Powered By Blogger
Sunday, May 24, 2015
ကံပဲ...
ကံပဲ...
--------
ဆက်ဆံလာတာတော့ ကြာပြီဗျ..သူက ၆ ကြာသာပတေး..လူလည်..အခု ၄၁ လောက်ရှိပြီ ကြာသာပတေးထဲမှာ ၃လပိုင်းမွေးမို့ ရာဟုလစိတ်ထဲမှာ..မိန်းမ စနေသမီး ရှိပေမယ့်  မိန်းမက ဥရောပမှာ နှင်လျှောအစီးကောင်းလိုက်တာ ချော်လဲရာကနေ မိန်းမကိစ္စပါ ဘရိပ်ဖြစ်သွားပြီး သားသမီးမရတော့ ဘူးဖြစ်သွားတယ်..
ဒီဘဲ ၄၁ ၀င်တော့  န၀င်းလာထိုင်တယ်..ပျောက်နေတာ စနေသက်ရောက် တစ်နှစ်လုံးပေါ့ ...အခုပေါ်လာတော့  သူ့ မှာ ငွေဂျမ်းဖြစ်နေတာ ကား ၁၃ စီး ရောင်းမထွက်ပဲ ပိုက်မိနေတာတဲ့  အရင်းရရင်တောင်လွှတ်မယ်ဆြာရယ်တဲ့  ...အဲ့ တော့ မှ န၀င်းလာထိုင်တဲ့  ရည်ရွယ်ချက်သိတော့ တယ်...ငွေတော်တော်ကျပ်နေလို့ ကိုးပေါ့ ...( ဂိုထောင်မှာ ရက်ကြာလာရင် ဘာခ ညာခ တွေ လည်ပင်ခိုက်လာပြီလေ...ခ်ခ်)
နောက်သုံးရက်လောက်ကြာတော့  ပြန်ရောက်လာပြီး တစ်စီးတော့ ထွက်သွားပြီ အဲ့ ဒါ ပွဲလာလှုတာတဲ့ ....အင်းပေါ့ ...အဲ့ ဒါ မပြီးဘူး သူ့ ဟာသူ ကားအကုန်လုံးအတွက် ပွဲလှုမယ်ဗျာ...တဲ့ ..ငင့် ....၆ ကြွင်းလောဘ အနန္တ......ခိခိ....အင်းလဲမပြော မလိုဘူးလည်း ပြောမနေတော့ ပဲ သဘောပါဗျားးးး...လို့ ...
ဟီးဟီး..အခု ပွဲ အလွတ်ချည်း ထိုင်ထွန်းပေးနေရသလို ဖြစ်နေပြီ..တစ်ရက်ခြား နှစ်ခြားတစ်စီး ရောင်းထွက်သွားလို့ တဲ့ သူ့ ကိုယ်ပိုင် စီးနေတဲ့ ကားပါ လာဝယ်လို့  မထူးဘူးဆိုပြီးရောင်းပစ်လိုက်တယ်တဲ့ ....ခွိခွိခွိ.....
ပါးစပ်က ပထမကားထွက်သွားရင် ပွဲတစ်ပွဲ လာထွန်းလိုက်ဆိုတာက သူ့ လစိတ် က ရာဟုလစိတ် ငွေဝင်ကံပေါ်တတ်တဲ့ လစိတ်ကို မြင်လိုက်လို့  ပြောလိုက်တာ....ဟီးဟီး...အဲ့ ဒီလိုပဲ တရုပ်တန်းက လူတွေနဲ့ အလုပ်လုပ်ရတာ အလုပ်ဖြစ်မယ်ဆို လက်တွန့် မနေတတ်ဖူးလို့ ...ကျနော်တို့ လူတွေများ..ပေးရပြီဟေ့ ဆို..နှမျောပြီး..လက်က ငိငိ နေတာပဲ...ကိုယ်ကအစ...ခ်ခ်ခ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..