Powered By Blogger

Friday, July 1, 2016

နေ့ သစ်နေ

နေ့ သစ်နေ

စေတန် တို့  မာန်နတ်တို့ ဆိုတာလဲ ဘုရားတွေ နီးနီး တန်ခိုးရှင်တွေချည်းလို့ ဆိုတယ်
ဘုရားတွေကတောင် အဲ့ စေတန်တွေ မာန်နတ်တွေကို အမြစ်မဖြစ်နိုင်ခဲ့ လို့ ဒါမှမဟုတ်
အမြစ် မဖြစ်ခဲ့ လို့  ဒါမှမဟုတ် စေတန်တို့  မာန်နတ် တို့  ကလည်း လောက အတွက်
ချိန်ခွင်လျှာသဘော လိုအပ်ချက်အရ လိုအပ်လို့  အခုအထိ စေတန်တွေ မာန်နတ်တွေ
 ရှိနေဆဲ ပွဲခံနေဆဲ သဘောနေမှာပေါ့  .
.လျှော့ မတွက်နဲ့  နေမထွက်ခင်တော့ အမှောင်ထုဟာ သူတို့ ပိုင်နက်ပါတဲ့ 
 အပိုင်းပေါင်း ရာကျော်တဲ့ ဇာတ်လမ်းတွဲတွေမှာ အနက်ရောင်တွေချည်း
နိုင်နေတာကအပိုင်း ၉၀ကျော်လောက် ရှိမြဲပဲ.. ဇာတ်နာချက်ပေါ့ 
နိဂုံးမှာ အဖြူရောင်တွေ နိုင်ပါလိမ့် မယ်ဆိုတာ ကြိုသိနေလို့ သာ သည်းခံကြည့် နေရတာ....
စိတ်မရှည်တော့ တဲ့ အခါ ၀တ္ထုစာအုပ် နောက်ဆုံးကို ကျော်ဖတ် ကြည့် လိုက်လို့  ညားသွားကြလေသတည်းမှ အဲ့ ဝတ္ထုကို အစကပြန် အရသာခံဖတ် ...
ဘ၀အစစ်တွေ လောကသဘောတွေ ကတော့  အဲ့  လောက် မရိုးရှင်းပေဘူး...အများသဘောအတွက်လည်း မရိုးရှင်းဘူး
ကိုယ်တိုင်တွေ အတွက်လည်း မရိုးရှင်းဘူး ဘ၀တွေက ဆင်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲလို့  တွေးရေးထားတဲ့  ၀တ္ထုစာအုပ်
လိုတွေ မဟုတ်ခဲ့ ဘူး ရောက်ဆဲကနေ ကျော်လှန်ကြည့် ချင်လို့  ဖတ်ချင်လို့ 
မရနိုင်ပေဘူး ဒါကိုက ဘ၀ပဲ
အမှောင်ထု သေတ္တာထဲကနေ ရုန်း၍ ကန်၍ ရင်ဆိုင်၍ နဲ့  တိုးဝှေ့  ပျံသန်း ထွက်လာမယ့်  မျှော်လင့် ခြင်း နေထွက်ချိန်ကို မျှော်လင့် ရင်း ...
ဒီလိုနဲ့  ရှေးရှေးက ဖြစ်တည်ပျက် ဘ၀တွေလည်း ဘ၀တွေ ဖြစ်တည်ပျက်ခဲ့ တာ
မနဲတော့ ဘူး ...လာလတ္တံ့ သော ဖြစ်တည်ပျက် ဘ၀တွေလည်း နဲမှာ
မဟုတ်လောက်သေးဘူး...
အမှောင်ထု ရှိနေတာ အလင်းထု ရှိနေသေးကြောင်း ..မယုံရဲ ယုံရဲ ပြချက်ပေါ့ 
 နေ့ သစ်နေကတော့  တစ်နေ့  နေ့ထွက်မှာ သေခြာပါတယ်လေဆိုပြီး .......

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..