Powered By Blogger

Wednesday, June 10, 2015

ရီဝေညချမ်း သုခကမ္ဘာ


ရီဝေညချမ်း သုခကမ္ဘာ
----------
ရေရှည် ကြရင် ခိုင်မာတဲ့  ကံသတ္တိိအကျိုးပေး ဖြစ်လာတယ်ဆိုတာ  နေ့ တဓူဝပြုမြဲ အကျင့် က ဆယ်စုနှစ်တွေနဲ့  ချီပြီး ကြာလာတဲ့ အခါဖြစ်လာတဲ့   ခိုင်မာတဲ့  ကံ သတ္တိကြီး ဖြစ်လာတဲ့  သဘောလို့  ကျနော်က ကိုယ့် ဖြတ်သန်းမှု့ တွေကနေ  ထုတ်ယူလိုက်ပါတယ်...

ပုံမှန်သိသဘောက နေ့တဓူဝ ပုံမှန် ကောင်းမှု့ လုပ်ဖြစ်နေတဲ့ သဘောပေါ့  ဥပမာ နေ့စဉ်ဝတ်မပျက် ဆွမ်းလောင်းတာ ပုတီး ပုံမှန် စိတ်နေတာ..စသဖြင့်  ကုသိုလ်ရေးတွေပေါ့ ကြာတော့  ခိုင်မာတဲ့ ကုသိုလ်ကံကြီးတစ်ခုဖြစ်လာတယ်ပေါ့ .ဆန့် ကျင်ဘက်သဘောကနေတွေးရရင် ၀က်သတ်သမားတစ်ယောက်ဟာ မနက်တိုင်း ၀က်ကောင်ရေ အများကြီးကို စူးတစ်ချက်ထဲနဲ့ တစ်ခါထိုး တစ်ကောင်သေ သတ်ပေးနေတာ ဆယ်စုနှစ်တွေနဲ့ ချီပြီး ကြာလာရင်လည်း ခိုင်မာတဲ့  အကုသိုလ်ကံ သတ္တိကြီးတစ်ခုဖြစ်လာတာပါပဲပေါ့ ...



ဒီလိုနေ့ တဓူဝကောင်းမှု့ ရဲ့ အကျိုးပြန်ပြုမှု့ ဟာ သတိမထားမိ နိဂုံးဆွဲမယူမိတတ်ရင် အကျိုးပေး မထင်ရှားသေးသယောင်ယောင်ထင်ထားတတ်ကြလေ့ ရှိပြီးခပ်ပေါ့ ပေါ့ သာ သဘောထားမိလေ့ ရှိပါတယ်...ဒါပေမယ့်  ဘ၀တစ်ကွေမှာ တွေးခေါ်မျှော်မြင်လို့ မရတော့ လောက်အောင် ချောင်ပိတ်သွားပြီးဆိုတဲ့ အခါမျိုးတွေမှာ ရှေးကတည်းက ပုံမှန်လုပ်လာတဲ့  ကောင်းမှု့ တွေရဲ့ ကံသတ္တိက အဲ့ တော့ မှ ပေါ်လာပြီး ဖြတ်ကနဲဆို အကျိုးထပေးပါတော့ တယ်..ဒါကို ကိုယ်တွေ့ တစ်ခုအရပြောရရင် ...

နာဂစ်မွှေသွားလို့ အရာရာ ဘရိပ်ဖြစ်သွားပြီး စားစရာမှန်သမျှဈေးတက် ရှားပါးဖြစ်သွားရင်က ဧရာဝတီကနေ ဆန်တွေပါ ဒေသကျော်မယူရသေးဘူးလို့ ကန့် သတ်လိုက်တဲ့ အခါ...ကျနော်တို့ အိမ်မှာ ဆန်လက်ကျန်တော်တော်နဲသွားချိန်ဖြစ်နေပါတယ်..မတရားကြီးမြင့် နေတဲ့ ဆန်ကိုဝယ်ရမှာလည်း အစာမကြေပါဘူး..

အဲ့ အချိန်မှာပဲ..ကားတစ်စီးနဲ့ လာပို့ တာက...ဆန်အိပ်တွေ ၁၀ အိပ်ပါ...ဖရီးကိုပို့ ပေးလိုက်တာဖြစ်ပြီး ဆွမ်းလောင်းကွမ်းလောင်းတွေလည်းရှိလို့ အပြင်  စားဖို့ အတွက်ပါဆိုပြီး ဆန်ကုန်သည်မိတ်ဆွေတွေက ဆန်မပြတ်ရအောင် ပို့ ပေးလိုက်တာပါလို့ ဆိုပါတယ်...မောင်နှစ်မတွေဝမ်းသာအားရ သောကတွေ နဲသွားတုန်းထပ်ရောက်လာတာက သီရိမင်္ဂလာဈေးက ဂေါ်ရခါးသီးရွှေဖယုံသီး ခါချက်ဥ ပိန်းဥ ကိုက်လန် သခွား ငရုပ် ရှောက်သီးပဲသီး ဘိုစားပဲ စသဖြင့်  ဟင်းသီးဟင်းရွက်အမယ်စုံတွေ တောင်းလိုက်ပါပဲ....ဟားးးး..ဆွမ်းလောင်းဖို့  လူတွေစားဖို့ အိုကေပြီ...ဘာမှမလိုတော့ ဘူုးပေါ့ ဗျာ...ဒါဟာ နေ့စဉ် ထိုင်ကိုယ်တော်တွေကို ဆွမ်းလောင်းရတဲ့ ရေရှည်ကုသိုလ်ရဲ့ အကျိုး...အပတ်စဉ်တောဖိတ်မြို့ ဖိတ် သီလရှင်တန်းတွေကို တစ်ဇွန်းဆန်လောင်းလှုရတဲ့ အကျိုးက ဒီလိုချောင် ပိတ်သွားချိန်မှာ တွေးမထား မျှော်လင့် မထားမိတဲ့  နေရကနေ ဗြုံးစားကြီး အကျိုးပြန်ပေးသဘောပါပဲလို့ ယုံကြည်ရပါတယ်...

အကုသိုလ်သဘောမှလည်းဒီလိုပါပဲ အတိတ်ကံသာတုန်း နေ့ တဓူဝပြုမြဲ အကုသိုလ်တစ်ခုရဲ့ ဆိုးကျိုးက ချက်ချင်း ထ အပြစ်မလုပ်ပေမယ့်  ဘ၀တစ်ကွေ့ မှာ ချောင်ပိတ်သွားတဲ့ အခါ ကယ်သူမဲ့ ကူသူမရှိ မသိယောင်ဆောင်သွား သတိအထားမခံရနဲ့ ထွက်ပေါက်ကိုမရှိတော့ လောက်အောင်ကြုံတွေ့ ရတတ်တာ အများကြီးမြင်ခဲ့ ရပါတယ်...နေ့စဉ် ပြုမြဲ အကုသိုလ်တွေများလာတဲ့ သူတွေ တစ်ချို့  ဒုက္ခရောက်ချိန်မှာ လူတွေဟာ သူတို့ ရဲ့ ဒုက္ခကို သနားစိတ်ဝင်မလာတတ်တဲ့ အပြင် တစ်ခါတစ်လေ ကဲ့ တောင်ကဲ့ ရဲ့ လိုက်တာမျိုးတွေတောင်ဖြစ်သွားတတ်ကြတာတွေ့ နိုင်ပါတယ်..သူတို့ ရဲ့ အကုသိုလ်တရားလှိုင်းတွေကို ရောင်ပြန်တဲ့ သဘောပေါ့ ...

တစ်ခါတစ်လေ အရက်သောက်တာရဲ့  ဆိုးကျိုးဟာ ကံအလှည့် သင့် နေချိန်မှာ ရီဝေညချမ်း သုခကမ္ဘာ ဆိုပေသိ...နေ့ တဓူဝ ရက်ဆက် ဆယ်စုနှစ်တွေနဲ့ ချီပြီးသောက်လာပြီးမှ တစ်ခါတစ်လေ ကျမ္မာရေးမကောင်းတဲ့ အခါ သူများထက်ပိုခံရပြီး သူများလောက် နလံထ မမြန်တော့ တာဟာ နေ့ တဓူဝအပြုအမူ ရဲ့ သဘော ရောင်ပြန် (၀ါ) နေ့ တဓူဝ မကောင်းမှု့ ပြုခဲ့ လို့ သဘောလို့ မြင်နိုင်ပါတယ်...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..