Powered By Blogger

Sunday, May 24, 2015

ဒါက ဒီလိုရှိတယ်လေ...

ဒါက ဒီလိုရှိတယ်လေ...
---------------
လင်လောင်းမွေးရက်က ၃၁၊ မယားလောင်းလေးမွေးရက်က ၄ရက် သူတို့ က စိနနွယ်လေးတွေဗျ...အဲ့ ဒါ မင်္ဂလာလက်မှတ်ထိုးမယ့် ရင်လာရွေးတယ်..ဧည့် ခံပွဲက ရက်ချိတ်ပြီးသား ၃၀ရက်နေတဲ့ ..
လင်လောင်းလေးက အသက် ၂၈ ၅ကြွင်းသောကြာသား...အင်္ဂါသက်ရောက်၊ မယားလောင်းလေးက သုညကြွင်းတနင်္လာသမီး..အသက် ၂၆ မရဏအင်္ဂါသက်ရောက်ထဲမှာ...

ဒီတော့  အားလုံးစီစဉ်ထားပြီးသားဖြစ်နေတဲ့ အပြင် သူတို့ လိုချင်တာ လက်မှတ်ထိုးတဲ့ ရက်ဆိုတော့ ...ပထမဆုံးက ၄နဲ့ ၈ ကိုရှောင်လိုက်တယ်ပေါ့ ....

ဒီတော့  ၂၆ရက်နေ့ မှာ မထိုးနဲ့  ၂ လုံးပေါင်း ၈ မို့ ...၊ ၂၈ ရက်က ၁လုံးထဲဖြစ်အောင်ပေါင်းရင်  ၁  မ ဂဏန်းနေ့  ကြာသာပတေးနေ့ မှာလက်မှတ်ထိုးပေါ့ ...

အိုကေ ဘဲလေးက အိုကေတယ် မဒီလေးက အဲ့ ၂၈ရက်က ပြက္ခဒိန်ထဲမှာ သမားညိုရက်ဆို...လို့ ဆိုလာတော့  ကျနော်က အဲ့ ပြက္ခဒိန်ထဲက သမားညိုတွေအဖြူတွေအမဲတွေ ရက်ရာဇာတွေ ပြဿဒါးတွေကို ကျနော်တို့ မယူဘူး လိုင်းမတူဘူး ကျနော်တို့ က ဒါနဲ့ ပဲသွားတာ..

တစ်ပတ်လုံးလုံးမှာမှ ကြာသာပတေးနေ့ လက်မှတ်ထိုး ဆိုတာ သောကြာသားရော တနင်္လာသမီးပါ အဲ့ နေ့ တစ်ရက်ထဲ ကံကြမ္မာလယ်ဘယ်ညီနေလို့  ဆိုပါတော့ ဗျာ ဗုဒ္ဒဟူးနေ့ မှာ လက်မှတိထိုးရင် တနင်္လာသမီးက သောကြာသာထက် ကံသာတယ်ပေါ့ ဗျာ...ဒီတော့  ဘယ်ကောင်းမလဲ လယ်ဘယ်မှကောင်းမှာပေါ့ ဆိုတော့ ..

အိုကေပြန်ရော...အဲ့ မှာ သာမီးတို့ က ၈ ကို ကံကောင်းတဲ့ ဂဏန်းလို့ ပြောတယ်ဆြာ လို့ ဆိုလာပြန်တော့  ကျနော်က အဲ့ ဒါက ပြည်မကြီးမှာဆိုဟုတ်တယ်..ဒါပေမယ့်  ဒေသမတူတာက ဒီဒေသမှာ ၈ က လူတွေအတွက် လောကီအတွက်ဆို အန်လပ်ကီးသဘောများတယ် ၈ က ဘာသာရေးဂဏန်းဖြစ်လို့  မကောင်းမှု့ လုပ်စားလို့ မရဘူး အကုသိုလ်နဲ့ အသက်မွေးလို့ မရဘူး လောင်းကစားတွေ ဘာတွေမရဘူးပေါ့ .
..ပြီးတော့  ဒေသတိုင်းမှာ သူ့ အစဉ်အလာယုံကြည်မှု့  ဖိအားရှိတဲ့  အဲ့ ဒါကို သွားဖိုက်လို့ မရဘူး..ဒါကြောင့်  ၈ က ပြည်မကြီးမှာလပ်ကီးဖြစ်ပေမယ့်  ဒီမှ အန်လပ်ကီးပဲ ဒီမှာနေရင် တတ်နိုင်သမျှ ၈ ကို သတိထားတယ်ပေါ့ ဗျာ...လို့ ဆိုမှာ အိုကေ ဖြစ်သွားပြန်ရောဗျား...

နောက်တော့ မှာ ဂြိုလ်အကြောင်း ရှင်းပြရင်း...ဧည်ခံပွဲပြီးရင် သောကြာသားက ၃၀မကျော်ခင်  တနင်္လာသမီးက ၂၈ မကျော်ခင် ၃ နှစ်အတွင်း သားသမီးမြန်မြန်ယူလိုက်ဖို့ ပါ ထည့် လမ်းကြောင်းလိုက်ရပါသဗျား...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..