Powered By Blogger

Thursday, February 5, 2015

'' တစ်ခါတုန်းက မန္တလာဆေးရုံကြီးမှာ..'''




တစ်ခါကပေါ့  သင်္ကြန်ရက်ကြီး မိသားစုလိုက်ကြီး မင်းကွန်းကိုတက်သွားပါတယ် ..အညာနွေနဲ့  ငံပြာရည်ကျော်နဲ့ တွဲမိရာက ဖအေလုပ်သူသွေးတိုးသမားရဲ့  ပရက်ရှာဟာ ကောင်းကင်ရောက်သွားလို့  ကမန်း ကတန်း မန်းရွှေမြို့ တော်ဖက်ပြန်ကူး ဆေးရုံကြီးကို အပြေးအလွှားတင်လိုက်ရပါတယ်..အကြိုနေ့ တင် ရေစပက်နေကြတာရယ်..ကားကိုက ရေပက်ခံဖို့ တာလပတ်အမိုးဖွင့် ထားတဲ့ ဂျစ်ကားဖြစ်နေလို့ လမ်းတစ်လျောက် ရေတွေ ၀ိုင်းပက်တာ..လူမမာပါ ရွှဲရောဆိုပါတော့ ...၊ 

အဲ့ လို ရေပက်ခံလိုက်ရလို့ လည်း လမ်းမှာ ထိလာတဲ့ ရေအအေးဓါတ်ကြောင့်  နေပူဒဏ် နဲ့ အငံ သွေးတိုးပေါင်းပြီး တရှိန်ထိုးတက်နေတဲ့  ပရက်ရှာ နဲနဲကျသွားပြီး ချက်ချင်း ဦးဏှောက်ကြောပြတ် မဂန့် သွားတာလို့ အဆိုးထဲက အကောင်း အဖြစ် ဆရာဝန်ကြီးက ဆိုတော်မူပါတယ်...


သင်္ကြန်ရက်တွေ ဆေးရုံပေါ်မှာ လူမမာစောင့် ပေါ့ ၊ အဲဒီလို စောင့် နေရတုန်း အကြပ်ရက်မှာ အသက် ၂၀ကျော်ဝန်းကျင် ဘဲလေးတစ်ပွေ သတိလစ်ပြီးရောက်လာပါတယ်၊ နောက်မှာတော့  ပါလာတာက ရွာက အစ်မတွေ အဒေါ်တွေပါတဲ့  ၊ရီးစားနဲ့ စိတ်ဆိုးရာက ''၀ါ ပိုးသတ်ဆေး'' လက်ကျန်ကို မော့ လိုက်တာလို့  ဆိုပါတယ်...သူနဲ့ ရွယ်တူကောင်မလေးတစ်ယောက်လည်း ပါလာပြိး တငိုငို တရီရီနဲ့ မို့  စပ်စုကြည့် တော့  စိတ်ဆိုးကြတဲ့ ရီးစားလို့ ဆိုပါတယ်...

အဲ့ ဒီအချိန်မှာ ကိုယ့် ဖအေ လူမမာက အခြေအနေ ဂွတ်နေလို ဆေးရုံ တစ်ခုလုံး လျှောက်သွားပြီး ဟိုနတ်စ်မ နဲ့ တော်ကီ ထုလိုက် ဒီ နတ်စ်ထီးတွေ အပေါက်စောင့် တွေ ဆေးရုံလုပ်သားတွေနဲ့  အာရိုက်လိုက် လူမမာတွေစီသွားမေးလိုက် နဲ့ လျှောက်စပ်စုနေတာပါ....

ကွမ်းချိုးကပ်နေတဲ့  ဆရာဝန်ကြီး ရောက်လာပြီး.အခြေအနေတွေ စစ်ဆေးလိုက်တော့  အသက်နဲ့ နဲနဲ ဝေးပုံရပါတယ်...ဒါနဲ့  အစာအိမ်ဆေးဖို့ ကို နတ်စ်ထီးတွေကို ညွှန်ကြားတော်မူ
ပါတယ်..ဆရာဝန်ကြီးရဲ့ ပုံစံကတော့ အေးဆေးပါပဲ..၊ ဒါနဲ့ အူဆေးဖို့ ကို ထရော်လီလေးပေါ် ပက်လက်လှန်တင် တွန်းသွားရင်း လမ်းမှာ ကျနော့် ကို့ ပါ လိုက်ကူပေးပါဆိုလို့  ဘာကူပေးရမလဲဆိုပြီး စပ်စုချင်တာနဲ့ ပါသွားခဲ့ ပါရောဗျာ...

သင်္ကြန်ရက်ကြီးဖြစ်လို့ ဆေးရုံမှာ နတ်စ်မတွေ နတ်စ်ထီးတွေ အင်အားနဲနေပြီး အများစုက သူ့ တာဝန်နဲ့ သူ လူမလောက်ဖြစ်နေသလို ဟိုဖက်က အရေးပေါ်မှာ ပါသွားနေကြလို့  အကူအညီတောင်းတာပါလို့ ဆိုပါတယ်...

ဒါနဲ့ ရေဘုံဘိုင်နား ရောက်တော့ အူးဆေးမယ့် ကရိယာတွေ မြင်လိုက်ရတာနဲ့  ရင်တွေတောင် တုံသွားလောက်ပါတယ် ၊ ဓါတ်ဆီကဲ့ တဲ့  သွပ် ကတော့ ခွက် ခပ်ကြီးကြီးဖြစ်ပြီး ကတော့ ခွက် နှုတ်သီးမှာက ဓါတ်ဆီပိုက် အကြည် ကို စွပ်ထားတာပါ..ပိုက်အရှည်က ၂တောင်ကျော် သုံးတောင်လောက်ရှိပါတယ်.။ အဲ့ အချိန်မှာ သတိလစ်သလိုဖြစ်နေတဲ့ ဘဲနာလေးက လှုပ်ရှားသံတွေကြောင့်  မျက်လုံးလေး အသာမှေး ဖွင့် ကြည့် တာကို မြင်လိုက်ရပါတယ်...

နောက်ထပ် ကရိယာတစ်ခုက ဘာဂျာအရှည်လောက်ရှိတဲ့  ၀ါးကျစ်လေး ကို အဖျား ၂ဖက်မှာ သားရေချည်ထားတဲ့ ကရိယာလေးပါ...သားရေကိုဆွဲဖြဲ ခေါင်း နောက်စိကနေ စွပ်လိုက်တော့  ပါးစပ်မှာ ဘာဂျာလေး တပ်လျက်သားလေး စတိုင်လို ဖြစ်သွားပါတယ်....လျှာကိုက်မိရင်ပြတ်သွားမှာစိုးလို့ ပေါ့ လေ

နောက်တော့  နတ်စ်ထီးက ပါးစပ်ကိုဖြဲ ပိုက်ကို ထိုးထဲ့ လိုက်တာ ပိုက်က ဗိုက်ထဲကို ၀င်သွားပါတော့ တယ်..၊ ပိုးသတ်ဆေးသောက်လာတယ်ဆိုတဲ့ ဘဲလေလည်း အဲ့ တော့ မှ အလန့် တကြားထရုန်း..လို့  သူမိသားစုတွေရော ကျနော်ပါ ခြေတွေ ဖိထား လက်တွေ ချုပ်ထား ကိုယ်လုံးပေါ် ဖိထား လိုက်ရပါတယ်...ပြီးတော့ မှ ကတော့ ခွက်ကြီးကို ခပ်မြင့် မြင့်မြှောက်ပြီး မတ်ခွက်ကြီးကြီးနဲ့  ရေတွေ လောင်းထည့် လိုက်တာ ပြည့် လျှံပြီး ပါးစပ်က ပြန်ထွက်လာတဲ့ အထိပါပဲ... 

အဲ့ တော့ မှ ရပ်ပြီး အဲ့ ဘဲလေးကို တစ်ခြမ်းစောင်း ကျောကို တဘုံးဘုံး နဲ့ ထုလိုက်တော့  ဗိုက်ထဲက ချဉ်စုတ်စုတ် အနံ့ ထွက်နေတဲ့ ရေတွေဟာ ဝေါကနဲ ပန်းထွက်လာပါတော့ တယ်....ပြီးတော့  ၀ါးကျစ်လေးကို ပါဒစပ်ထဲ ကန့် လန့် ပြန်ခံထားလိုက်ပါတယ်...နွားပါးစောင်နှစ်ဖက်က နားဖားကြိုး ထွက်လာသလိုပါပဲ....။

အဲဒီလိုလုပ်တာ ၂ ကြိမ်မြောက်လည်းရောက်ရော ဘဲနာလေးက .ငယ်သံပါအောင် ထ အော်ပုံက..

'' အမလေး.သေပါပြီဗျ..သေပါပြီဗျ..အမေရေ ကယ်ပါဦး..ကျနော့် ကိုသေအောင် ရေလောင်း သတ်နေပါပြီဗျ. ကျနော်သေရတော့ မယ်ဗျ..'''..ပါတဲ့ ဗျာ...ဟီးးး...အနားက သူ့ မိသားစုတွေ နဲ့ သူ့ ရီးစားကတော့  မျက်စ်မျက်နှာတွေပျက်လို့ ပေါ့ လေ...နတ်စ်ထီးကတော့ ......

'''မင့် ..ဘာခုမှ သေမှာ ကြောက်နေရတာလဲ...အခုတော့  ခဏသည်းခံလိုက်ဦး..ငါတို့ မှာတာဝန်ရှိတယ်..''' ဘာညာနဲ့  သဟောက်သဟမ်းနဲ့ ရယ်ကျဲကျဲလုပ်ရင်း ရေဆက်လောင်းလိုက် စောင်း အန်စေလိုက်နဲ့  လေးခါ ငါးခါလောက်လုပ်ပေးလိုက်တော့  ....ဘဲနာလေးလည်း မျော့ ဆင်းသွားပါတော့ တယ်...မသေနိုင်တော့ ပေမယ့်  ရေဒဏ်တော့ အတော်ခံလိုက်ရပါတယ်ဗျား....။

ဒါနဲ့ စိတ်ချရပြီဆိုပြီး ကုတင်နဲ ပြောင်းထားပေးလိုက်ပါတယ်...နောက် မနက်မှာ...အဆိပ် သောက်တာဟာ.ရာဇ၀တ်မှု့  ဖြစ်တယ် ဘာညာ နဲ့  ဘေးလူတွေရဲ့  အသံတွေ ဝေဖန်ချက် ထွက်လာလို့  အဲ့ ဘဲနာလေးနဲ့ ရီးစားလေးဟာ မျက်စိ မျက်နှာတွေ ပျက်လို့  ၂ ယောက်သား ကြိတ်ကြိတ် ကြိတ်ကြိတ် နဲ့ ခေါင်းချင်းဆိုင်နေရင်း..အများစု လစ်တဲ့ အချိန်မှာ ဘယ်အချိန်က ဆေးရုံက ခိုးဆင်းသွားမှန်း မသိတော့ ပါဘူးဗျာ....ဆရာဝန်ကြီးရော ဆေးရုံက လူတွေပါ ဘာမှ လိုက် မရစ်တဲ့ အပြင် တ၀ါးဝါးနဲ့  ပွဲကျကျန်ခဲ့ တော့ တာပါပဲ...

ဆရာဝန်ကြီးပြောတာက ပုလင်းခွံကို ရေကျင်း ပြီးမှ အနံရ ယုံလောက် အသောက်ပြလာမှန်း သိလို့  စကတည်းက မသေနိုင်ဘူးဆိုတာ သိတယ်လို့  ကွမ်းတဖတ်ဖတ်ဝါးရင် ပြောသွားပါရောဗျားးးး.ဟဲဟဲ။။။..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..