပညာတစ်ခုပါ..။ တကယ့် အတွေးအခေါ်သဘောဆန်ပါတယ်..ဘ၀နေထိုင်နည်းအတွက် အကူအပံ့ သဘောပါ..။
ပထမဥပမာက ၁ကြွင်း မွေးကိုပြလိုက်ပါတယ်..၁ကြွင်းဟာ ကိုယ်ထင်တာကိုယ်လုပ်မယ်၊ ဘယ်သူ့ ကိုမှဂရုမစိုက်ဘူး.၊ စသဖြင့်  လူကောင်းစရိုက်တော့ အရမ်းလျော့ လာပြီး မကောင်းမှု့ တွေ များလာတဲ့ အခါ...၁ကြွင်းမဟာဘုတ်က ကောင်းပါတယ်ဆိုတဲ့  စနေနံ အင်ပရက်ရှင်တွေ ကောင်းသတင်းတွေ ဟာ မရဏအိမ်ကိုပြုတ်ကျသွားပါတယ်...အဲ့ ဒီ့ အခါ ၄ ကြွင်းနှစ်မွေးတွေ စနေနံမရဏ ရဲ့  သတ်ကွင်းတွေမျိုး အဲ့ ဒီ့ ၁ကြွင်းမွေးတွေမှာ လာခံစားရပါတယ်..အော့ ကြောလန်ဖြစ်သွားတာ၊ လူဆိုးဂုဏ်ရတာ၊ အမှု့ တွေဖြစ်လွယ်လာတာ.အသရေပျက်တဲ့ ဘ၀၊ မကောင်းသတင်းနဲ့ ကျောဇောတာ၊ မဟုတ်တာ အကုန်လုပ်တော့ တာ.နိုးအရှက် ၊ သူတစ်ပါးရဲ့ လုပ်ကြံခံရတာမျိုးတွေ ကြုံလာရတတ်တဲ့ သဘော...။
သူညကြွင်းမွေးတစ်ယောက်ဟာ ငါ့ စိတ်အတိုင်းငါလုပ်မယ် ဒေါသကြီးတာကို မထိမ်းချုပ်နိုင်ရင်၊ အထူးသဖြင့် ကိုယ့် ကြောင့်  မိသားစုတွေ ပတ်ဝန်းကျင်ကို စိတ်ဆင်းရဲစေအောင် အလွန်အကျွံပြုမူနေမယ် စိတ်ပုပ်မယ် ဆိုရင် သုညကြွင်း အထွန်းအိမ်က သောကြာဂဏန်း ဟာ မရဏအိမ်ကိုပြုတ်ကျ သွားပါတယ်...အဲ့ ဒီ့ အခါ အဲ့ ဒီသုညကြွင်းမွေးဟာ..သောကြာနံပရိယာယ်သဘော ဖြစ်တဲ့ ခရီးစကားလှုပ်ရှားမှု့ တွေသဘောတွေအရ တိုးတက်ကြီးပွားမယ့် လမ်းကြောင်းတွေနှေးကွေးသွားမယ် ပိတ်ဆို့ ခံနေရမယ် စကားတွေမဆိုးတော့ ဘူး သွေးရောဂါတွေ ၀င်လာလွယ်မယ် မတော်တဆမှု့ တွေ ဖြစ်လွယ်လာပါမယ်..
ဒီလိုပါပဲ ၂ကြွင်း ရဲ့ အတွေးတွေဟာသိပ်အစွန်းရောက်ပြီးတဇွတ်ထိုးအလွန်ဆန်လာရင် ၅ကြွင်းရဲ တနင်္ဂနွေ မရဏသဘာဝ အဆိုး တရားတွေလိုသဘောကြုံ လာလိမ့် မယ်လို့ သတိပေးတဲ့ သဘော..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..