ပိုင်
--
အခု အသက် ၅၀ကျော် ၄ကြွင်း အင်္ဂါ သမီး မွေးချိန် စန္ဒရောတိုင်သမား မဘောစိ တစ်ယောက်ပေါ့  ဗေဒင်ယတြာလိုင်းမှာ သူယုံပြီဆို သိပ်ယုံတဲ့  သဘောရှိတယ်(နတ်လိုင်းတော့ မပူးဘူး) နာမည်ကြီးပေ့ ဆိုတဲ့  ဘုန်းကြီးတွေကိုလည်း အနီးကပ် ကိုးကွယ်တယ် အဲ့ သူ့ အယုံခံရတဲ့ ဗေဒင်ယတြာလိုင်းထဲမှာ ကျနော်လည်းပါနေတယ် အဲ့ တော့ တစ်ခုခုအကျပ်အတည်းဆိုတာနဲ့  န၀င်းလာလာထိုင်တတ်တယ် အိပ်မက် မကောင်းတာတောင် န၀င်းလာထိုင်တဲ့ အထိပဲ သူ့ အိပ်မက်ကလည်း မရိုးနိုင် မထပ်နိုင်လောက်အောင် မျိုးစုံ ခဏခဏမက်တော့  ခဏခဏ ထိုင်ချက်က တစ်ခါတစ်လေ တစ်ပတ်ထဲ ၂ ရက်လောက်တွေ ဘာတွေ ဖြစ်ကုန်တယ် သူ့ တင် မကဘူး သူ့ အိမ်သား ရှိသမျှ ယောက်ျား သားသမီးတွေအတွက်ပါ အင်းကျီတို့ ဓါတ်ပုံတို့ နဲ့ လည်းယတြာလုပ်ပေးရတာ ခဏခဏ တစ်ခါတစ်လေ သမီးတွေရောသားပါခေါ်လာပြီ ထိုင်ခိုင်းတာကပါသေးတယ်..အဲ့ လောက် ယတြာအလုပ်စိတ်တဲ့ သူပေါ့  ..
ဟိုနေ့ ကလာတော့  သူ့ ယောက်ျားအတွက် ယတြာလုပ်ပေးဖို့  အ၀တ်အစားယူလာရင် သူပြောတာက ကျမတို့ မြေကွက်မှာ တိုက်ဆောက်ဖို့ ပါမစ်လျှောက်ထားတာ ကျလာပြီတဲ့  ..ဟုဟုပေါ့ ..အဲ့ ဒါ တိုက်ဆောက်ရင် ပိုင်ရိုက်ရမှာဆိုတော့  ပိုင်ရိုက်တာ နှစ်နည်းရှိတယ်တဲ့  စက်နဲ့ ရိုက်သွင်းတာရယ် နောက် တစ်နည်းက တူးပြီ ပိုင်ရိုက်တာဆိုလား ( သေခြာတော့ ကျနော်လည်း မသိဘူး ) အဲ့ ဒါ ဘယ်နည်းကို ရွေးရမလဲတဲ့ ....အမငီး...ဗုဒ္ဓေါပဲ... ဗေဒင်ဆရာနဲ့  အင်ဂျင်နီယာ နဲ့ တော့  မှားကုန်ပြီ.. အရာရာ အကုန်သိ အကုန်တတ်ဆိုတဲ့  စတိုင်နဲ့  ဆရာဂုဏ်ခံပြီး မှင်သေသေနဲ့  ပေါက်ကရတွေ ရွေးပေးလိုက်ရင် ငါးပါးတော့ မှောက်တော့ မှာပဲပေါ့ လေလို့  တွေးလိုက်ပြီး ရယ်လည်းနဲနဲ ရယ်ချင်သွားတယ်....ဟီးး..ဒါနဲ့  ကျနော်က အင်းအဲ နိုးတွေ ဘာတွေ ဘာမှ မပြောသေးပဲ နဲနဲ စပ်စုလိုက်သေးတယ်.. ဘယ်နှစ်ထပ်ဆောက်မှာမို့ လို့ လဲဆိုတော့  ၁၂ ထပ်တဲ့  ..ဟင်...မဟာရန်ကုန် ဧရိယာထဲ အဲ့ လောက် အထပ်မြင့် တွေ ချမပေးတော့ ဘူးလို့  သတင်းတွေထဲဖတ်ရသလားလို့ လေလို့  ဆိုလိုက်တော့ ...အခုချပေးလိုက်တာတဲ့  သြော် သြော်..လို့  လုပ်လိုက်ပြီးမှ...
အဲ့  ပိုင်ရိုက်တဲ့  နည်းတွေ ရွေးတာ ကျနော်တို့ နဲ့ မဆိုင်ဘူးဗျ အဲ့ ကိစ္စက ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ သူတို့ ပညာရှင်လိုင်း...ကျနော်တို့ က ဆောက်နေတုန်းတို့  ဘာတို့ မှာ အဖုအထစ်တွေ မဖြစ်ရအောင်ယတြာကူတာမျိုး လို့ .ရယ်ကျဲကျဲ လုပ်ပြောလိုက်တော့  အင်း ဟုတ်တော့ ဟုတ်ပါတယ် ဆရာကရော ဘယ်နည်းများ ရွေးပေးမလဲလို့ ပါ တဲ့ ..(ငင့် .) အဲ့ တော့  ကျနော်က အင်ဂျင်နီယာတွေက ပတ်ဝန်းကျင်အနေအထား မြေအနေအထား သူတို့ သူတို့  တွက်ချက်စမ်းသပ်ပြီး ရွေးတာ အမှန်ဆုံးပါဗျာ...ကျနော်တို့ ရွေးလို့မရဘူး အဲဒါက ကျနော်တို့ ပညာလိုင်းမဟုတ်ဖူး..ကျနော်တို့  ရွေးပေးနိုင်တာ ပထမ အဲ့ မြေကို မြေရှင်းယတြာလုပ်မယ် ပြီးရင် လုပ်ငန်းခွင်စတင်တဲ့ နေ့ အခါကောင်းရွေးမယ် အဲ့ ဒါမျိုးပဲ ကျနော်တော့  ရွေးပေးနိုင်မှာလို့  ပြောလိုက်မှ အဲ့ ဒါဆိုလည်း ရက်ရွေးပေးပါတဲ့  ..အဲ့ တော့ မှ ဟူးးးးးး....ပေါ့  ဟီးး....
အဲ့ မှာ စိတ်ထဲမှာတော့  ဖြစ်နေတဲ့  အတွေးက ပါမစ်က သူ့ ယောက်ကျား ၂ ကြွင်း ကြာသာပတေး အမည်နဲ့ ကျတာ သူ့ ယောက်ျား အသက်က အခုလမှာ ၅၄ နှစ် အင်္ဂါ သက်ရောက်ထဲ စ၀င်တာ ဒီ ၄ ကြွင်း အင်္ဂါသမီးက အခု အသက် ၅၁ သက်ရောက် စနေနဲ့  မရဏစနေ ဆိုတဲ့  စနေ ၂ ထပ်ထဲမှာ..သူတို့  ဆောက်မယ်လို့  ဟန်ပြင်နေတာက ၁၂ ထပ် တဲ့  အမငီးးး...ပေါ့ လေ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..