Powered By Blogger

Thursday, February 5, 2015

'' ပြောနေရဦးမည့် ...''


မေတ္တာတရားအကြောင်းတွေ ပြောနေကြရင်းကနေ
ကိုယ့် မေတ္တာနဲ့ သူ့ မေတ္တာ စစ်ဖြစ်ကြတယ်..
စစ်ဖြစ်မှတော့ မေတ္တာတွေအသေအပျောက်ရှိလာတော့ တာပေါ့ 
မေတ္တာပြိုမေတ္တာပျက်ကပ်တွေဆိုက်လာတယ်
မေတ္တာပြေးဒုက္ခသည်တွေ လည်းများလာတယ်
မေတ္တာငတ်ဘေးတွေလည်းဆိုက်လာတယ်
မေတ္တာမုဆိုးမမေတ္တာသားပျောက်သမီးပျောက်မြေးပျောက်တွေ
မေတ္တာအိမ်ခြေမဲ့ မေတ္တာယာမဲ့ မြေမဲ့ တွေဒုနဲ့ ဒေးဖြစ်လာတယ်
မေတ္တာအကြောင်းတွေပြောတဲ့ နေ့ တော့ ပြက္ခဒိန်ထဲရောက်နေပြီ
စစ်ပွဲကင်းတဲ့ နေ့ တော့  ပြက္ခဒိန်ထဲမှာ မထည့် နိုင်သေးဘူး.
မေတ္တာအကြောင်းတော့ ပြောလို့ ရသလောက်တော့ ပြောနေကြတုံးပဲ
ပြောဖို့ ကတာဝန်ရှိတယ်လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..