Powered By Blogger

Monday, June 27, 2016

လေလွင့် အတွေး...


လေလွင့် အတွေး
------
ကျမ်းကိုးတွေသာ လိုက်ကိုးနေရလို့ ကတော့  ကိုယ့် ဘ၀ဆိုတဲ့ ဗွက်လေးက အဓိပ္ပါယ်ရှိလိုက် မရှိလိုက်နဲ့ ပေါ့ ဒီကြီးထဲ ဖရီးလန့် စ်စ်စ်ဆိုလား ဖယ်ရီစီးတဲ့ လန့် ဆိုလို့  လွတ်လပ် လှုအတွေးသမားတွေ ဆိုလား တွေ့ ရတတ်သေးတယ်  အာ့ ကြီးကလဲ သူများတွေ နဲ့  မတူအောင် နေတာလား ကိုယ်ထင်ရာကိုယ်လုပ်ခွင့် ရနေတဲ့ ဘ၀မျိုးကိုပဲ ဆိုလိုလေသလား  ...မနှင်းဆီရေ မင့် ကို ငါချစ်တယ်  ကောင်းကင်ကြီးတောင် အမှောင်ထု ဖုံးလာနေပြီပဲ သြော် မနက်ဖြန် ဘယ်သူ့ ဆီများ ပိုက်ဆံသွားချေးရပါ့  အင်း ၀က်အူချောင်းကြော်ကို သံပရာသီးလေး ညှစ်ဖြန်း စားရတာ အတော်ဂွတ်တာပဲ.ဆိုတဲ့ စတိုင်မျိုးလား..သိပါဘူး တစ်ခါတစ်လေ မသိတာတွေကို မသိသလိုနေတာပဲ ကောင်းပါတယ် အသိတွေ များလာရင် လှမ်း နှုတ်ဆက်တာ နဲ့ ဘုရားဖူးလိုက်ပို့ ရမှာလား ကေတီဗွီခေါ်သွားရမလား ငိုပြရမှာလား ဝေခွဲရခက်နေဦးမယ်  ဘာတွေ ဘယ်လိုဖြစ်ဖြစ် လောလောဆယ်  ကိုယ်ဟာ ကိုယ်တော့ ဖြစ်နေတာ သေခြာလောက်တယ်  မှန်း  စမ်းကြည့် စမ်းမယ်  ဖြန်း..အား..နာလိုက်တာ လက်ဖျံပေါ်လာနားနေတဲ့ ခြင် တော့ မမိလိုက်ဖူး အသားတော့ နာကျန်ခဲ့ တယ် အသားနုနုလေး ရဲသွားတာပဲ .အင်း နာတယ်ဆိုတော့  ကိုယ်ဟာ ကိုယ်ဖြစ်နေတာ အိပ်မက်တော့ မဟုတ်ဖူးပေါ့  



အင်းပေါ့ လေ အိပ်မက် မဟုတ်လို့  ဘော်ဒီက ယားချင်သလို ဆိုင်းတွေပြနေတာ ယားဆို ညနေက အပြင်က ရှောက်သီးသုတ်လေး နဲနဲစားမိတာကိုး   ဒီလိုပဲ အဲ့ အပြင်က ရှောက်သီးသုတ်တွေစားမိတိုင်း အရေပြား ယားချင်သလိုလို ဖြစ်တာ  ယားချင်ဆို  အဲ့  ရှောက်သီးသုတ်တွေတစ်ချို့ က ငပိက မသန့် တတ်ဘူးလေ. မသန့် ပေမယ့်  ရှောက်သီးသုတ်မြင်ရင်လည်း တံတွေးက ပါးစပ်ထဲ စီတက်လာပြီး သွားရည်က ကျချင်လာတာ  ဒီလိုပါပဲ သွေးက မနေဘူးဆိုတာ  မနေဆိုလို့  တစ်လခါတစ်လေ အဲ့  သွေးက ထွက်ပြေးတတ်တယ်  ပြေးတာမှ ဖိနပ်ချွတ်ပြီးတော့ ကို ပြေးတတ်တာ မိုးပေါ်ထောင် မပစ်ဖူး ဖေါင်းဒိုင်းဆိုတာနဲ့ လေ  စာနဲ့ ဆို သွေးက နေတယ် ခတ်ခတ်ခတ်  ကျလည်း ကျစရာကောင်းတဲ့  သွေး အဲ သွေးထဲတော့  ဘဲသွေးသုတ် တို့  ဘဲသွေးယောင်ဆောင်ထားတဲ့  အမဲသွေးသုတ်တို့ ကတော့ ချဉ်စပ်လေး သုတ်စားရတာ ကောင်းသား .

အဲ  အဲ့ မှာ အဲ့  ကောင်းတယ်ဆိုတာ ဘာလဲ ဆိုပြီးတော့ လည်း ကပ်သီးကပ်သပ်တွေ ငြင်းကြခုန်ကြတာ သတိရမိသေးတာ..အဲ့ မှာ ကောင်းခြင်းသဘောဟာ လူ့ အဖွဲ့ အစည်းမတူလေလေ အယူမတူလေလေ အစွဲမတူလေလေ ကွဲပြားတတ်တဲ့ သဘောရှိကြောင်း ဘာညာတွေပေါ့ လေ ဒီလိုပေါ့ စကားတွေနဲ့ ငြင်းခုန်ကြတာ ဒါနဲ့ ဗိုက်ဆာလာတော့  စားပွဲပေါ်က တွတ်တီးတွေကို လှမ်းစားလိုက်ကြရော..ကောင်းလိုက်တာ ဆာဆာနဲ့ တဲ့  ဒါပဲလေ  ဗိုက်ကို တွတ်တီးစောင့် ၏ တဲ့  စကား မပြောပဲနေလို့ ရတယ် မတွတ်တီးပဲနေလို့ မရဘူးလေ  ဟုတ်တယ် ဒါ အမှန်တရားပဲ  ခဏခဏ စားတတ်သောပါးစပ်ရှိ၍  မကြာမကြာ ဆာတတ်သော ဗိုက်ရှိသူတို့ ကား တွတ်တီးများကို မတွတ်တီးပဲ ဇီဝအသက်ဓါတ် ကြာရှည် ရှင်သန်ချင်နေ၍ မရတတ်ပါခြေ...

အဲ  အမှန်တရားဆိုလို့  ဒီ ဒွန္နယာကြီးထဲ  ဒီလောကကြီးထဲမယ် အမှန်တရားဆိုလည်း အများကြီး ရှိသတဲ့  ပြောနေတဲ့  ဘာသာစကားမတူတဲ့  လူနှစ်ယောက်ရှိတယ် ဆိုရင်ပဲ အမှန်တရား နှစ်ခု ဖြစ်နေပြီတဲ့   အဲ့ အကောင်လေးကို လန်းကွေ့ တစ်ခုက ခွေး လို့ ခေါ်တာလဲ အမှန်တရားတဲ့  အဲ့ အကောင်လေးကိုပဲ နောက် မတူတဲ့  လန်းကွေ့ က ဒေါ့ လို့ ခေါ်တာလဲ မှန်နေတာပဲတဲ့  ကိုယ့်  သတ်မှတ်ချက် နဲ့ ကိုယ်မှန်နေကြတာပဲ ဗျာ..သြော်..ဟုတ်ကဲ့ ဗျ..တွေ့ လား ..ဆရာဝင်ကျမယ့် သူတွေ ရှိတာ.. သိပါ့  သိလို့ သက်သက်ပြောတာ  သက်သက်ဆိုတာ ခက်ခက် နဲ့ ဘာမှမတော်ဘူး..သက်သက်က သက်သက် ခက်ခက်က ခက်ခက် ရယ်  အဲ  အဲ့ ခွေး ရော ဒေါ့ ရော ပညတ်တွေချည်းပဲတဲ့  ခိခိခိ  လို့  စိတ်ထဲကကြိတ်ရယ်နေလိုက်တယ် ..သူပဲ သိသလိုလို  ငြင်းနေလို့ ပြီးမှာမဟုတ်ဖူး အငြင်းသန်ချင်ရင် စာများများ ဖတ်ရတယ်တဲ့   စာအုပ်တွေ လျှောက်ဖတ်ရဦးမှာ စာဖတ်ရတာ ပျင်းနေပြီ....အဲ ဒါနဲ့  စောစောက ပြောတဲ့ အမှန်တရား အများကြီး ရှိတယ် ဆိုတာကို ခုခေတ်တော့  ဗဟုအမှန်တရား လို့ ခေါ်သတဲ့   အဲ့ မှာ ဗဟု ဆိုတာကြီး တွေ့ လိုက်ရတော့  အဟိပဲ  တစ်ချို့ က ပါဠိသံလေးပါမှ ခန့် သလိုလို အထင်ကြီးချင်ကြသလိုလို  လေးစားကြသလိုလိုမို့  ဗဟုတွေ ဧကော တွေ လုပ်တာများလားမသိ  ..

ဧကော ဆိုမှ အဲ့ ဧကော နဲ့  အသံထွက်နီးစပ်တဲ့   ညောင်ဦးမြို့ သူ ဆိတ်ကျောင်းသမလေး မအေးကောင်း လေးလဲ အိမ်ထောင်ကျသွားတာ မနှစ်ကပဲ  ခုဆို ကလေးတွေဘာတွေတောင် ရလောက်ပြီ အခြေအနေမှကောင်းရဲ့ လားပဲ  ဘ၀တွေဆိုတာ ဒီလိုပါပဲ ကိုယ့် ဘ၀လမ်းကြောင်းနဲ့  ကိုယ်ပါလာကြသလိုလိုတွေပါပဲ  ဘာဘဲဖြစ်ဖြစ် ကိုယ့် ဥပဓိက ကျမ်းကိုးရုပ်ထွက်မနေရင်ပဲ အတော်ဟုတ်နေပြီ...လူဆိုတာ ကိုယ့် အကြိုက်နဲ့ ကိုယ်တွေ မဟုတ်လား   -_-

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..