စကား..
-----
စကား
တရားလည်း ရနိုင်တယ်
ဓားမအသွားလည်း ဖြစ်နိုင်တယ် ။
တရား
^_^.^_^
တရားမရသေးတာက
ငရဲမကျနိုင်သေး...
တရားကို လွှင့် ပစ်လိုက်တာ
တရားကို တလွဲလုပ်တာ
တရားကို တက်နင်းတာ
တရားကို ဓါတ်တိုင်မှာကြိုးနဲ့ တုတ်တာ
တရားကို နံပတ်တုတ်တွေနဲ့ ရိုက်တာ
တရားကို သေနတ်ဒင်နဲ့ ထုတာ
တရားကို မီးလောင်ဗုံးနဲ့ ပစ်တာ
တရားကို ဘူဒိုဇာနဲ့ ဖြိုတာ
တရားကို အမှု့ ဆင်တာ
တရားကို ထောင်ထဲထည့် တာ
တရားကို လာဘ်ထိုးလိုရာခိုင်းတာ
တရားကို စင်ပေါ်တင်ဆဲတာ
တရားကို ခုတုံးလုပ်တာ
တရားကို........
စသဖြင့် စသဖြင့် တွေက
ငရဲသို့ ကျ
ယောယုဝနဲ့ မဟာအ၀ီစိကြား
ပြာနာတိပြာတာ ဖြစ်သွားနိုင်လေသည်။ ။
ခရီးသည်ကြီး
---
''မိုးစွေ အုံ့ ခါ
ရွာတုံ သာလှ ''
လှချင်ရင်လှ
မလှချင်နေ
ကံစေရာလျှောက်
ရောက်ရာပေါက်ရာ
လျှောက်လာခဲ့ ရင်း
ဖြတ်ကနဲလေး
တွေးမိလိုက်တာ.....
''အင်းးးးးး.....
အာလူးပူရီ ပူပူလေး နဲ့ ဆိတ်သားကင်ချောင်းလေး
သံပြာသီးလေးပွတ်ပြီးဝါးတီးဖွင့် ရရင် ကောင်းမှာပဲ..''..လိုစ့် ..ခ်ခ် ။
'''ကုန်သည်ကြီး အလှု ''
-------
ဘယ်နေရာကို လှုရင်
ပိုမြတ်တယ်ဆိုတော့ 
ပိုမြတ်နိုင်တဲ့ နေရာ
ပိုလှုဖြစ်ပါတယ် ။ ။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..