မအေတွေရဲ့  အချစ်
------------
မအေတွေရဲ့  အချစ်ကလည်း ပကတိအနေအထားတွေကို အမှန်မမြင်နိုင်တော့ တာ ကိုယ့် သားသမီးမို့ မေတ္တာစိတ်နဲ့ လျှော့ ပေါ့ တွေးပေးတာတွေဖြစ်တတ်တယ်ဗျာ့ 
ဒဲ့ ထောက်ပြတဲ့ သူနဲ့ ကျမှ ကိုယ်တိုင်သိနေပေမယ့်  စိတ်ဘယ်လိုထားရမလဲကိုသိသွားတာများတယ်....
၉၄ဖွား ၄ကြွင်းသောကြာသား အခု ၁၉ နှစ်ပြည့် ၂၀ အ၀င်..သားက အူနီဘာစတီ မျာ ကျနေတာ ၂ နှစ်ရှိပြီတဲ့  ကျောင်းလဲမှန်မှန်သွားတယ်ဆြာရယ် စာလဲဖတ်သားပဲတဲ့ ..
ကျောင်းမှန် စာဖတ်မှတော့  ကျစရာအကြောင်း ဘယ်ရှိမလဲ..အိမ်ကထွက်သွားတာကျောင်းဆိုပေမယ့် ..သိတယ်မလား...အဲ့ ဒီ အူနီဘာစတီကျောင်းသားသဘာဝတွေပြောလိုက်မှ....ဟုတ်ပါတယ်ဆြာရယ်.တဲ့ 
ဒါနဲ့ ပြောရတယ် အစ်မသားက အရပ်သားစိတ်ဝင်နေပြီ..ကျောင်းပြီးတာ မပြီးတာတောင် သိပ်မျှော်လင့် ထားမနေတော့ တာကောင်းမယ်..အန္တရာယ်မဖြစ်ရင် အရက်သမားဆေးသမားမဖြစ်ရင် မိန်းမစောစော မရသွားရင် ကံကောင်းတယ်ပဲသဘောထားတော့ 
တစ်ခုတေ့ ကြိုပြောထားမယ်...၂၂ နှစ်မကျော်မချင်း မလေးရှားသွားချင်တယ်တွေ ဆိုင်ထောင်ချင်လို့  အရင်းအနှီးလေးထုတ်ပေးပါဆို နိုး ပဲ..ထုတ်ပေးလိုက်တာနဲ့  ဘာမှဖြစ်လာမှမဟုတ်ဘူး ကုန်တာပဲ အဖတ်တင်မှာ...ကျောင်းကိုစိတ်ကုန်ပါပြီ အလုပ်ပဲလုပ်ချင်ပါတော့ တယ်ဆိုရင် မိဘနဲ့ ဝိုင်းလုပ်ဝိုင်းစားတို့  သူများစီ အတွေ့ အကြုံယူတဲ့ လခစားတို့ တော့ ရမယ် အဓိကကတော့ ငွေထုတ်ပြီး စီးပွားမထူထောင်ပေးဖို့ ပဲ...စီးပွားထောင်ပေးချင်ရင် ၂၃ ကြမှ ပြန်စဉ်းစားပါ လို့ ပြောလိုက်တော့ ..
ဟုတ်ပါ့ ဆြာရယ် ကျမလည်းသူ့ မယုံလုပ် ထုတ်မပေးရဲဘူး ဟမ်းဆက်ဆိုင်ထောင်ချင်လို့ တဲ့ အရင်းအနှီးတောင်းနေတာ...
အခု ဆွေးနွေးခဲ့ တာဟာ လောကသဘာဝကို ဗေဒင်နဲ့ ရောပြောသွားတာပါဗျား...မအေက အသက် ၄၉ နှစ် ၆ကြွင်း ဗုဒ္ဒဟူးသမီးပါဗျား...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..