Powered By Blogger

Sunday, May 24, 2015

''''Exodus ''' .နိုင်ငံတော်သစ်တစ်ခုမွေးဖွားလာခြင်း...




''''Exodus ''' .နိုင်ငံတော်သစ်တစ်ခုမွေးဖွားလာခြင်း...
--------
လူက ဘာတန်ခိုးမှမရှိတော့  တန်ခိုးတွေပြတဲ့  ကျမ်းတွေ စာတွေဆို အားကြီးသဘောကျသဗျ...၊ တန်ခိုးက ကိုယ့် ဘယ်ရှိမလဲ မကျေနပ်တဲ့ လူတွေဆို တန်ခိုးရှိရင် တန်ခိုးနဲ့ လိုက်သတ်ပစ်မှာပဲ ဆိုတဲ့ စိတ်မျိုး ရှိနေမှတော့ လေ..ဟီးး..

ကိုးတန်း ဆယ်တန်းလောက်မှာ ဘာသာပြန်တွေ အများကြီးထွက်လာတယ် ဘာပြောကောင်းမလဲ အင်း ပြောမကောင်းရင် မပြောနဲ့ လေ..အဟိ..အဲ အဲ့ မှာ ဘာသာပြန်တွေ မျိုးစုံ ဖတ်ရင် Exodus ..ဆိုတဲ့  ဘာသာပြန် စာအုပ်တစ်အုပ်ဖတ်မိရောဗျ...

ဗမာလိုပြန်ထားတာက နိုင်ငံတော်သစ်မွေးဖွားလာခြင်း သဘောလို့  ပြန်ထားတယ်.Exodus ခေါင်းစဉ် နဲ့  ဗမာလိုသဘောကိုက ဆွဲဆောင်မှု့ ရှိတယ်..အထဲကစာဖတ်တော့ လည်း လက်မချနိုင်လောက်အောင် စိတ်ဝင်စားစရာတော်တော်ကောင်းတယ်..

ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာစစ်မှာ မျိုးတုံးလုလုလည်း အသတ်ခံခဲ့ ကြရ ဥရောပမှာ ရုရှားမှာ အနှိမ်ခံ အနှိပ်ကွက်ခံနေရတာကနေ အဲ့ ဒီ့ ကမ္ဘာအရပ်ရပ်က ဂျူးမျိုးနွယ်တွေကို စုစည်းသတင်းပို့ ပြီး စွမ်းရည်ထက်မြက်တဲ့  ဂျူးခေါင်းဆောင်တွေက အစ္စရေးနိုင်ငံတော်သစ် စပြီးထူထောင်ဖို့  ကြိုးစားကြတဲ့  အကြောင်းကို ဇာတ်လမ်းဖွဲ ထားတာဖြစ်နေတယ်...



သိပ်စိတ်ဝင်စားသွားဆို အဲ့ ကာလက စစ်အေးခေတ် လက်နက်ပြိုင်ဆိုင်ပွဲတွေ ပွဲကြမ်းနေတဲ့ ကာလဖြစ်နေတာ စပိုင်တွေ အပြန်အလှန်စပိုင်အကြောင်းတွေ ယူတူးသလျိုလေယာဉ်ကိစ္စ ၀ါးတားဂိတ်ကိစ္စတွေ မော့ ဆက် အကြောင်းတွေ အများကြီး ဟော့ နေတဲ့  အချိန်ဆိုတော့  အစ္စရေးအကြောင်းဆိုစိတ်ဝင်စားသွားတဲ့ သဘောပေါ့ 

အဲဒီ Exodus ဆိုတဲ့ စကားလုံက သမ္မာကျမ်းစာထဲက ကဏ္ဍတစ်ခုရဲ့ စာလုံးဆိုတာ မသိသေးဘူး...နောက်မှသိတာ..ဒါပေမယ့်  အဲ့ ဒီ့ Exodus ဆိုတဲ့  အိပ်ဇိုးဒတ် ဆိုတဲ့ စကားလုံးကို သမ္မာကျမ်းထဲကအကြောင်းထက် နိုင်ငံသစ်ထူထောင်ဖို့  ကြိုးစားကြတဲ့  လူတွေအကြောင်း ဆိုပြီး သိပ်သဘောကျခဲ့ တာ..

အဲ့ ဒီ့  စာအုပ်ကစပြီး အိပ်ဇိုးဒတ် ဆိုတဲ့ စကားလုံးကို မြင်လိုက်ကြားလိုက်ရင် လမ်းသစ်ဖေါက်သူတွေ ဖိနှိပ်ခံနေရတာကနေ ရုန်းကန်ကြိုးစားသူတွေ ရဲ့  သတ္တိ ဗျတ္တိတွေ နိုင်ငံအတွက် စွံ့ ဝံ့ သူတွေ ရုန်းကန်ရဲတဲ့ ဇွဲတွေ စိန်ခေါ်သံတွေ တိုက်ပွဲခေါ်သံတွေ ကိုသာ သွားမြင်မိတော့ တယ်ပေါ့ လေ...

အဲ..အဲ့ စကားလုံးလေးနဲ့ အသံနီးစပ်တဲ့ စကားလုံးလေးလည်း အမှတ်တရ ဖြစ်မိသေးတယ်....အိပ်ဇိုးဆေး ဒုံးကျည်တဲ့  ကမ္ဘာ့  စစ်လက်နက်လောကမှာ အတော်နာမည်ကြီးသွားတဲ့  ဒုံးကျည်ပေါ့ ဗျာ.စစ်ပွဲမှာ တိုက်သင်္ဘောပေါ်တွေကနေ ပစ်လွှတ်တဲ့  အစွမ်းထက် ဒုံးပေါ့ ...ရေတပ်အင်အားကြီးနိုင်ငံတွေဆို အိပ်ဇိုးဆေး.ဆိုတဲ့ အသံကြားတာနဲ့ အတော်ကျွတ်သွားအောင် ဖျက်အားတွေ တိကျမှု့ တွေ မြန်ဆန်မှု့ တွေကောင်းသတဲ့ ဗျား

ချုပ်လိုက်တော့  နိုင်ငံတော်သစ်အတွက် စွန့် ဝံ့ သူ..နင်းပြားလူထုတွေအတွက် စွန့် လွှတ် ပေးဆပ်သွားသူတွေ လမ်းသစ်ဖေါက်ဝံ့ သူတွေ ကို ကိုယ်စားပြုသလိုဖြစ်နေတဲ့ '''' Exodus ''' ဆိုတဲ့  စကားလုံးလေးကို အတော်ဖီလင်လာဘူးတဲ့  အကြောင်းလေးပါဗျားးး..



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..