'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, February 5, 2015
ဘ၀အတွေ့ အကြုံဆိုတာ တစ်ခါတစ်လေ နှလုံးသားနဲ့ ရင်းခဲ့ ရတဲ့ အခါတွေမျိုးလည်းရှိပါတယ်.
စာစောင်ထဲမှာ..အသက်၆၀ တန်းရှိနေပြီဖြစ်တဲ့ သူ့ အစ်ကိုဟာ ချောင်းတခွတ်ခွတ်ဆိုးလို့  ပါရဂူနဲ့ ပြ စစ်စရာရှိတာအကုန်စစ်ပြီး မှတ်ချက်ချတာက နဲနဲပြင်းတဲ့  တီဘီပါလို့ ဆိုတယ်..သူများ၆လ သူ၉လလောက်ဆေးသောက်ရမယ်လို့ လည်းဆိုတော့  သောက်ပါတယ်..၂ပတ်လောက်မှာ အခြေအနေပိုဆိုးလာလို့ ဒုတိယမြောက်ဆီရောက် လည်ချောင်းလိုလိုနဲ့ ကြာ..တတိယမြောက်ကြမှ ချက်ချင်းနီးပါးလောက်ခေါင်းစဉ်တပ်တာက အဆုတ်ကင်ဆာလို့ ဆိုတယ်...ဆေးလိပ်သက်က အနှစ်၃၀ လောက်ကိုး..ရောဂါနဲ့ အမည်နဲ့ ကွက်တိကျတော့  လွန်ခဲ့ ပြီပေါ့ လေ...တီဘီဆေးပြင်းအားက ၀ိတ် နဲ့ ကိုယ်ခံစွမ်းအားကိုအရင်ဖြိုချထားလိုက်သလိုဖြစ်သွားပုံပေါ့ ...ညီလုပ်သူက ဘာညာဘာညာတွေ အတွက်မဟုတ်ဖူး အချိန်လေးယူပြီးတော့  စစ်ပေးသင့် တယ်ဒါဆို ရောဂါနဲ့ ခေါင်းစဉ် သိပ်မလွဲနိုင်တော့ ဘူးဆိုရင် အခြေအနေတစ်မျိုးဖြစ်လာနိုင်တာပေါ့ လို့ ဆိုတယ်...
သူ့ ရင်ဖွင့် ဗျူးစာလေးဖတ်ပြီးတော့ ကိုယ့် အမေကိစ္စပြန်သတိရသွားတဲ့  ဖြစ်ပုံက အတူတူ နီးပါးပါပဲ...ကျေးလက်သူတွေမို့  ခပ်ငယ်ငယ်ကတည်းကနေ ဆေးလိပ်သောက်တတ်သူ ဖြစ်နေခဲ့ ပြီ.. ဒီလိုပါပဲ ချောင်းဆိုးလာတယ် ညနေစောင်းကိုယ်ငွေ့ ပြန်တယ်..မအီမသာဖြစ်တယ် ခံတွင်းပျက်စပြုတော့  ဆေးခန်းပြပါတယ် စစ်စရာရှိတာတွေ စစ်တော့  သွေးမှာသာ တီဘီပိုး မတွေ့ တာ အဆုပ်ဓါတ်မှန်က ဖွေးနေတယ်..ဆေးလိပ်သောက်သက် ရင့် နေသူမို့  တီဘီလို့ ထင်ပါတယ်တဲ့ ...ဒါနဲ့ တီဘီဆေး အွန်ပါတယ်..၃ရက် ၄ရက်လောက်မှာ ချောင်းဆိုး ရပ်သွားတယ် ကိုယ်အပူငွေ့ မရှိတော့ ဘူး..ချောင်းဆိုးရပ်တော့  ချောင်းဆိုးလို့  အိပ်မရတဲ့ ညတွေကနေ အိပ်ပျော်လို့ ရလာတာပေါ့ ...ဒီတော့  ဟုတ်ပြီပေါ့ ...
တစ်ပတ်ကျော်လောက်မှာ ချောင်းပြန်ဆိုးလာသလို ဒီတစ်ခါ အဆိုးမှာ သွေးစတစ်ချို့ ပါ ပါလာတယ်...တအားဆိုးလို့ များ လည်ချောင်း သွေးကြောမျှင်လေးတွေ ပေါက်တာလိုလို ကိစ္စ မရှိဘူး လိုလိုပါ..အရင်က သွေးစမပါဘူးလေ .နောက်တော့ ခံတွင်းပျက်သွားပြီး အစာစားရင် လည်ချောင်းထဲ တစ်စို့ စို့ ပါတဲ့ ..မြိုရခက်လို့  အစားစားရမှာ စိတ်ကုန်လာတယ်.
.ဒါနဲ့  တီဘီဆေးသောက်ရလို့  ၀ယ်ထားတဲ့  စက်နဲ့  ပေါင်ချိန်တော့  ဘော်ဒီ ၀ိတ်ပါဆွဲချသလို ကျသွားတယ်အဲ့ ဒီ့ အချိန်မှာ အမျိုးထဲက ဆရာဝန်မက အိမ်ဝင်လာရင်း သူ့ ဆရာဆီကိုခေါ်သွားပေးတော့  သူ့ ဆရာက နားထောင်ပြီး ညာဖက်လည်ပင်းအခြေ နဲ့  ညှပ်ရိုးနားကြားကို ထစမ်းလိုက်တော့  သာကူစိလောက် အသားစိလေးစမ်းမိသွားပါတယ်..ဒါကို အသားစ ယူစစ်ပါတယ်..ဓါတ်မှန်တောင် ထပ်မရိုက်ခိုင်းတော့ ပါဘူး..အသားစ အဖြေက စီအေ ပါပဲ...အမှန်က အသားစယူ မစစ်ခင်ကတည်းက စီအေပဲလို့  သိပြီသား ပိုသေခြာအောင်လို့ ပါတဲ့ ....
တီဘီဆေး ၂ပတ်လောက်အရင် အွန်ထားတာကို ချက်ချင်းရပ်ခိုင်းလိုက်ပါတယ်...ဆေးက နဂိုပြိုလုလု ကိုယ်ခံအားတွေကို ကြိုပြီး ဆွဲချလိုက်သလို ဖြစ်သွားလို့  စီအေ ဟာ တမဟုတ်ချင်း ပိုကြွပြီး အမြစ်ပွားနှုံးမြန်သွားတယ်လို့ ဆိုတယ်...ဒါနဲ့  ကင်ဆာ ဆိုတော့ လည်း ဆာပေါ့ လေ ကုကြရမှာပေါ့ ဆိုပြီး ဆေးကုကြပါတော့ တယ်...
အတွေ့ အကြုံအရ သိလိုက်တာက ချောင်းဆိုးရှည်လာတာကို ဆေးလိပ်သောက်တဲ့ သက်တန်းနဲ့ တွဲပြီး ချောင်းခြောက်ဆိုးတာကြာရင် တီဘီများလား ဆိုတဲ့ ဘက်ကို အရင် စဉ်းစားမိပုံ သဘောကို တွေးလို့ ရတယ်..တစ်ချို့ ဆရာကြီးတွေ ကိုယ်တိုင်က ဝေဒနာသည်တစ်ယောက်ကို စီအေ လို့  ထင်ကြေးပေးရမှာ တွေဝေတွန့် ဆုတ်နေလေ့ ရှိတာကိုလည်း သတိထားမိတယ်.
.ဒီတော့ စီအေထက် တထစ်လျော့ ပုံရတဲ့ .တီဘီဘက်ကို အရင် သွား စဉ်းစားပေးပုံရတယ်.ဝေဒနာရှင်တွေ ကိုယ်တိုင်က ကြားရမှာကို ကြောက်နေတတ်တာကို သိလို့  ပြောချလိုက်ရမှာ အားနာတာလည်း ပါပုံရတယ်...ပြီးတော့  တီဘီချောင်းဆိုးပုံနဲ့  အဆုပ်စီအေ ချောင်းဆိုးပုံ တကယ်တော့  မတူဘူးဆိုတာ မျက်မြင် သိလိုက်ရတယ် တီဘီမှာ လည်ချောင်း အစာနင်တာမျိုးဖြစ့် လေ့မရှိပဲ စီအေ ကြောင့် ဆိုးရင် လည်ချောင်း ရင်ခေါင်းမှာ တစ်ခုခုခံနေသလို တစ်စို့ စို့ သဘောပါလာတာ များတာတွေ့ ခဲ့ ရတယ်....
ဒီလိုပါပဲ ကျောက်ကပ်ကြောင့်  အော့ အံတာနဲ့  အစာအိမ်ကြောင့် အော့ အန်တာဟာ တူသလိုလိုနဲ့ မတူဘူးဆိုတာကိုလည်း မျက်စိလည်သွားလေ့ ရှိတာ သတိထားမိပါတယ်...ဘ၀ရဲ့ တစ်ချို့ အတွေ့ အကြုံတွေဟာ နှလုံးသားနဲ့ ရင်းခဲ့ ရတာပါပဲ....ဘာဘဲဖြစ်ဖြစ် အပြစ်တွေ သိပ်မတင်တတ်တော့ ပါဘူး..ကံကိုပဲ လွှဲချတာ ကျနော်တို့ ကတော့ အကျင့် တောင်ပါနေပါပြီ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..