Powered By Blogger

Thursday, February 5, 2015

'' ဖိနပ်ဇာတ်ထုတ် ''


ပုံပြင်ထဲမှာ လမ်းပေါ်မှာ ဖိနပ်မစီးဘူး ရေစပ်စပ် စီးနေတဲ့ ချောင်းရိုးလေးတွေဖြတ်မှ ဖိနပ်ချစီးသတဲ့  သူများတွေက လမ်းတစ်လျှောက် ဖိနပ်စီးလာပြီး ရေတောဖြတ်မှ ဖိနပ်ရေစိုမှာ စိုးလို့  ချွတ်ပြီး ခြေဗလာနဲ့  ရေတောဖြတ်တယ် သူက ပြောင်းပြန် အဲ့ တာ ဘယ်လိုကြောင့်  လမ်းတစ်လျှောက်တော့ မစီး ရေတောဖြတ်မှ ဖိနပ်ချစီးရသလဲလို့ မေးတော့ ....လမ်းမှာက လမ်းပေါ်က ခလုပ်ကန်သင်းတွေမျက်စိနဲ့ မြင်နေရလို့ ဖိနပ်မစီးလဲ ရတယ်ပေါ့  ရေတောဖြတ်တော့ ရေအောက်က ခလုပ်ကန်သင်းတွေ ရှိမရှိက ရေတွေ ဖုံးနေတော့ မမြင်ရလို့ ဖိနပ်ချစီး အကာ အကွယ်ယူရတာလို့  ပြန်ဖြေတော့  အလဲ့ ..သူ့ ဆင်ခြင်မှု့ နဲ့  သူ့ ဆင်ခြေက ဂလိုဆိုတော့ လည်း အဟုတ်သားပေါ့ ......

တကယ်ဆို ပြဿနာရဲ့ အရင်းအမြစ်က ပုံမှန်နေ့ စဉ်သုံး ဖိနပ်လေးတစ်ရံတောင် အလွယ်တကူ အပျက်အစီး အပျောက်အရှ မခံနိုင်လောက်အောင် ဖြစ်နေကြတဲ့  မွဲတေမှု့ ပြဿနာများ ဖြစ်နေမလားလို့ ဆိုတာ ဘယ်ထပ်တွေးမိမလဲ..သူများတွေးပြတဲ့ အထိပဲ ....'' သြော် ဂလိုဆိုတော့ လည်း အဟုတ်သား..အတော်ဥာဏ်ကြီးတဲ့ .ဥာဏ်ကြီးရှင်ပေပဲ ''လို့ တောင် ချီးမွမ်းရင်း နောက်ထပ် ထောင့် ပြောင်းတွေးမကြည့် တော့ ပဲ နိဂုံးချုပ်သွားတာ..

အဲ အဲ..တွေးတော့ တွေးမိတာရှိသေးတယ်.'' ငင့် .. ပုံပြင်ကလည်း ရေတော ဖိနပ် ချွတ် လက်ကကိုင်လျှောက်သွားပုံက..ဖိနပ်ကို လူက စီးလိုက် လူကို ဖိနပ်က ပြန်ခို စီးလိုက်သွားလိုက် နဲ့ ဖြစ်နေသလိုကြီးပေါ့ '' လို့  တွေးမိသေးတာ...ဟီးးးး


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..