Powered By Blogger

Sunday, August 16, 2015

ညခရီးသွား...

ညခရီးသွား...
---------------
ဒီအလုပ်ကိုမလုပ်ခင်တုန်းက မိဘအလုပ်မို့  လဆန်းတိုင်းကြွေးသိမ်းခရီးစဉ်ထွက်ရတယ်၊ တစ်မြို့ ဝင်တစ်မြို့ ထွက် ကားပေါ်အိပ် လမ်းထမင်းဆိုင်စားပဲ ၊တစ်ချို့ မြို့ မှာတော့  မိတ်ဆွေတွေအိမ်ညအိပ်ရတယ်။ အဲ့ အခါမျိုးတော့ ကျောညောင်းသက်သာတယ်၊

ခရီးကြောက ကားလမ်းများလို့  ရထားစီးရခဲတယ်၊ တစ်ခါတစ်လေ မန္တလေးသီးသန့် ဆိုမှ ရထားနဲ့ အတက်အဆင်းတိုက်ရိုက်ပေါ့ လေ၊ ကားခရီးစဉ်နဲ့ သွားတဲ့ အခါမှာတော့  အနဲဆုံး ၃ညအိပ် ၄ရက် လောက်ကြာတယ် လမ်းမှာ က ည ခရီးစဉ်တွေများတယ် နေ့ ဘက်က ဈေးဆိုင်တွေမှာ အကြွေးသိမ်း တော်ကီထု ဆိုင်တွေက တိုက်သမျှ လဘက်ရည်သောက် မုန့် စားပေါ့ လေ



အမြဲတန်းသွားနေကျတွေဖြစ်လာတော့ ဘယ်လမ်းက ဘယ်စားသောက်ဆိုင်က ဘယ်လိုဆိုတာသိလာသလို ဆိုင်တွေရဲ့ ဆက်ဆံရေးအကြော ကျနော်တို့ လို ခရီးသည်တွေရဲ့  အကြောတွေက ဘယ်လိုလိုဆိုတာပါ သူ့ ဘက် ကိုယ့် ဘက်အကြောတွေပါသိလာတော့ တာပေါ့ ဗျာ ၊

ခရီးသည်တွေထဲမှာ  အုပ်စု ၂စု ခွဲထားလို ရတာက ကျနော်တို့ လို့  ကုန်သည်သဘော နဲ့  အလုပ်သဘောကြောင့်  ပုံမှန် သွားနေကျ ရက်တွေအတိုင်း ခရီးသွားနေကျလူတွေနဲ့  တစ်ခါတစ်ရံ အကြောင်းတစ်ခုခုပေါ်လို့  ခရီးမသွားစဖူးထသွားရတဲ့ သူတွေဆိုပြီးပေါ့ .
..အဲ့ အုပ်စု ၂ စုကို ပင်တိုင် ဆက်ဆံပေးနေရတာ အဝေးပြေးကားတွေ ၀င်ဝင်ရပ်တဲ့ ထမင်းဆိုင် စားသောက်ဆိုင်တွေပေါ့ 

ဟိုင်းဝေးကားတွေအများစုက ညဖက်ကို အဓိက အားပြုသွားလို့ ဆိုင်တွေကလည်း ညခရီးသွားတွေကို အဓိက အားပြုရောင်းသလိုများတယ်၊ နေ့ ဖက်က ရုံးသမားတွေ ကိုယ်ပိုင်ကား သီးသန့် မိသားစု လိုက်ကားတွေ ညမောင်းနေမကျတဲ့  အိမ်ကားတွေအဓိကသွားလို့ အလင်းရောင်နဲ့  လူတွေက လန်းနေလို့  သူတို့ တွေကို ဈေးရောင်းရတာ ပြဿနာ နဲတယ်. ပြဿနာ အများဆုံးက ညခရီးသွားတွေနဲ့ ညဈေးသည်တွေပါပဲ

ညခရီးသည်ဆိုတာ ကားပေါ်မှာထိုင်ငိုက်လာလို့ ကားအနားရပ်တဲ့ ဆိုင်ရှေ့ ရောက်ရင် အလေးအပေါ့ သွား ဗိုက်ဟာဝမ်းဖြည့်  ရေနွေးသောက် အညောင်းဖြေ သဘောဆင်းတဲ့ အခါ ကားပေါ်က စဆင်းကတည်းက ညောင်းညောင်း ငိုက်ငိုက်နဲ့ ဒရိမ်းဒရိုင်နဲ့ ဆင်းတယ်

 ပြီးတော့  ကားရပ်ချိန်က အကန့ အသတ်နဲ့ မို့  စိတ်အေးလက်အေးကမရှိဘူး ဒီတော့  အလေးအပေါ့ အစားအသောက်တွေမှာ ကိုယ်အရင်ဦးချင်တယ်..။ ဆိုင်သမားတွေကလည်း ညဦးပိုင်းကတည်းက ကားကြီးတွေ တစ်စီးပြီးတစ်စီး ၀င်လိုက်ထွက်လိုက်နဲ့  တစ်စီးတစ်စီးတိုင်းမှာ လူက သုံးလေးဆယ်ကို ဈေးရောင်းနေခဲ့ ရလို့  နေ့ ပိုင်း တစ်နေကုန် ဈေးရောင်းနေခဲ့ ရာကနေ ညဦးပိုင်း ၁၁နာရီလောက်နောက်ပိုင်းကနေ သန်းခေါင်စွန်းစကာတွေဆို လူတွေက ချာချင်ကုန်လာပြီ

အဲ့ တော့  လူတွေက ရောင်းနေကျမို့ နဲ့ စီးပွားရှာသဘောအရ ဈေးသာရောင်းနေတာ  ဘော်ဒီက သိပ်မလိုက်နိုင်တော့ ဘူး အိပ်ငိုက်ကုန်ပြီ ပင်ပမ်းကုန်ပြီ....မိသားစုဆွေမျိုး ဂရုတောင့် တဲ့  စားသောက်ဆိုင်မျိုးဆို အလှည့် ကျ အိပ်သူအိပ် ထရောင်းသူရောင်းမို့  ပြဿနာသိပ်မရှိပေမယ့်  မိသားစုဂရုနဲတဲ့ ဆိုင်မျိုးတွေကတော့  လူခွဲနဲလို့  ခရီးသည်တွေနဲ့ ဆက်ဆံရေးမှာ ကွိုင်တွေ ခဏခဏတက်ကုန်တယ်.

အဓိက ကွိုင်တက်ရတဲ့ ပြဿနာအရင်းခံက ကျနော်တို့  အပါအ၀င် ခရီးသည်တိုင်းလိုလိုက ကိုယ့် ကိုယ်အရင်ဦးစားပေးစေချင်တာကစတာများတယ် အဲ့ ဒါကလည်း ကားနားချိန်က အကန့် အသတ်နဲ့ ဆိုတော့  စားတုန်းသောက်တုန်းမှာ ကားထွက်သွားရင် ကျန်ခဲ့ မှာစိုးတာက စားရသောက်ရတာ ဘယ်ဖြောင့် တော့ မလဲ ၊ အဲ့ မှာ စိတ်က အကဲဆပ်နေပြီ...။

 တစ်ချို့ ခရီးသည်တွေမှာတော့  အဲ့ လိုအကဲဆပ်နေယုံတင်မကဘူး ပိုက်ဆံပေးတာပဲဆိုပြီး ဆိုင်ရှင်တို့ စားပွဲထိုးတို့ ကို လှမ်းခေါ်တာကအစ လေသံက အပေါ်ကလာတယ် အက်ရှင်နဲ့  အကြည့် က ဈေးရောင်းပေးဖို့ နေနေသာသာ ရိုက်လွှတ်ချင်စရာကောင်းတဲ့ အကြောမျိုးနဲ့ ဆိုတော့ ။....

နောက်ကြုံရတတ်တာက ကားဆရာတွေ အပါအ၀င် ပုံမှန်ခရီးသွားတွေနဲ့ လမ်းက စားသောက်ဆိုင် ဆိုင်ရှင်တွေက နှစ်ပေါက်လာတဲ့ အခါ် မျက်မှန်းတန်းမိကုန်တာ ရင်နှီးကုန်တာတွေရှိလာတယ် ဒီတော့  ဈေးသည်သဘာဝ ရင်းနှီးသူတွေကို ပိုဦးစားပေးတာမျိုးတွေ ရှိတယ်

အဲ့ အခါမှာလည်း ဦးစားအပေးမခံရဘူးလို့  ကိုယ့်ကိုယ်ကိုထင်တဲ့  ခရီးသည်တွေကလည်း ညခရီးမို့ အိပ်ရေးပျက် ညောင်းညာနေရတဲ့ ကြားထဲ ကိုယ့် ကိုယ် ပစ်ထားတယ် မစိုက်ဘူးဆိုပြီး စိတ်တွေတိုလာပြီး ဟေ့  ဒီက ထမင်းကြော်မှာထားတာ မရသေးဘုးလားကွ ဘယ်တော့ စားရမှာလဲ လို့  ဆောင့် ကြီးအောင့် ကြီင်္းလဲ လှမ်းအော်လိုက်ရော.....

အမှောင်ထုကျ သူများအိပ်ချိန် ဈေးထရောင်းနေတဲ့ ဆိုင်ရှင်တွေ စားပွဲထိုးတွေနဲ့ ...ငိငိတွေဖြစ်ကုန်တတ်ပြတ်ရောဗျာ

ပြောရရင်ရော ညခရီးစဉ်တွေ ကိစ္စက စိတ်ဝင်စားစရာတွ အများကြီးပါပဲဗျာ..တစ်ခါတစ်လေ အဲ့ လို လဆန်းရက်တွေ ရောက်လာရင် ခရီးမထွက်ရသေးရင်ကို ထမင်းစားမကောင်းချင်သလိုလို ၀မ်းချုပ်နေသလိုလိုပါပဲ....ဟဲဟဲ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..