လာခြင်းကောင်းခြင်း မကောင်းခြင်း
-----------
ဗေဒင်အလုပ်သဘောရဲ့ လက်တွေ့ ခွင်တွေက မလုပ်မိခင်က ထင်သလို ဒီလောက်မရိုးစင်းဘူး..စာတွေအဖတ်များထားလို့ သာလို့ ဆိုရမလိုပါပဲ ပြဿနာဆိုတာ
မရိုးရဘူးဆိုသလိုပဲ..
လူတွေက ကိုယ့် ဖီလင်နဲ ကိုယ်ချည်းသဘောရှိတယ်...ကလေးတစ်ယောက်ကို အမည်ပေးရင် ဇာတာက ဘုန်းကြီးဖြစ်မယ့် ကလေး သီလရှင်လေးဖြစ်မယ့် ပုံလို့ ပြောရင် စာအလိုရတို့ ဘာသာရေး ခရေဇီတွေတစ်ချို့ ကတော ၀မ်းသာကောင်းဝမ်းသာပြမယ် လက်တွေ့ မှာတော့  နောက်ပြောလေးထောက်ကြည့် တာတောင် ၀မ်းသာသလို မဖြစ်တဲ့ အပြင်
ဟင် တွေဘာတွေဖြစ်ပြီး တကယ်ကြီးလားလို့ ဖြုံသွားတာ မိဘတွေ အတော်များများတွေ့ ခဲ့ ရလို့ ဘုရားအဖေ သူ့ သားကို ဘုရားမဖြစ်စေချင်ပဲ ရှင်ဘုရင်ပဲဖြစ်စေချင်တာ ဟုတ်လောက်တယ်လို့ တွေးကြည့် လို့ ရတာပေါ့ 
နောက်တစ်ခါ ကံတွေရဲ့  လှည့် စားချက်တွေ သွယ်ဝိုက် ရစ်ချက်တွေဆိုတာလည်း ဓမ္မစာတွေ အရ ကြိုသိထားလို့ သာ ခေတ်ပြဿနာတွေကို ရှင်းရလွယ်နေတာ...မိဘတွေတစ်ချို့ က သူတို့ မွေးလာမယ့် ခလေးက မိဘဆီကို ကောင်းကျိုးတွေ သယ်လာမှာလား မကောင်းကျိုးတွေ သယ်လာမှာဆိုတဲ့ မေးခွန်းတွေကို လူလောကထဲ မရောက်လာသေးတဲ့ ခလေးကို ရမယ်ရှာ ကြိုမုန်းနေမှာစိုးလို့  ကောင်းကျိုးပေးမယ်လို့ ပြောရင် ဘုရားစင်တင် ကိုးကွယ်ထားမှာလား မကောင်းကျိုးတွေ သယ်လာမယ်ဆိုရင် ကိ ပစ်လိုက်မှာလားလို့ ဘုတွေတောပစ်ခဲ့ ရပေမယ့်  ကလေးရဲ့ ကံအရှိန် ကောင်းမှု့ ဆိုးမှု့ ကလည်း ကံတူအကျိုးပေးတွေ စုမိတတ်တဲ့ သဘာဝဓမ္မ သဘောအရ မိဘတွေအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု့ တွေရှိတယ်ဆိုတာ ဓမ္မစာပေတွေထဲက ဘ၀ အဖြစ် အပျက်တွေမှာ တစ်ပုံကြီးပဲ
ဆိုပါတော့  ဘုရားဟာ ကောင်းသောလာခြင်းသဘောက လောကအတွက် လူဖြစ်လာတဲ့ သဘောနဲ့  ဘုရားဆိုတဲ့ ကလေးနဲ့ ဖွားဘက်တော်တွေထဲမှာ ရွေအိုးကြီး ၄ လုံးပေါ်လာပေးတာမျိုးဆိုပေမယ့်  ဘုရားအဖေဘက်က ပုထုဇဉ် လူလိုကြည့် ရင် ဘုရားကို မွေးပြီး မကြာခင် ဘုရားအမေဖြစ်တဲ့ 
သူ့ အချစ်ဆုံးမိဖုရား ကြင်ယာတော် ကွယ်လွန်သွားလို့  ဘုရားအဖေအတွက်တော့ ဘုရားဆိုတဲ့ ကလေးဟာ လောကုတ်ထောင့် ကဆိုရင် ကောင်းသောလာခြင်းဆိုပေမယ့် သူတို့ လင်မယားတွေ အတွက်သဘောဆို လောကီထောင့် ကကြည့် ရင် ကောင်းသောလာခြင်းလို့ ဆိုရ
ခက်မယ်ပေါ့ ...
နောက်တစ်ခါ ဘ၀သံသရာက ၀ဋ်ကြီးလို့  မွေးလာကတည်းက ဖယိုဖရဲတွေဖြစ် ရဟန္တာဘ၀ဖြစ်လို့ ဆွမ်းခံကြွတာတောင် ဆွမ်းလုံလောက်အောင် မရလို့ ခါနာတစ်နပ်ကို ၀အောင်
မဘုဉ်းပေးရတာကို ဘေးက ရဟန္တာကြီး လက်ယျာရံက သနားလို့  အတူတူခေါ်သွားပေးတော့  လက်ယျာရံ ကိုယ်တော်ကြီးပါရောဆွမ်းနဲသွား နောက်တော့ သူ့ ဟာသူကြွဆွမ်းရ ပြန်ရောက်တော့ 
ဆွမ်းခွဲပေးတော့ လည်း ၀ဋ်ကြီးလှတဲ့ ကိုယ်တော်လေး သပိတ်ထဲ ဆွမ်းမရောက် အဲ့ မှာ ကိုယ်တော်လေးက အာဟာရက တစ်စတစ်စပြတ်လာပြီ ရဟန္တာမို့ သာ လောကဓံတွေ သံသရာဝဋ်တွေကို သီးခံနေနိုင်တာမျိုးပဲ
နောက်တော့ လက်ယျာရံ ကိုယ်တော်ကြီး ကိုယ်တိုင် လက်နဲ့  ခွံ့ ပေးမှ အဲ့ တစ်နပ်သာ ၀အောင် ဆွမ်းဘုဉ်းပေးလိုက်ရပြီး ပရိနိဗ္ဗာန်ဓါတ်ယူသွားတော်မူရတယ်ဆိုတဲ့ ဇာတကမှာ ကံတွေရဲ့ အရှိန်ဟာ ဘယ်လောက် အံ့ သြစရာကောင်းလဲ ကိုယ့် အကုသိုလ် အရှိန်က ဘေးကမဆီမဆိုင် လူကိုပါ အရှိန်ရိုက်ခတ်နိုင်တဲ့  သဘောပေါ့ 
ဇာတက တစ်ခုမှာဆို အဲ့ ကလေးကို ကိုယ်ဝန်စဆောင်ကတည်းက မိဘတွေမှာ စဒုက္ခရောက်၊ ဒါနဲ့ တင်မပြီးသေး အဲ့ ကလေးမိဘတွေနေတဲ့ ရွာပါ ဒုက္ခတွေ ထူးခြားဆိုက်ရောက်လာ ။ တရားခံရှာတဲ့ အနေနဲ့  ရွာအိမ်တွေကို အစုခွဲတော့  ကလေးကိုယ်ဝန်ရှိတဲ့ မိဘတွေအစုသာ ကွက်ပြီးဒုက္ခတွေရောက် ကလေးမိဘတွေ မရှိတဲ့  အစုက နဂိုအတိုင်းပြန်ဖြစ် ဒါနဲ့ နောက်ဆုံးတော့ အစုတွေ ခွဲရင်းက ကလေးမိဘတွေတစ်အိမ်ထဲ ငေါင်းစင်းစင်းကျန် ဒီတော့  ရွာကနေ နှင်ခံရပြီပေါ့ လေ...ကလေးရဲ့ သံသရာက ၀ဋ်ကြွေးက သူ့ ကို ကိုယ်ဝန်ဆောင်တဲ့ အမိအဘတွေဆီပါ ကံအရှိန်လာရိုက်နေတာမျိုး...
လူ့ လောကမှာလည်း ဒီလိုသဘောတရားတွေ အများကြီးတွေ့ ခဲ့ ရတယ် ဘယ် လောကီနည်းတွေနဲ့ တွက်တွက် ကိုယ့် ကံက ဒီလောက် မညံ့ ပေမယ့် ကိုယ်မှန်းသလောက်ဖြစ်မလာတာတွေက အများကြီးပဲ အဲ့ မှာ အတော်ခေါင်းခြောက်ရတယ် မမြင်နိုင်တဲ့ ဘယ်လို ကံတရားတွေက ပိတ်ဆို့ ထားနေသလဲပေါ့ .
..ဒါကို ရှေးစကားကပြောပုံ တုံးတိက ခြေ ၂ချောင်း မကယ်ကောင်းတို့  လူ ကယ်တာကြည့် ကယ် ကိုယ်ပါ ရောမြုတ်နေမယ်တို့  စသဖြင့် တင်မကဘူး အကယ်ကောင်းတာ ကိုယ်ပါရော ဆွမ်းငတ်နေတတ်တယ် သတိထားတွေ ဘာတွေအထိ ဖြစ်လာသေးတယ်
ဒါပေမယ့်  ဇာတကတွေက ဘယ်လိုလာစေ အတွေ့ အကြုံတွေက ဘယ်လိုရှိစေ ဒီလို ကံ သဘောတွေ ကိုတော့  ကလေးမိဘတွေကို ချပြောလေ့ မရှိပဲ မိဘက သူတို့  ထူးခြား အဆီအငေါမတည့် နေတာ ကလေးကြောင့် လားလို့  သရိုးသရီတွေလာပြောလည်း ကလေးမှာ ဘာအပြစ်မှမရှိဘူးလို့ ပဲ ဖင်ပိတ်ပြီး ပြောပေးလိုက်တတ်တယ် ကလေးမှန်သမျှ သနားစရာတွေချည်းလို့ စိတ်က ခံစားနေတတ်လို့ ပဲ..ပြီးတော့  ကလေးတွေကို ဘာကြောင့် နဲ့ မှ ဘ၀တစ်သက်တာအတွက် စိတ်ဒဏ်ရာ ရမသွားစေချင်ဘူး....ပြီးတော့  ဒီလို ကံ သဘောတွေရှိပါသေးလာဆိုတာ ဓမ္မစာပေတွေဖတ်အားများတွေးပေးအားများမှ စိတ်ဖြေရာတွေ ရနိုင်တာမျိုးပဲ.
အယူအကောက်လွဲသွားလို့ လောကအကြောင်း ကံအကြောင်း သံသရာအကြောင်းတွေ ဘာမှမသိတဲ့ ကလေးကို သွားရစ်ရင် ကိုယ့် မှာ တာဝန်မကင်းသလိုဖြစ်သွားနိုင်တယ်
ဒီလို ဘက်စုံကတွေးဆပြီး အဆင်မပြေဘူးဆို ဘာလို့ အဆင်မပြေတာလဲကို ထောင့် စိလိုက်တွေးတောပေး လိုက် ရှာပေးရတာမျိုးလည်း ရှိတာမျိုးပါ တရားခံတွေပေမယ့် မပြောသင့် တာ
မပြောတော့ ပဲ ဒိုင်လျိုလေးသာ သွယ်ဝိုက်ယတြာတွေပေးလွှတ်ရတာမျိုးလည်းရှိပါတယ်
အသေးအမွှားသဘော ခဏခဏကြုံရတာက ယောက်ျားက ဂြိုလ်ကောင်းလို့  စီးပွားဖြစ်ထွန်းရမယ့် အချိန်မှာ မှန်းသလိုမဖြစ် ဖယိုဖရဲတွေဖြစ်နေတာ ဘာကြာင့် လဲ လိုက်တွေးတော ရှာလိုက်တော့  သူ့ မိန်းမရော သူ့ ကလေး တွေပါ သက်ရောက်ဆိုး တစ်ခြမ်းစောင်းထဲကျနေတာမျိုးဖြစ်နေတယ်
သဘောက မိသားစု ၅ယောက်မှာ တစ်ယောက်ထဲချွန် ကံသာနေပေမယ့်  အဲ့ ကံသာနေတဲ့ သူကို ၀ိုင်းမှီနေတဲ့ ကျန် လေးယောက်ကံက ကျွမ်းပစ်နေတဲ့ ကံ ဖြစ်နေရင် ကံသာနေတယ်ဆိုတဲ့ လူလည်း တပွေတည်း ၅ယောက်စာ ဒိုင်ခံ ရုန်းနေရတာ မနိုင်တော့ ဘူး သဘောမျိုးပဲ အဲ့ အခါမျိုးမှာ သူ့ မိန်းမကို ယတြာတွေနဲ့ ကာပေးလိုက်မှ အဲ့ ယောက်ျား အသက်ရူချောင်သွားတာမျိုးတွေလညိးအများင်္ကြးကြုံခဲ့ ရတယ်
သဘောကတော့  မာယာများ ပရိယာယ်များပြီး သိပ်ရှုတ်ထွေးတဲ့  ကံပိုင်းတွေကို ထည့် မတွေးရင် ဗေဒင်ယတြာလုပ်ရတာ ချာရပတ်တွေ ရမ်းနေတတ်တယ်ပေါ့ လေ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..