ဘ၀တစ်ကွေ့ ကြုံခဲ့ ဘူးတဲ့ ကျောင်းချင်း ရန်ပွဲ
------------------
စတိတ်ကျောင်းသားဘ၀မှာ ကျောင်းကျောင်းချင်း အကြီးအကျယ် ရန်ဖြစ်တာ ၃ ကြိမ်ကြုံခဲ့ ရတယ် ပထမအကြိမ်က ကျနော်တို့ ၅ တန်းလောက်မှာ စိန်ဂျွန်နဲ့  ဖြစ်တာ အဲ့ ရန်ပွဲက ကျောင်းသားကြီးတွေ ဖြစ်ကြတာဆိုတော့  ဘယ်ကစဖြစ်တာလဲ မမှတ်မိတော့ ဘူး
ဒုတိယအကြိမ်မှာတော့ စိန်ပေါနဲ့ ဖြစ်တာ အဲ့ မှာတော့  ကျနော်တို့ က ၈တန်း၉တန်းလောက်မှာ ၊ ပြဿနာက ကျောင်းပြေးအချင်းချင်း အပြင်မှာ ငြိကြတာ မပြီးပဲ စိန်ပေါက ကျောင်းသားတွေက ဘုရားလမ်းဘူတာရုံ ဖက်ကတက်လာပြီး ရထားလမ်းက ဂ၀ံကျောက်ခဲတွေ နဲ့  အပြင်ကားလမ်းမကနေ ကျောင်းဘော်လုံးကွင်းထဲကို လှမ်းပစ်ကြတာ
အဲ့ မှာဘော်လုံးကန်နေတဲ့ ကျနော်တို့ ကျောင်းကကျောင်းသားတွေက ကျောင်းထဲမှာ အဆောက်အဦးဆောက်ဖို့  ပုံထားတဲ့  အုပ်ခဲပုံထဲက အုပ်ခဲတွေ အဆင်သင့် ကောက်ခွဲပြီး ပြန်လိုက်ထုတော့  ရထားလမ်းဘူတာရုံထဲကနေ ဆင်းပြေးကြရော ။ မပြေးကြခင်
သူပစ်ကိုယ် နဲ့  ခဲစစ်ပွဲနွှဲနေကြတာ မိန်းကလေးကျောင်း စိန်မေရီနဲ့  ကျားကျောင်း ကျနော်တို့ စန်ထရယ် ဆိုတဲ့  လသာ၁ ကြားက ဘုရားလမ်းပေါ်မှာ အုပ်ခဲကျိုးအပိုင်းအစတွေ ဖွေးလို့ ပေါ့  ကားအသွားအလာတွေပါရပါသွားရော အဲ့ ပွဲမှာနဲနဲ ၀င်နွှဲလိုက်သေး ကျောင်းထဲကနေ အပြင်ကိုဂဲနဲ့ လှမ်းထုရတာဆိုတော့  အန္တရာယ်ကင်းတယ်လေ..။
အဲ့ မှာ နောက်တော့ ဟောခန်းထဲ ကျောင်းသားတွေစုခေါ်ပြီး အကြိမ်းခံရသေးတယ် တိုင်းပညာဝန်ကလာကြိမ်းတာ ။ တတိယအကြိမ်ကတော့  ကျောင်းသားအားကစားပွဲတော်ကစခဲ့ တာ အဲ့ မှာတော့  ကျနော်တို့ က ၁၀တန်းရောက်နေပြီ အဲ့ မှာတော့  ကျောင်းသားကြီးဖြစ်နေပြီဆိုတော့  ရန်ပွဲတွေမှုာ ပါဝင် တက်ကြွသူပေါ့ လေ စာချိုးမဟုတ်တော့ လေ ၊
ကျောင်းသားအားကစားပွဲတော်မှာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွေပါတော့  ကျနော်တို့ ကျောင်းက အခြေအနေကောင်းပြီး ရှုံးထွက် အဆင့် ကို အောင်ဆန်းကွင်းမှာ သွားကစားရတယ် အဲ့ မှာ ဆုံတာက ကြည့် မြင်တိုင်က စတိတ်ကျောင်းနဲ့ ဆုံတယ် အဲ့ တုန်းက ကျောင်းလက်ရွေးစင်တွေက အကောင်ကြီးတွေများတယ်စာမေးပွဲတဖုံးဖုံးကျပြီး နောက်တော့  ကျောင်းထွက်သွားတဲ့ သူတွေကို
ကျောင်းသားစားရင်းပြန်သွင်းပြီး ကျောင်းလက်ရွေးစင်တွေ လုပ်တာမျိုးလည်း အကြံအဖန်တွေလည်း ရှိခဲ့ တယ် ၊ အဲ့ မှာ အကောင်ကြီးချင်း ထိပ်တိုက်တွေ့ တော့  တာပါပဲ
နှစ်ဖက်စလုံးက ခြေရည်တူနေလို့ ပွဲကကြမ်းလာတယ် အလဲလဲ အကွဲကွဲတွေပေါ့  ဘောပွဲက ဘောပွဲနဲ့  မတူတော့ ပဲ စစ်ပွဲလိုပဲ ကျနော်တို့ တွေလည်းအော်ရတာ အသံကို ပြာနှမ်းနေပြီ အဲ့ မှာ ဒိုင်က ကြည့် မြင်တိုင်ဖက်ကနေ သာသာထိုးထိုးလေးလိုက်သလို ဖြစ်လာတယ်ပေါ့  အဲ့ မှာ ကျနော်တို့ ကျောင်း ကပ်ရှုံးရော အဲ့ မှာ ပေါက်ကွဲတော့ တာပါပဲ
ပေါက်ကွဲပုံကကြည့် မြင်တိုင်က ကျောင်းသားဘတ်စ်ကားတွေ ဘောသမားတွေ အောင်ပွဲခံလာတဲ့ 
ဘစ်ကားတွေကို လေဟာပြင်ဈေးထိပ်ကနေ စောင့် ပြီး ခဲနဲ့ ထုကြတာ မှောင်နေပြီဆိုတော့  တရားခံရှာရတာခက်တယ်ဆိုပေမယ့်  ဘယ်ကျောင်းက ကျောင်းသားတွေလက်ချက်လည်းဆိုတာ အကုန်သိနေတာပါပဲ သူတို့ လည်း ကားတွေမောင်းပြေးကြတော့  ရုပ်ရုပ်သဲသဲတွေ ဖြစ်ကုန်ရောပေါ့ လေ။
အဲ့ ဘောပွဲရှုံးလို့  ဖြစ်လာတဲ့ ဒေါသက အဲ့ မှာမပြီးဘူး....နောက်နေ့ ကြတော့  ကုက္ကိုင်းက ဘတ်စကက်ဘောကွင်းမှာ မိန်းကလေးကျောင်းတွေပြိုင်ပွဲရှိတယ် လာသာ ၂ နဲ့  ကြည့် မြင်တိုင်ဆိုပြီး သတင်းရောက်လာတော့  ငါတို့ မြို့ နယ်က ကျောင်းသူတွေဆိုပြီး သွားအားပေးမယ်ဆိုပြီး အတန်းကြီး
တစ်ကျောင်းလုံး လိုလို ထွက်လိုက် လာကြရော အငယ်တန်းလေးတွေပဲကျန်ခဲ့ တော့ တယ် ဆရာကြီးတို့ ဆရာဆရာမတွေလည်း မနိုင်တော့ လို့ ဆရာတစ်ချို့ ပါထွက်လိုက်လာကြရော ၊ မနေ့ က ဘောပွဲရှုံးတာက တင်းနေကြတာပေါ့ လေ။
အဲ့ မှာ ဟိုရောက်မှ သိလိုက်ရတာ လသာ ၂ နဲ့  ကစားရမှာက ဒဂုံ ၁ ကျောင်းသူတွေ ဒါပေမယ့်  မပြန်ကြတော့ ဘူး အားပေးလိုက်ကြတာ အားကစားရုံကြီးထဲ ကိုယ့် ကျောင်းက လူတွေချည်းလိုလိုပဲ ပျော်စရာလည်းကောင်းသား ၊ အဲ့ မှာ ဖြစ်ချင်တော့  အဲ့ မှာ နှစ်ဖက်စလုံးက အတွန်းအတိုက်သန်တော့  ကျောင်းသူလေးတွေဆိုတာ တဖုံးဖုံးလဲပေါ့  အဲ့ မှာ ဒဂုံဖက်က လဲရင် ဟေးး ဘာညာတွေပေါ့  အဲ့ မှာ ဒဂုံ ၁ ဖက်က လိုက်လာတဲ့  ဆရာမက ပေါက်ကွဲပြီးကျနော်တို့ ဆရာကို မျက်နှာထားတင်းတင်းနဲ့  တိုင်ရော အဲ့ တော့ ပိုဆိုးရော ၊
ပိုဆိုးလာတုန်း အဲ့ မှာ အဲ့ ဆရာမက ဗိုလ်မှူး ကတော် လို့  အသံလည်းထွက်လာရော အဲ့ ဆရာမကို မခံချင်အောင် လှမ်းစရင်း ဘယ်သူက ပြောင်းဖူးရိုးနဲ့ စပစ်လိုက်မှန်းမသိဘူး (နောက်တော့ သိရတယ်) ဆရာမ ပွဲထကြမ်းရင် တစ်ယောက်ယောက်က အဲ့ ဆရာမကို ပြေးတိုက်လိုက်တာလားမသိ ...ဆရာမ လဲကျသွားပါရောဗျာ.
အဲ့ မှာ ပွဲပျက်သွားပြီး ဒဂုံ ၁ ဖက်က ပါလာတဲ့  ကျောင်းသားကြီးနဲနဲ နဲ့ ကျနော်တို့ ကျောင်းသားတွေ သူရိုက်ကိုယ်ရိုက် ခုံတွေနဲ့ ကောက်ပစ် နဲ့  ခုံတွေဆိုတာ အကျိုးအပဲ့ တွေ ဖြစ်ကုန်တယ် သူတို့ လည်း အကုန်ထွက်ပြေးကုန်ရော
ရိုက်ပွဲက အဲ့ မှာ မပြီးဘူး မကျေနပ်ဖူး ဆိုပြီး အဲ့ ဒဂုံ ၁ ကိုဘစ်ကားတွေချောဆွဲပြီး သွားကြပြန်ရော..ဆရာတွေက ကျောင်းကိုပြန်ကြလို့ ပြောတာနားမ၀င်တော့ ဘူး မနေ့ က ဒေါသနဲ့ ပေါင်းပြီး ဒဂုံ၁ ကျောင်းရှေ့ ကို သွားအော်ကြတာ
အဲ့ မှာ ကျောင်းရှေ့ ကားလမ်းတစ်ဖက်က ကရာတေးကလပ်လား သိုင်းသင်တန်းကျောင်းလား မမှတ်မိတော့ ဘူး အဲ့ ကလူက ၀ူးဝူးဝါးဝါးတွေ ထွက်လုပ်တော့  အဲ့ လူကို ဆင်းရိုက်ရင်း အဲ့ နားက ဈေးဆိုင်လေးတွေပါသမ ကျောင်းထဲကို ဂဲတွေ နဲ့ လှမ်းထုနဲ့  အခုယောမင်းကြီးလမ်းဆိုတဲ့ ယောက်လမ်းထဲလည်း အတော်အခြေအနေ ဆိုးလာတော့  ရဲတွေ ရောက်လာရော အဲ့ မှာ ပြေးကြတော့ တာပါပဲဗျာ...
အပြေးမကျွမ်း ရန်ဖြစ်မနေကျပဲ အူတူတူနဲ့ လိုက်လာတဲ့ အတန်းငယ်လေးတွေ နဲနဲပါးပါးတော့ မိသွားတာပေါ့  နောက်နေ့ ကြတော့  ဟောခန်းထဲ တစ်ကျောင်လုံးစု ထုံးစံအတိုင်း လာဖြဲပေါ့  ဒီတစ်ခါတော့  အကောင်ကြီးတွေပါ ဆင်းချလာရောလေ တစ်ချို့  ကျောင်းထုတ်ခံရတယ် ( အဲ့ ထုတ်ခံရတဲ့  ကျောင်းသားတွေကို ဆရာကြီးက တစ်ခြားကျောင်းမှာနောက်တော့ လိုက်အပ်ပေးတယ် ဒါကြောင့်  ဆရာကြီးကို အမှတ်ရနေကြတာ ) ကျောင်းသား အားကစားပွဲတော်ကြီးဆိုတာလည်း အဲ့ နှစ်က နောက်ဆုံးဖြစ်သွားပါရောဗျား. ကျနော်တို့ ကျောင်းလည်း ငပွကြီးကျောင်း ဖြစ်ကျန်ခဲ့ ပါရောဗျား .။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..