

ပြည်မှာဆောင်း
-------
ယူကျူ့ ထဲ ပတ်နေရင်းက မြန်မာပြည် အကြောင်း ဒေါ်ကူမန်ထရီတွေထဲမှာ ဆေးလိပ်ခုံ အကြောင်းလေးတွေ့ လိုက်တော ငယ်ငယ်က နွေကျောင်းပိတ်ရက်တွေမှာ သွားပြီးနေခဲ့ ရတဲ့  အဖိုးတွေအဖွားတွေ ရှိတဲ့  ပြည် ကို လွမ်းသွားတယ် .
ကျနော်ကလည်း ပြည်မှာ မွေးခဲ့ တာလေ.. အဖိုးအဖွားတွေအပါအ၀င် ဘကြီးဦးကြီး ကြီးဒေါ်တွေ ဦးလေးတွေ အစ်မတွေအများစုက ခေတ္တရာမြို့ သစ်မှာများပြီး တစ်ချို့ က ၀ါရုံ ထဲမှာ။
အဲ့ တုန်းက ခေတ္တရာမြို့ သစ်က အမျိုးသမီးငယ်အတော်များများက မူလတန်းလောက်နဲ့ ပြီးတာ များပြီး ကျားပျံမကောက် ဆေးလိပ်ခုံ မှာဆေးလိပ်သမတွေ ဖြစ်ကုန်တာများတယ် မြို့ သစ်ကနေ ရထားလမ်းကျော်ဖြတ်သွားရင် ဆေးလိပ်ခုံက နီးတယ်လေ အဲ့ အထဲ ဆေးလိပ်ခုံ အလုပ်သွားလုပ်တဲ့ အထဲ ကျနော်တို့ အမျိုးထဲက အစ်မ တစ်ယောက်လည်း ပါတယ် ဆေးလိပ်လိပ်ကြတာ အရမ်းမြန်တယ် တစ်နေ့ ကို ရာချီ ပြီးကြတယ် အစ်မက လုပ်သက်ရင့် လာတော့ တပည့် တွေ ဘာတွေ နဲ့ ဖြစ်လာပြီး ဆေးလိပ်ခုံက ဆေးစပ်တွေ သနပ်ဖက်ရွက်ကြီးတွေ ကို အိမ်မှာ ယူ ပြီး လိပ်တဲ့ အဆင့် ဖြစ်လာတယ် အဲ့ မှာ ဆေးလိပ်လိပ်ကြတဲ့  အလုပ်သဘောကို သိလာတော့ တာပေါ့ လေ...အခုတော့  အဲ့ အစ်မလဲ ဂိသွားပြီ. ကျနော်တို့ အဖွားက ခေတ္တရာမြို့ သစ်ဈေးထဲမှာ ဆိုင်ခုံနဲ့  မုန့် ဟင်းခါးရောင်းတယ် ခေါက်ဆွဲဖတ်ကိုတော့ အိမ်မှာပဲ ကိုယ်တိုင်လုပ်တယ် မုန့် ကြိတ်ဆုံလည်းရှိတယ် ကိုယ်တိုင်ကြိတ်ပေါ့ လေ .တစ်ခါက ဖြတ်သန်းခဲ့ တဲ့  ငယ်ဘ၀တွေထဲက ဘ၀တစ်ကွေ့ အတွေ့ အကြုံလေးတွေပေါ့ လေ..ခုတော့  လွမ်းစရာ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..