Powered By Blogger

Monday, August 17, 2015

'''ရမ်းပြော ရမ်းမှန် အကြားအမြင် ဆရာမ ''

'''ရမ်းပြော ရမ်းမှန် အကြားအမြင် ဆရာမ ''
------------------------------
အရေးအခင်းပြီးစ ၉၀စွန်းကာလတွေမှာ ဆရာက ရွှေတိဂုံဘုရား ဗဟန်းမုဒ် အလယ်ဖြတ်လမ်းဘေး က ယာယီ ဈေးဆိုင်တန်းက ဗေဒင်တန်းမှာ ဆိုင်ထိုင်ပါတယ် အဲ့ မှာ ကျနော်တို့ က တပည့် တွေပေါ့ ရုန်းရုန်းရုန်းရုန်းနဲ့  ဗေဒင်ကနဲနဲ ဆရာကြီးပညာအကြောင်း လေဖောကျတာကများပါတယ်..

အဲ့ ဆိုင်တန်းမှာ တစ်ခြားဆရာတွေလည်းရှိပါတယ်..ဗေဒင်ဆရာဆိုတာ ကိုယ့် ဟာကိုယ်တော့  ဆရာသခင်တွေချည်း လိုလို ကိုယ့် စတိုင်နဲ့ ကိုယ့် ပရိပ်သတ်သဘောမို့  မေးထူးခေါ်ပြောတွေပေါ့  ...( အဲ့ မှာ ဗေဒင်ဆရာတွေရဲ့  စရိုက် တော်တော်များများကို ဆရာ့ တပည့် စတိုင်နဲ့  ဒိုင်လျိုလေး ချက်နေလို့ ရခဲ့ တာပါပဲ



အဲ့ ဆိုင်တန်းမှာ ထူးခြားဗေဒင်ဆရာမက အမြဲတမ်း ယောဂီဝတ်စုံ မချွတ်တန်းဝတ်ပြီး အကြားအမြင် အမည်ခံ ဗေဒင်ဆရာမပါ...ထူးဆန်းချက်က ဟုတ်တိပတ်တိ တွက်ချက်တာမျိုးမဟုတ်ပဲ ပါးစပ်ကနေ ကျောင်းစာကို ပြန်ဆိုပြသလိုလို စက်သေနတ်နဲ့  အတွဲလိုက်ပစ်သလို တတွတ်တွတ်နဲ့ တရစပ်ဗေဒင်ဟောတာမျိုးပါ...

အဲ့ ဆရာမ သမားရိုးကျဗေဒင်တွက်ရိုးတောင် သိပ်မတွက်တတ်တာ အဲ့ ဗေဒင်တန်းကရော မုန့် ဈေးတန်းကလူတွေသိပေမယ့်  အဲ့ ဆရာမကိုတော့ လျှော့ မတွက်ကြပါဘူးဗျာ...ဘာလို့ ဆိုတော့  အဲ့ ဆရာမမှာလည်း သူ့ ပရိပ်သတ်နဲ့ သူ လူစည်ပြီးအလုပ်ဖြစ်နေလို့ ပါပဲ...အဲ့ ဆရာမမှာ ဘေးကနေ စောင့် လျှောက်သလိုလို အိမ်သားလိုလို နဲ့ ဘဲကြီးတစ်ပွေက အမြဲကူညီပေးနေတာ ရှိတတ်ပြီး ဘိုးတော်ပုံလည်း ပေါက်နေပါသေးတယ်...အမှတ်တမဲ့ ဆို ဘိုးတော်မယ်တော်တွေစတိုင်ပေါ့ ..

ဘာနဲ့ ဟောဟော မှန်ရမယ့် လူကို မှန်အောင်ဟောနိုင်လို့  ဗေဒင်နဲ့  အသက်မွေးလို့ ရနေတာမျိုးဖြစ်ပြီး တစ်ခြား ဗေဒင်ဆရာမတစ်ချို့ တွေလို့  အရှုတ်ထုတ်ဇာတ်ကားတွေ မရိုက်ကြလို့ ဆရာနဲ့  အဲ့ ဆရာမတို့ နဲ့  ဆက်ဆံရေး က ဂွတ်ပါတယ်

ပထမမှာကျနော်တို့ က ဗေဒင်တကယ်မတွက်ပဲ စိတ်ကထင်တာတွေ လွှတ်နေတာလို့ ဆိုပြီး အထင်စမော်လ်မိသေးလို့ ရယ် အထင်စမော်မိပေးမယ့်  မှန်ပုံကလည်းရလို့ အထင်လဲမသေးဝံ့ တာရယ် နောက်ကလဲ နောက်ချင်သေးတာနဲ့  ကျနော်တို့ အဲ့ ဆရာမကို '''ရမ်းပြောရမ်းမှန်အကြားအမြင် ဆရာမ ''လို့  နောက်ကြပါတယ်...

အဲ့ မှာ ဆရာက ကံတွေသဘောကိုပြောတော့ တာပါပဲ အညာဥပမာပေါ့ ..ထန်းသမားစားဖို့ ထနို့ ထွက်ပေးရတယ် ပေါ့ လေ...သဘောက လူတစ်ယောက်ဖြစ်လာရင် သူ့ ကံနဲ့ သူ့  အသိုင်းအ၀ိုင်းသဘောတွေ ပါလာပြီးသားသဘောပေါ့ ...အဲ့ တော့ မှ ရိပ်မိပါတော့ တယ် သူ့ ပရိပ်သတ်နဲ့ သူ သဘော..။  အဲ အဲ့ လို စိတ်ကထင်တာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြောချလိုက်လို့  မှန်သွားတတ်တဲ့ အကြောင်းက အဲ့ ဆရာမက ၂ ကြွင်း တနင်္လာ မို့ ပါတဲ့ ဗျာ

..မဟာဘုတ် ၇ ခုထဲမှာ မွေးရာပါတတိယမျက်လုံးလို အလိုလိုသိစိတ် အင်အားကောင်းကောင်းနဲ့ ပါလာတတ်တဲ့ မဟာဘုတ်က ၂ ကြွင်းမဟာဘုတ်မွေးတွေကက ပထမစွဲလောက်ပါတယ်တဲ့ ..တစ်ချို့ တောမှာဆို ၀မ်းတွင်းစုန်းလို့ တောင် စွတ်စွဲခံရတဲ့ အထိ အာရုံလွန်သိသဘောကြီးသလို သိုက်ကလာသလိုလို ခေါင်းစွဲလိုလို အာရုံလွန်သိတွေလည်း များတတ်တဲ့  အကြွင်းပါပဲလို့ ဆိုတယ်....အဲ့ လို အာရုံလွန်သိတွေ ရတတ်တာ သိသာရတဲ့ အကြောင်းက စိတ်ပုတိထိုင်ထားလို့ ပါလို့ ပါပဲဗျာ. ပုတိဆိုတာ ဖုံးထားတာတွေကို ဖေါ်တတ်တဲ့ နေရာတစ်ခုပါပဲဗျာ....ဒါကြောင့်  ၂ ကြွင်းမွေးတွေ သူများအပြစ်ကို ရှာတဲ့ နေရာမှာ ထူးချွန်တတ်သူတွေဖြစ်တယ်လို့ ဆိုတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..