'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, August 28, 2016
အင်းဝ
အင်းဝ
--
စောင့် ကြည့် ခဲ့ တဲ့  အသက်ပိုင်းတူ မွေးလ ရှေ့ ဆင့် နောက်ဆင့် တူတဲ့  တက္ကသိုလ်အတူတူ တက်ဖက် ကျောင်းအတူတူ ပြီးဖက် သူငယ်ချင်း ၃ ဟူး သမီး သုံးယောက် ရှိတယ်....အဲ့ မှာ ၆ လပိုင်း မှာမွေးတဲ့  ၃ ဟူးသမီး ၂ယောက်က သောကြာမရဏသက်ရောက်ကို အတူတူ ဖြတ်ပြီး အခု အသက် ၄၆ တနင်္ဂနွေသက်ရောက်ကို အတူတူ ၀င်ကြတယ်....၊ မနှစ်က သောကြာ မရဏ သက်ရောက် အသက် ၄၅ မှာ တစ်ယောက်က ဗိုက်ခွဲခဲ့ ရပြီး တစ်ယောက်က ကားမတော်တဆမှု့  ၂ ခါ နဲ့  လူမှု့ ရေးပြဿနာ ဖြစ်ခဲ့ တယ် ။ ဒီနှစ်မှာတော့ အဲ့ ကား မတော်တဆမှု့  ၂ ခါ ဖြစ်ခဲ့ တဲ့  ဟူးသမီးပဲ မနေ့ က ကားမတော်တဆမှု့  ထပ်ဖြစ်တယ် (အခု ၈လပိုင်းဟာ စနေလစိတ်ဖြစ်နေတယ်) ဆိုင်ကယ်သမားက အဲ့ ဟူးသမီး ကိုယ်တိုင်မောင်းလာတဲ့ ကားကို ၀င်တိုက်တာ မသေပေမယ့်  ခေါင်းကွဲ နံရိုး၂ ချေုာင်းအက်သွားတယ်..( ဘာညာယတြာတွေနဲ့ ပိုက်ဆံပေးညှိလိုက်တော့ ခုတော့ ပြီးသွားပြီ)
နောက်တစ်ယောက် ဟူးသမီးကတော့  အဘိဓမ္မာ သင်တန်းတက်နေတယ်လို့ ဆိုတယ် အဲ့ ဟူးသမီး ၂ ယောက်မှာ တစ်ယောက်က သူ့ တစ်သက်တာမှာ သေမလိုလို ဖြစ်တဲ့  ရေနစ်ဖူးတာ အပါအ၀င် မတော်တဆမှု့  ဖြစ်ခဲ့ တာ များလွန်းတာ သတိထားမိတယ် ကျန် ၂ယောက်မှာ တစ်ယောက်က ဘော်ဒီရောဂါ သဘောသာများပြီး တတိယမြောက် ဟူးသမီးကတော့  မတော်တဆမှု့  ဖြစ်တာအနဲဆုံး မဖြစ်သလောက်ပါပဲ
ရောဂါသဘောနဲ့  မတော်တဆမှု့  ကြုံတဲ့  ဟူးသမီး ၂ယောက်က လူအက်ရှင်လှုပ်ရှားမှု့ အလွန်များ အသွားအလာထူပြောပြီး တတိယမြောက် ဟူးသမီးကတော့  ကျန် ၂ ယောက်ထက်စာရင် အငြိမ်သမားလို့ ဆိုနိုင်တယ် ( မွေးချိန်တွေနဲ့  အသိုင်းအ၀ိုင်း ဆင်းသက်လာပုံတွေ သုံးယောက်စလုံး မတူကြဘူး )
--------------------------------------------------------------------------------------------------
ဒါနဲ့ ဟိုနေ့ ကရေးခဲ့ တဲ့  အသက် ၄၆ သုံးကြွင်း ဟူးသမီး တနင်္ဂနွေသက်ရောက် အ၀င် မွေးလကနေ ၂လကျော် ၈ လပိုင်း စနေလစိတ်အရောက်မှာ ကားမတော်တဆမှု့ ဖြစ်တဲ့ အကြောင်းမှာ ..ဆိုင်ကယ်သမားက သူမောင်းလာတဲ့ ကားကို ၀င်တိုက် သူကတော့ ဘာမှမဖြစ် ဆိုင်ကယ်သမားကတော့  ဆေးရုံရောက်ပေါ့  အဲ့ မှာ ဆိုင်ကယ်သမားက လူတော့ မသေဘူးနံရိုး တစ်ချာင်း နဲ့ ပုခုံးတစ်ဖက်ညှပ်ရိုး ကျိုး ခေါင်းကွဲချုပ်ရတယ်ပေါ့ လေ အဲ့ မှာ ညှိလိုက်တော့  သိန်း ၄၀ ဆိုင်ကယ်သမားကို ပွဲသိမ်းပေးလျော်လိုက်ရတယ်လို့ ဆိုတယ်... ( န၀င်းလာထိုင်ရင်း ဖြစ်ကြောင်းရယ်ကုန်စင်ပြောသွားတာပေါ့ လေ..
အဲ့ မှာ အမှန်ဆို ဒီလို ကိစ္စဟာ မနှစ်က ၈ လပိုင်းမှာသာ ဖြစ်ရင် အဲ့  ဟူးသမီး အသက် ၄၅ သောကြာမရဏ သက်ရောက်မို့ ဒိထက် ပွဲကြမ်းနိုင်သလို သူကိုယ်တိုင်ပါ ရှောဘရားသားပြသွားနိုင်တဲ့ သဘော ရှိတယ်
နောက်တစ်ချက်က မနှစ်က သောကြာမရဏသက်ရောက် ၈ လပိုင်းမှာတော့  ပွဲံမကြမ်းပဲ ဒီ နှစ် တနင်္ဂနွေ သက်ရောက် ၈ လပိုင်းကြမှာ ဘာလို့ လာပွဲကြမ်းရသလဲကို ပြန်မေးစမ်းကြားနာတဲ့ အခါ ထူးခြားဖြစ်စဉ်တစ်ခုရှိခဲ့ တယ်..အဲ့ မတော်တဆမှု့ မတိုင်ခင်က ဘိုင်ပြတ်နေခဲ့ တယ်လို့ ဆိုတယ် ( ဒီ ဟူးသမီးရဲ့ မွေးလက ၆ လပိုင်းလဆန်းပါ ဒီတော့  ကျနော်က သူ့ ကို တစ်သက်တာအတွက် ပြောခဲ့ တဲ့  ၅.၆.၇.၈. ဆိုတဲ့ မေဇွန်ဇူလိုင်သြဂုတ် လေးလဟာ ပုံမှန်ဝင်ငွေသာရှိရမယ် ဘိုင်ပြတ်မယ် ၉လပိုင်းဆို ပြန်အိုကေမှာ စိုပြေလာလိမ့် မယ်ပေါ့ လေ ) အဲ့ မှာ အဲ့ မတော်တဆမှု့ နေ့ မတိုင်ခင် ၂ ရက်အလိုမှာ အလုပ်သဘောကနေ ရုတ်တရက်ကြီး သိန်း ၅၀ ရလိုက်တယ် လို့ ဆိုတယ် အဲ့ ထဲက လှုဖို့  ၂ သိန်းဖယ်ထားခဲ့ သေးတယ်လို့ ဆိုတယ် အဲ့ မှာ အဲ့ ထဲကနေ သိန်း ၄၀ ကို ဆေးရုံပေါ်က ဆိုင်ကယ်သမားကို လက်လွှဲပေးလိုက်ရတဲ့ သဘောပေါ့ 
အဲ့ မှာ ကံကောင်းတယ်နဲ့ ဂြိုလ်သဘောပြောရရင် တစ်ခုခုရောင်းချ အိပ်မစိုက်ရပဲ လက်လွှဲ လျော်ဖို့  ပိုက်ဆံ အဆင်သင့် ရှိနေတာပဲ ကံကောင်းတယ်လို့ ဆိုလို့ ရတယ် ဂြိုလ်သဘောက စနေလစိတ်မှာ ခါတိုင်းထက်လွန်ကဲပြီး ပိုက်ဆံတွေ အကြောင်းတစ်ခုခုကြောင့် ဝင်ချလာတာဟာ ကျနော် အမြဲတမ်းကြုံရင် ရေးရေးပြခဲ့ သလိုပဲ ဒါဟာ ပုံမှန်မဟုတ်ဘူး တစ်ခုခုတော့ တစ်ခုခု အတွက်ပဲ ကိုယ့် စီးပွားအတွက်တော့ မဟုတ်ဘူး သဘောပေါ့ လေ...( ဒီလို ဖြစ်ရပ်တွေ ကြုံဖူးနေခဲ့ တာတော့ များပါပြီ)...သဘောက လစိတ်အညံ့ တွေ သက်ရောက်အညံ့ တွေမှာ ရရစားစားလောက်ပဲဖြစ်နေမယ် တစ်ခါတစ်လေ ဘိုင်ပြတ်နေမယ်ဆို ဂြိုလ်မှန်နေတယ်ပေါ့  အိုကေမှာ စိုပြေလွန်းလာပြီဆို ဂြိုလ်မမှန်တော့ ဘူး တစ်ခုခုတော့ အလျော်အစားပေးရတော့မယ်ပေးရတတ်တယ်ပေါ့ လေ
နောက်တစ်ချက်ကတော့  သုံးတန်ပေါ် သဘောတရားနဲ့  ဒီနှစ်ရဲ့ ကောဇာမရဏ တနင်္လာနံ နဲ့ ကိန်းငြိနေတယ်ပေါ့ လေ...အသက် ၄၆ တနင်္ဂနွေသက်ရောက် သုံးတန်ပေါ်အရ ၄၅၆ တိုင်ပေါ့  အဲ့ မှာခွင်လွှဲထူတဲ့ သဘောအရ ၄ ကို ၂ ကပ်နေတယ်ပေါ့  ဟူးသမီးကို ကောဇာမရဏ တနင်္လာနံ ကပ်နေတယ်ပေါ့ လေ....( ဒါဆို လာမယ့်  သင်္ကြန်မကျော်မချင်း အသက် ၄၆ တနင်္ဂနွေသက်ရောက် ၃ကြွင်း ဟူးသားသမီးတိုင်း ကားမတော်တဆမှု့  ဖြစ်တော့ မှာလားလို့ တော့ တွေးပူစရာမလိုပါဘူး..အကြောင်းက မိသားစုဖွဲ့ စည်းပုံတွေ အတိတ်ကံတွေ အလုပ်သဘော ဘာသာရေးသဘော စသဖြင့် တွေ မတူကြလို့  ဖြစ်နိုင်တဲ့ အကြောင်းတွေက ကွဲသွားမှာပါ လာမယ့်  သင်္ကြန် မကျော်မချင်း တနင်္လာ နံတွေ နဲ့ ပတ်သက်လာရင် သတိထားလိုက်ပါ လို့ ပဲ ဆိုနိုင်မှာပါ
နောက်တစ်ချက်က ဒီ အသက် ၄၆ ၃ ကြွင်း ဟူးသမီး ရဲ့  အိမ်ထောင်ဘက် ယောက်ျားက လည်း ဟူးသား ပဲ ဖြစ်ပြီး သူက ၆၃ ဧပြီမွေး ဖြစ်လို့  အခု ဆို သူ့ အသက်ဟာ ၅၄ ပေါ့  ဒီတော့ သူလည်း တနင်္ဂနွေသက်ရောက် ထဲရောက်နေသူပေါ့ လေ...
အဲ့ တော့  ဒီ ဟူးသားနဲ့  ဟူးသမီး လင်မယား ၂ ယောက် စလုံးဟာ တနင်္ဂနွေသက်ရောက် ချည်း ထပ်နေပြီး ဟူးသားသမီးတွေနဲ့  တနင်္ဂနွေ သက်ရောက်ဆိုတာ ( အင်းဝ) ဓမ္မာ သောက အင်းဝရာဇာ အိမ်ထောင်ရန် အတွင်းရန်ကိန်း ကို ၂ ယောက်အတူတူ တစ်ပြိုင်နက်ထဲ ရောက်သွားတဲ့ သဘောပေါ့  ဒီလို လင်မယား ၂ ယောက် ဒီလို ကိန်းထဲ အတူတူ ရောက်သွားရင် ( ရောက်တော့ ရောက်ခဲကြပါတယ် ရောက်လဲ ရောက်တတ်ပါတယ် )...ဒါကို ကျနော် ကြုံရင် ရေးပြခဲ့ သလို လင်မယား ၂ ယောက် ( ချစ်ရင်သေကွဲ မုန်းရင် ရှင်ကွဲ သဘော ) သေကွဲ ရှင်ကွဲ ကြုံလွယ်တဲ့  နှစ်လို့ လေ..အလုပ်သဘောကြောင့်  အဝေးကို တစ်ယောက်ယောက် ထွက်သွားရတဲ့ အခါ .ယာယီ ရှင်ကွဲ သဘောလို ဖြစ်သွားပြီး .ကြိမ်းကြေတဲ့  အဖြစ်အပျက်တွေလည်း ရှိပါတယ်
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..