Powered By Blogger

Sunday, August 16, 2015

'''တောင်တွေရှိနေလို့ ပါ.''.

'''တောင်တွေရှိနေလို့ ပါ.''.
----------------
ကောင်းကင်ခရီး အမြင့် ခရီးတွေ ကို အချိန်တိုအတွင်း အလွယ်တကူ ပျံသန်းတက်ရောက်သွားနိုင်တဲ့ စက်မှု့ နည်းပညာတွေ အရှိန်အဟုန်နဲ့ ပေါ်ထွန်းနေတဲ့ ခေတ်မှာ ဒီလောက် မတ်စောက်ပြီး မာကျောကြမ်းတမ်းလှတဲ့  ကျောက်တောင်အမြင့် ကြီးကို စက်ကိရိယာအကူ မယူပဲ
လူ့ စွမ်းအား ဘော်ဒီ ခွန်အား သက်သက်နဲ့ အသက်ကို ရင်းပြီး စွန့် စားတက်နေတဲ့  တောင်တက်သမားရဲ့  အားထုတ်နေမှု့ ကို မြင်လိုက်ရင် ...အမြင်ထောင့်  အမျိုးမျိုး ခံစားမှု့ အဖုံဖုံတွေ ဖြစ်သွားလောက်မှာပါ...

သတင်းဌာနတစ်ခုက တောင်တက်သမားတစ်ယောက်ကို ဗျုးတဲ့ မေးခွန်း တစ်ခုနဲ့ ဖြေတဲ့ လူစွန့် စားရဲ့  အဖြေက အတော်စိတ်ဝင်စားစရာကောင်းပြီး အတွေးတွေကို အများကြီးရစေခဲ့ ပါတယ်..

''ဘာကြောင့်  ဒီလောက် ကြမ်းတန်းခက်ထန်မြင့် မားမတ်စောက်ပြီး..အချိန်မရွေး အသက်အန္တရာယ် ရှိတဲ့ တောင်တွေကို တက်နေရတာလဲ ''လို့ ဆိုတဲ့ မေးခွန်းကို တောင်တက်သမားဖြေလိုက်ပုံက အေးအေးဆေးဆေးရှိလှပါတယ်..


.'''တောင်တွေရှိနေလို့ ပါ.''..လို့  တစ်ခွန်းထဲ ဖြေသွားတဲ့ အခါ.....


(ဗျူးစာဖတ်နေတဲ့  ကျနော့် မှာတော့  နောက်ထပ် ဘာဆက်မေးရမှန်း
မသိအောင် ဖြစ်သွားပြီး သူ့ လို ဖြေဖို့ ကိုလည်း တစ်ခါမှ မတွေးဘူးခဲ့ ပါဘူးပေါ့ လေ)

စိတ်အဟာရ ဆိုတဲ့ စကားလုံးဟာ ကျနော်တို့ ငယ်စဉ်က မကြားဖူးခဲ့ တဲ့ စကားလုံးဖြစ်ပြီး အခု ဒီဘက်ခေတ်မှ တစ်စ တစ်စ စပြီးကြားဖူးလာတဲ့ စကားလုံးပါ...

အခုတော့  အစားအသောက်ပြင်ဆင်ပုံတွေကအစ ဆေးကုတာအလယ်...စသဖြင့် စသဖြင့်  နယ်ပယ်အသီးသီးမှာ တွင်ကျယ်လာတဲ့ စကားလုံးဖြစ်လို့ လာခဲ့ ပြီပေါ့ လေ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..