Powered By Blogger
Sunday, August 16, 2015
'' စေတနာဟာ...''
'' စေတနာဟာ...''
--------------------
စိတ်ကောင်းထားဖို့ ခွင့် လွှတ်တတ်ဖို့ မေတ္တာထားဖို့ တွေကို လမ်းညွှန်တဲ့ စာတွေ ဖတ်ရတဲ့ အခါ စာကောင်းမို့ ကောင်းတယ်၊ အဲ့ ဒီ့ စိတ်ကောင်းတွေကို လမ်းညွှန်သူ အများစုက လူဝတ်တွေ နဲပြီး သာသနာဝင်တွေ များတယ်...
အဲ့ ဒီမှာ လူဝတ်နဲ့  သာသနာဝင်တွေရဲ့  လူမှု့ ဆက်ဆံရေး ပုံစံက အကြီးကြီးကွာသွားလို့  ပြန်ဆက်ဆံခံရပုံတွေ သိပ်ကွာသွားတော့  စာကောင်းတွေက ညွှန်ပြတဲ့  စိတ်ကောင်းသဘောတွေကို နှလုံးသွင်းရတဲ့ အခါ စာဆိုသလောက် လက်တွေ့ ဘ၀မှာ နှလုံးသွင်းရ သိပ်ခက်တာတွေဖြစ်လာတယ်. .ကောင်းမှန်းသိနေတာတောင် ကျင့် သုံးရ ခက်တယ် ရတဲ့ အခါရ မရတဲ့ အခါမရ...မရတာက ခပ်များများ...
ဆိုပါတော့ ကျနော် ကိုရင်ဝတ်တာ ကျောင်းပိတ်ရင်တစ်နွေလုံး လရှည်ကြီး ၀တ်ဖူးတယ်၊ ရဟန်းခံဘူးတာ ၂ ပတ်ကျော်..။ အဲ့ လို လူဝတ် မဟုတ်တဲ့  ကာလမှာ ကျနော်လုပ်သမျှ မိဘမောင်နှမအမျိုးတွေကအစ သူငယ်ချင်းအဆုံး ကျနော့် ကို သာသနာဝင်ဆိုပြီး မျက်နှာသာပေးတယ် အလိုလိုက်တယ် ရက်စပက်ပေးတယ် ကန်တော့ တောင် ကန်တော့ ခံလိုက်ရသေးတယ်
ကျနော် လိုချင်တာဆို ချက်ချင်းဝယ်ပေးတယ်  ကျနော်က ကျနော်လိုချင်တာ ချက်ချင်း လာမပေးရကောင်းလားဆိုပြီး ခပ်တည်တည်နဲ့ ဟောက်စားလုပ်ကြည် လဲ သူတို့ တွေက စပ်ဖြဲဖြဲနဲ့  ငြိမ်ခံနေကြတယ် ကိုရင်ဘ၀နဲ့  ဗျောင်းဆန်အောင်ဆော့ လည်းအဖိုးတွေအဖွားတွေရော ဘကြီးဘုန်းကြီးအိုကြီးကရော အမျိုးတွေကရော တဟဲဟဲနဲ့  ဟဲ့ တစ်ချက်မလာဘူး..ခွင့် လွှတ်လွယ်လိုက်ကြပုံက ခေးပဲ ဆော့ ပါစေ ကျမ္မာရေးကောင်းလို့ ဆော့ နိုင်တာဆိုတာမျိုးတောင်ပါလိုက်သေးတယ်..
သဘောက ကျနော့် ကို စိတ်ငြိုငြင်အောင် ကျနော့် ကို စိတ်နာအောင် စိတ်ဒဏ်ရာရအောင် လုပ်မယ့် သူ မရှိသလောက်ပဲ..ပြောရရင် သာသနာဝင်နေတဲ့  ကာလတိုလေးဟာ လောကဓံ အကောင်း ၄ပါးထဲ ၂၄ နာရီလုံးလုံးရောက်နေသလိုပဲ....
လူထွက်တော့  သာသနာဝင်နေတုန်းက ထိမ်းထားတဲ့ စိတ်တွေ လွှင့် ပစ်လိုက်တော့  လူပြန်ဖြစ်။ လူပြန်ဖြစ်တော့  အရင်က ကိုယ့် ကိုယ် သာသနာဝင်မို့ ရက်စပက်ပေးနေတဲ့ သူတွေ အလိုလိုက် အကြိုက်ဆောင်နေတဲ့  လူတွေက လူ ကို လူလို ပြန်ဆက်ဆံတော့ ..လောကဓံဆိုး လေးပါးက အခုမှ စကြုံဖူးသလိုလို
စီးပိုးလာတဲ့ သူလား..ဖိုက်တင်..ငယ်ထိပ် ပါးပါးလေးလာပွတ်သူလား ဖိုက်တင်ပဲ  သာသနာဝင်နေတုန်းက ဘယ်ရောက်နေမှန်းမသိလို့  ငြိမ်းချမ်းနေသလိုလို နဲ့  ပျောက်နေတဲ့  လောကဓံဆိုးလေးပါးကို လူလည်း ပြန်ဖြစ်ရော  ပြန်ကြုံရပြီဆိုတော့ ...
စိတ်က ပျော်စရာရှိတာပျော် နာစရာရှိတာနာ ရယ်စရာဆိုရယ် ငိုစရာဆိုငို..နဲ့  ရသ ၉ပါး အစုံ ကြုံရတဲ့  လူဖြစ်သွားတယ် ၊
..ဒီတော့  ဒီလောက် ရှုတ်ယှက်ခတ်နေတဲ့ လောကီလှုမှု့ ဘ၀ထဲ မတစ်ထောင်သား အကွဲကွဲ အပြားပြား စရိုက်ပေါင်းစုံနဲ့  လူတွေ နဲ့ ဆက်ဆံနေရတော့ ...
.အဲ့ ဒါကြောင့်  စေတနာဟာ လူတိုင်းနဲ့ မတန် တို့  သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါတို့ ဆိုတဲ့  ဒဏ်ရာတွေ နာကျည်းချက်တွေ နဲ့ လူ့ ဖီလင်စစ်စစ်တွေက ထွက်လာတဲ့  စိတ်ပေါက်ကွဲမှု့ တွေကို ရောင်ပြန်ပြနေတဲ့  လက်တုန့် ပြန်စာမျိုးတွေမွေးဖွားလာတော့ တာမျိုးပေါ့ လေ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..