ဥာဏ်ပညာ
---
သမိုင်းမှာ ရုပ်အင်အားချင်းယှဉ်ရင် ဘယ်လိုမှ နိုင်ဖို့ မလွယ်တဲ့ အင်အားကြီးတွေကို ဥာဏ်ပညာနဲ့  အနိုင်ယူပြီး ရပ်တည်လာခဲ့ တဲ့  အဖြစ်အပျက်တွေ ရှိခဲ့ တယ်.
ဆိုပါတော့ တရုပ်လူစွမ်းကောင်းနဲ့  စီးချင်းထိုးတော့ ခွန်အားဗလချင်း လက်နက်ချင်း သိပ်ကွာနေတယ်...သဘောက ပုံမှန် ခွန်အားချင်းဆို အရှုံူးပဲ...ဒါပေမယ့်  ဥာဏ်ပညာက တရုပ်လူစွမ်းကောင်းရဲ့  တစ်ကိုယ်လုံးဖုံး သံချပ်ကာဝတ်စုံမှာ လက်မြှောက်လိုက်ရင် လှုပ်ရှားရလွယ်အောင် ချုပ်ရိုးဆက်ဟပေးထားတဲ့ အသားစိုင်ပျော့ ပေါ်လာတဲ့  ချိုင်းနေရာက ဟာကွက်ကို တွေ့ လိုက်တယ်...အဲ့ ဟာကွက်ကနေ လှံရှည်ကို ထိုးသွင်းပြီး ကိုယ့် ထက် ခွန်အားကြီးသူကို အနိုင်ယူနိုင်ခဲ့ တာမျိုး.။ဒီလို ဥာဏ်ပညာကို လွှာသုံးပြီး မဟာအင်အားကြီးတွေကို ရင်ဆိုင်ပြီး ကိုယ့် မင်းကိုယ့် ချင်းဖြစ်နေဆဲ တိုင်းပြည်ကိုထူထောင်လာခဲ့ တဲ့  အဖြစ်အပျက်တွေ ရာဇ၀င်မှာ အများကြီး....ဆိုလိုတာက တိုင်းပြည်ကို ကိုယ့် မင်းကိုယ့် ချင်း နဲ့ ဖြစ်နေဖို့ ဆိုတာ စိတ်တိုတိုင်း ၀ူးဝူးဝါးဝါး ခံစားမှု့ မျိုးတွေနဲ့ မရဘူး ဥာဏ်ပညာကို လွှာသုံးနိုင်တဲ့  လူတွေနဲ့ မှ လို့ ....
.
အနဲ အများ....
ဥာဏ်ပညာကို သူ့ ပစ်မှတ်နဲ့ သူ ခွဲခြမ်းစိတ်ဖြာ သုံးကြတယ်ဆိုတာ ....ဆိုပါတော့  ကျနော်တို့ လည်း ကောင်းကင်ခရီးကနေ ပျံသန်းသွားချင်တယ် ၊ အနောက်ကလည်း ကောင်းကင်ခရီးကနေ ပျံသန်းသွားချင်တယ်.....
အဲ့ မှာ ဘာမြင်ရလဲဆိုတော့  ကျနော်တို့ က ကျနော်တို့ ဥာဏ်ပညာကို ကျနော်တို့ ဘော်ဒီတစ်ခုထဲမှာ အသုံးချပြီး ပျံသန်းဖို့ ကြိုးစားတော့ အောင်မြင်တယ်ပဲဆိုပါတော့  အဲ့ တော့  ကျနော်တို့ က ကျနော်တို့ ကိုယ်တိုင် တစ်ယောက်ချင်းစီပဲ ကောင်းကင်ခရီးကနေ ပျံနိုင်တယ်ပေါ့ 
သူများတွေကိုတော့  ခေါ်မသွားနိုင်ဘူးပေါ့ ...
အနောက်က လူတွေက သူတို့ ဥာဏ်ပညာကို သူတို့ တစ်ဦးချင်း ဘော်ဒီအပေါ်မှာထက် ပြင်ပ ရုပ်ပစ္စည်းတွေနဲ့  ပျံသန်းဖို့ ကြိုးစားတယ်..အောင်မြင်တယ်ပေါ့ ...အဲ့ မှာ သူတို့ က လေယာဉ်ပျံဆိုတဲ့  ပျံသန်းနိုင်တဲ့ ရုပ်ပစ္စည်းအကူနဲ့  လူတွေ အများကြီးကို ကောင်းကင်ခရီးကနေ ခေါ်သွားနိုင်တဲ့ သဘောဖြစ်လာတယ်
အဲ့ မှာ မြင်ကွင်းကနေ တစ်ယောက်ချင်းအတွက် ဦးတည်တဲ့  ဥာဏ်ပညာသဘောနဲ့ တစ်ယောက်ချင်း အပါအ၀င် အများသဘောအတွက် အသွင်ဆောင်တဲ့ ဥာဏ်ပညာသဘော ဆိုပြီး ကွဲပြားသွားတာမြင်သာတယ်ပေါ့ လေ...
သစ်တစ်ပင်
----------
ဥာဏ်ပညာ အရေးကြီးပုံကို စကားပုံတွေမှာ ဆန့် ကျင်ဘက်တို့ ပေါင်းစည်းခြင်းသဘော အဖြစ် မြင်နိုင်တယ်..ဆိုပါတော့  တစ်ယောက်ချင်း စွမ်းရည် အရေးပါပုံကို
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်...လို့  ဥပမာပြ စကားပုံပေးခဲ့ သလို
အများသဘောလိုတဲ့ အခါ တစ်ယောက်အားနဲ့ ယူသော်မရ အများအားနဲ့ ယူသော်ရ၏ လို့  လည်း ဥပမာပြခဲ့ တာမျိုးပေါ့ ...ဘယ်လို အခြေအနေကို ဘယ်လို အိုင်ဒီယာနဲ့  ရင်ဆိုင်မလဲဆိုတာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်တဲ့  ဥာဏ်ပညာလိုတယ်ပေါ့ လေ
ဥာဏ်စွမ်းအား
--
စက်ရုပ်နည်းပညာတွေ အလွန်အမင်း တိုးတက်လာတော့  စိတ်ကူးယဉ်သိပ္ပံဆရာတွေက စိုးရိမ်သောကစိတ်ဖြစ်လာပြီး လူ့ ထက် ပိုတတ်တဲ့ စက်ရုပ်တွေက လူသားကမ္ဘာကို လွှမ်းမိုးလာရင်ဆိုပြီး စာတွေရေး တွက်ချက်ပြ ရုပ်ရှင်လုပ်ပေါ့ ...အမှန်တော့  အဲ့ စက်ရုပ်တွေ ဆိုတာကလည်း တကယ်တော့  လူ့ ဥာဏ်တွေ ရဲ့ တွေးခေါ် တီထွင် နိုင်စွမ်းရဲ့  ပြယုဂ် သဘောပဲ တွေးခေါ်ကြံဆမှု့ ဥာဏ်ပညာဟာ အတွေးဥာဏ်ပညာမပါတဲ့ ရုပ်ခွန်အားသက်သက် ထက်သာတယ်ဆိုတာကို သွယ်ဝိုက်မြင်နေရတယ်....
သဘောက အဝေးပြေးလမ်းတွေဖေါက်တဲ့ အခါ လမ်းမှာပိတ်ဆို့ တားဆီးနေတဲ့ ကြီးမားမာကျော ခိုင်ခန့် လွန်းတဲ့ ကျောက်တောင်ထုကို ကျော်ရင်ကျော် ပတ်ချင်ပတ်သွား ဒါမှမဟုတ် ကျောက်တောင်ထုကို ဖေါက်ထွင်းကျော်သွားနိုင်ကြတာဟာ တွေးခေါ်ကြံဆနိုင်မှု့ မှာ ထက်မြက်တဲ့ လူ့ ဥာဏ်စွမ်းဟာ အခရာကျတယ် ဘယ်လို နည်းနဲ့  ဘယ်ပုံစံနဲ့  ဘယ်ပစ္စည်း နဲ့ ဒီကျောက်တောင်ကို ကျော်လွှားကြမလဲဆိုတဲ့  ဥာဏ်ပညာအမြင်နဲ့ မှ လူ့ ရုပ်ခွန်အားထက် ထုထည်ကြီးမားတဲ့  ကျောက်တောင်ကြီးကိုကျော်နိုင်တယ်ပေါ့ လေ...
မိုက်ရူးရဲဆန်ရင်တော့  မြန်မြန်ကားသွားမယ်ပေါ့ လေ.
---------------
ငယ်ငယ်က ဒေဗစ်ချမ်းတို့ တီလုံးတို့ သိုင်းကားတွေမှာ သိုင်းသမား '' တစ်ယောက်ထဲက လူအများကြီးကို '' အနိုင်ယူပြလိုက်တာမှာ ဟီးရိုးဆိုပြီး သိပ်သဘောကျခဲ့ တယ်..၊ ပြီးတော့  သိုင်းတအားတတ်ချင်လို့ လျှောက်သင်လိုက်သေးတယ်၊ အချိန်တော်တော်ကြာကြာအထိ သိုင်းပညာတွေ အပါအ၀င် ကရာတေးဘာညာတွေကို ''ရုပ်ခွန်အား'' (၀ါ) ရုပ်စွမ်းရည်သက်သက်လို့ ပဲ မြင်ခဲ့ တယ် ထင်ခဲ့ တယ်။
နောက်တော့ တွေးတဲ့ အခါ အဲ့ မှာ သိုင်းပညာဆိုတာ တိကျတဲ့ တွက်ချက်မှု့ တွေ တိကျတဲ့ လေ့ ကျင့် မှု့ တွေ တိကျတဲကာကွယ်မှု့ နဲ့ တည်ငြိမ်တဲ့ စိတ်သမာဓိတွေ နဲ့  ခွန်အားပုံမှန်ပဲရှိတဲ့ ရုပ်ဘော်ဒီကို အင်အားအလွန်ကြီးတဲ့ လက်နက်လို အသုံးချသွားတာပဲဖြစ်တယ် ။ အတွေးအခေါ်တွေပါတယ် ။ ကိုယ့် တာကိုယ်လုံအောင် အရင်လေ့ ကျင့် ထားတာတွေပါတယ် ၊ သဘောက ဒီလောက် အဆမတန်များပြာတဲ့  တစ်ဖက် ရန်သူအများကြီးကို ပညာ အတွေးအခေါ်မပါတဲ့  တိရိစ္ဆာန်လို ရုပ်ခွန်အားသက်သက်နဲ့  မယှဉ်နိုင်ဘူး ခဏလေးနဲ့ ကားသွားမယ်ဆိုတာတွေ့ ရပြီ..
သဘောက လူ့ ဘော်ဒီထက် ဘယ်လိုမှ မနှိုင်းသာအောင် ရုပ်ခွန်အားကြီးတဲ့ ဆင်တွေ ခြင်္သေ့ တွေကို လူတွေက ထိမ်းချုပ်ထားနိုင်တာ လူ့ နှလုံးရည်ဆိုတဲ့  ပညာအတွေးအခေါ်နဲ့ ထိမ်းချုပ်ထားတာလို့ မြင်နိုင်တယ်...သဘောက ရုပ်ရုပ်ချင်း ယှဉ်လို့ မရတဲ့ အခြေအနေမျိုးတွေမှာ ..ဥာဏ်ကောင်းတဲ့ သူသာ ကြာကြာ ရှင်သန်နိုင်မယ် တိရိစ္ဆာန်တွေလို မိုက်ရူးရဲဆန်ရင်တော့  မြန်မြန်ကားသွားမယ်ပေါ့ လေ...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..