Powered By Blogger

Wednesday, July 15, 2015

စိတ်

စိတ်
---
အခြေအနေတစ်ခုထဲကိုပဲ ကိုယ် စိတ်ပူတာကို သူက သူ့ ဘ၀အတွက်ကြတော့ အပျော်ဖြစ်သွားတာမျိုးတွေ တစ်ပုံကြီးပဲ..
..ဒါကြောင့် တစ်ခါတစ်လေ ဗေဒင်နဲ့ ပုံမှန်သဘာဝအရ မကောင်းဘူးလို့ ထင်တဲ့ အရာတွေဟာ တစ်ချို့ တွေအတွက် ကောင်းတယ်လို့ ဖြစ်လာတတ်လို့  အကောင်းအဆိုးသဘောတောင် ပုံသေ စကားဆိုရခက်တယ်လို့ ဆိုနေတာပါ



၆ ကြာသာပတေးသမီး ဗိုလ်မှုးမိန်းမ  သူလာတော့  အင်္ဂါ သက်ရောက် အသက် ၄၆နှစ် ဒီတော့ ဒေါသတရားတွေအကြောင်းပြောရင်းက အိမ်ထောင်ရေးပါထိခိုက်တတ်တဲ့ အကြောင်း တစ်ချို့ ဆိုကွဲတောင်သွားတာမျိုးရှိတဲ့ အကြောင်းပြောတော့  အဲ့ ဗိုလ်မှုးမိန်းမက အခုလာတာလဲ အိမ်ထောင်ရေးကိစ္စပဲ  ပြီးခဲ့ တဲ့ လကပဲ ကွာပစ်ခဲ့ ပြီ အခုက ပစ္စည်းခန်းကိစ္စနဲနဲကျန်လို့  သူ့ လူက အိမ်ထောင်ကျပြီး သိပ်မကြာဘူး နှိပ်စက်တာကျမလည်းသီးခံနိုင်သမျှ သီးခံခဲ့ တာ ဆယ်နှစ်မကဘူး..လက်တွေပါ ပါလာတယ် နောက်စမောပါဆွဲသေးတယ် ဒါလည်းကျမလိုက်ရှင်းပေးခဲ့ သေးတယ် အခုတော့ ဘယ်လိုမှ ရှေ့ ဆက်သွားလို့ မရတော့ လို့ ကျမကိုယ်တိုင်ကွာရှင်းပစ်ခဲ့ တာ သူကလည်း လွယ်လွယ်နဲ့ လက်မှတ်ထိုးပေးတယ်အခုမှ ကျမဘ၀ ငရဲခန်းကလွတ်တာ အခုတော့  ကျမဘ၀ အေးဆေးဖြစ်ပြီးစိတ်ချမ်းသာသွားပြီ ကျမမှာ ပညာရှိတယ်ပညာနဲ့ အလုပ်လုပ်ပြီးရပ်တည်နိုင်တယ်ဆြာတဲ့ ....

ကျနော်ကတော့  ငုတ်တုတ်လေးထိုင်ကြည့် နေရတာပေါ့  စောစောက ၀မ်းနဲပေးမလားလို့ ကြံနေတာ သူက သူ့ အိမ်ထောင်ပျက်သွားတာကို ပြောရင်းပြောရင်းက  ရီလို့ မောလို့ ဆိုတော့ လေ...

အများကြီးပါပဲ သူများရဲ့ စိတ်က အကြောင်းအရာတစ်ခုကို ဘယ်လိုခံစားလိုက်သလဲဆိုတာ အပြတ်ပြောရမလွယ်တာ တစ်ချို့ အဖြစ်တွေဟာ သမိုင်းနဲ့ ချီဖြစ်လာတဲ့  ခံစားချက်တွေကနေဖြစ်လာတာ မမြင်ဘူးတဲ့  သက်ကြီးသူဖုန်းစားတစ်ယောက်နောက်ခံရာဇ၀င်မသိခင် သနားမိသလောက်
အဲ့ သက်ကြီးသူဖုန်းစား နုစဉ်အခါက ဘယ်လောက်တောင် ဟော့ ရမ်းဆိုးသွမ်းခဲ့ ကြောင်း ရာဇ၀င်အူပေါက်သိလိုက်ချိန်မှာ ဆက်သနားရ ခက်သွားရတာတွေ က လောကမှာ တစ်ပုံကြီးပဲ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..