အသူရကာယ်ဘုံသား
---
မနက်က နိုးလာတော့ နိုးလာစမှာ လောကကြီးရော ကျနော်ရော ပုံမှန်ပဲဗျ..အဲ့ မှ ချယ်နယ်တွေခဏပတ် အွန်လိုင်း ခဏ၀င်ကြည့်  ခေါက်ဆွဲပြုတ်လေးစား လုပ်ပြီး ထုံးစံအတိုင်း ခဏပြန်အိပ်တာ...
အဲ့ မှာ ဗိုက်အောင့် လာလို့ ပြန်ထ ကိစ္စပြန်ရှင်းပြီး ပြန်နှပ်မယ်ပေါ့ လေ...အဲ့ မှာ ဗိုက် မြွေဖမ်းတော့ တာပဲ ကိစ္စသာ ပြီးလိုက်တာ အောင့် နေတာလေးကျန်နေသေး လေရွေ့ နေပုံလေးက မူမမှန်ဘူး
အာ့ နဲ့ ဆေးသောက် ဗိုက်ကို ရာပန်ဆီ ပွတ်ပြီး နေလိုက်ရင်းကကို ဗိုက်အောင့် ချက်က အနာတိုးတိုးလာလိုက် နဲနဲငြိမ်သွားလိုက် ဖြစ်လာရော..ထုံးစံအတိုင်း ထိပြီနဲ့ တူတယ်ပေါ့ လေ..
အဲ့ လို နာနေတဲ့  ကိုယ့် ဗိုက်လေးကို မွှေးပွရုပ်လေးနဲ့ ဖိပြီး တစ်ယောက်ထဲ ရွာပျက်နေတုန်း လူတွေ ရောက်လာချက်က ခါတိုင်းနေ့ တွေထက် စိတ်တယ် အဲ့ မှာ အဲ့ လူတွေကို အကြောမြန်မြန်ဖြတ်ရပြန်တော့ တာပါပဲ..လူက ခွေချင်နေပြီ..ဒီနေ့ တစ်နေ့ တော့  ခံရတော့ မယ် ဆေးရှိန်ပြ ဆေးပတ်လည်ဖို့ က ညနေလောက်မှ သက်သာလောက်မှာ လို့ တွေးပြီး အလုပ်ပါ ဒီနေ့ ပိတ်သည်ပေါ့ လေ အိမ်သားတစ်ယောက်ကို လှမ်းပြောလိုက်တယ် ငါ ဒီနေ့ ဒေါင်းပြီ ပိတ်တယ်ဟေ့  လို့ လှမ်းပြောလိုက်တော့  အထာပေါက်တယ် နောက်လာသမျှ ဒီနေ့  ဒေါင်းနေလို့ နောက်နေ့ မှာလာပါ ပြောပေးဖို့  အိုကေပေါ့  .
ဒေါင်းပြီဆို တကယ် ဒေါင်းတော့ တာပါပဲ ဆေးသောက်တာ အချိန် နဲနဲနောက်ကျသွားတော့ ဗိုက်အောင့် နေတာ တစ်နေကုန် နီးပါးခံနေလိုက်ရတယ် ဗိုက်ပေါ်ကို ရာပန်ဆီလေးပွတ် အ၀တ်ထူလေးနဲ့ ဖိလို့  ခွေခွေလေးဖြစ်သွားလိုက် ပက်လက်လေးဖြစ်နေလိုက် ဘယ်ခွေလိုက် ညာခွေလိုက်ပေါ့ လေ.ထိုင်နေလို့ ကိုမရတော့ ဘူး ငရံ့ ပြာလူးလေးပေါ့ လေ ငိငိ... 😁 ..နဲနဲ အိပ်ပျော်သွားပြီးလို့  ပြန်နိုးလာရင် လူနေပြန်ကောင်းနေတတ်ပြီ အဲ့ ဒါကြောင့် အိပ်လိုက်မယ်ပေါ့ လေ နာနေတော့ တော်တော်နဲ့ အိပ်မရပါဘူး.. :
ဒါနဲ့ မနက်အိပ်ယာထတာအကောင်းကြီးပါ အခုက ဘယ်လိုဖြစ်လို့ ဗြုံးစားကြီး ဗိုက်ပြဿနာ ထ တက်ရတာ လဲ ဘာအစားမှားသွားလို့ လဲ ၀မ်းကိုက်ချင်သလိုလို ရစ်ရစ်နာလောက်စရာ မသန့် ရှင်းတာဘာများ စားမိပါလိမ့် နဲ့ ဗိုက်အောင့် အောင့် နဲ့ တွေးတာပေါ့  အဲ့ လို တွေးတော့ မှ လူက အိပ်ငိုက်လာတယ် ဟီးး..၊ အဲ့ မှာမနေ့ က စုံခဲ့ တဲ့ တွတ်တီးတွေထဲက ဘယ်တွတ်တီးကများ ပြဿနာတွတ်တီးဖြစ်နိုင်လည်း လို့ တရားခံရှာတွေးလိုက်တာ ဘယ်တွတ်တီးမှ ပြဿနာတွတ် တီးမပါဘူး...အဲ့ မှာ နောက်ဆုံးတွေးလို့  ရတဲ့ တရားခံက ဒီမနက် အစောကြီး မစားစဖူး ခေါက်ဆွဲပြုတ် စားမိတုန်း ငရုပ်ဆီ ၂မျိုးစပ်စားမိတဲ့ ပြဿနာပဲနေမှာလို့  ငရုပ်ဆီက ၂ ပုလင်းစလုံးက ဖင်ကပ်နားနီးနေပြီ စပ်ထည့် တုန်းက ငရုပ်ဆီက အရောက်ပျက်နေပုံရတာ သတိတော့ထားလိုက်မိသေးတယ် သိုးစော်လိုလိုအနံ့ ရပေမယ့်  ခေါက်ဆွဲပြုတ်ပူပူနဲ့ ဆို အေးဆေးပါပေါ့  ဟီး ဟားးး..ငရုပ်ဆီရယ် ခရမ်းချဉ်သီး ငရုပ်ဆီရယ်နဲ့  .ငရုပ်ဆီ အသိုး နှစ်ခု နဲ့  တစ်နေကုန် ခံလိုက်ရတာဗျာ..တစ်နေ့ တာ အသူရကာယ်ဘုံသားဖြစ်သွားသလိုပဲ ခိခိ .ဒီညနေတော့  ♫ ♪♫ ချစ်သူညနေ တို့ ညနေ တို့ နှစ်ယာက်ညနေ ♫ ♪♫ မာလာဆောင်နဲ့  ပတ်သက်လို့  ♫ ♪♫ ပုံပြင်ထဲက ဇာတ်လိုက်ကြီး..♫ ♪♫ ...ငိငိ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..