'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, February 5, 2015
ပွဲရုံ . ပွဲရုံပိုင်ရှင် ပွဲရုံလုပ်သား
ပွဲရုံတစ်ခု လည်ပတ်နေဖို့ နဲ့  ပွဲရုံပိုင်ရှင်ဖြစ်ဖို့ ဆိုတာထဲမှာ ဓနရှိထားယုံနဲ့ တင်မပြီးပဲ ပင်တိုင်ပွဲရုံလုပ်သားတွေနဲ့ တပွဲတိုးလုပ်သားတွေ အနဲနဲ့ အများရှိနေဖို့ လိုပါတယ်....
ပွဲရုံပိုင်ရှင်ဟာ သူ့ ပင်တိုင် လုပ်သားတွေကို အမြဲ မျက်ခြေမပြတ်ကြည့် နေလေ့ ရှိပြီး.အလုပ်ပါးချိန်မှာတောင်မှ ..ငြိမ်သက်ပြီး ကျားထိုးနေတာ ငိုက်နေတာစတာမျိုးတွေကို မကြိုက်ပါဘူး..ဒီတော့  ကြံဖန်ပြီး ဟိုပစ္စည်းဒီရွှေ့ ဒီပစ္စည်းပြန်ပြင်နဲ့  အလုပ် ခိုင်းလေ့ရှိပါတယ်....အကြောင်းက ပွဲရုံဟာ ရိပ်သာ မဟုတ်ဖူး အမြဲ လှုပ်ခတ်လှုပ်ခပ်ဖြစ်နေမှ အသက်ဝင်တယ် လို့ ထင်သလို နေ့ စားခ လစားခ အလကားပေးနေရတာမျိုးအဖြစ်မခံနိုင်လို့ ပါ.....
ဒါ့ အပြင် ပွဲရုံလုပ်သားတွေကို ကုန်အ၀င်အထွက် အတွက် အားပြုနေရလို့  မရှိမဖြစ်သဘောဆောင်ပေမယ့်  လုပ်သားတွေ စည်းလုံးနေမှာကိုလည်း မကြိုက်ပါဘူး...လုပ်သားတွေစည်းလုံးသွားတဲ့ အခါ တစ်ခါတစ်လေ ပွဲရုံပိုင်ရှင်ကို မကျေနပ်တာနဲ့ အားလုံးတိုင်ပင်ပြီး အကုန်လုံး အလုပ်မဆင်းတော့ တာမျိုးတွေ ကြုံရလေ့ ရှိပါတယ်...ဒီတော့  ပွဲရုံရှင် ညစ်ပြီပေါ့ လေ....
ဒါကြောင့်  လုပ်သားတွေကို အမြဲညီညွတ် မနေအောင် သွေးခွဲထားရပါတယ်....သွေးခွဲနည်းကတော့ အစုံပါပဲ...မြှောက်စားတာ ပိုပေးတာ လူမွေးတာ ခေါင်းသူကြီးခန့် တာ သူတို့ အချင်းချင်းထဲမှာ သူလျိုမွေးထားတာ လက်သိပ်ထိုးပေးတာ..စသဖြင့်  အခြေအနေကြည့်  လုပ်ရပါတယ်...တော်လွန်ရင် ကန်တတ်တယ်လို့ ကြိုတွက်ထားတတ်လို့ ရယ် လူတော်ပေမယ့် ပွဲရုံရှင်ဟာ ကိုယ်ကလွဲရင် အိမ်သူကိုအိမ်သားကို တောင်ပုံပြီး မယုံတတ်တာနဲ့  လူတော်နေရာမှာ (အကယ်၍ဖေါက်သွားရင်လို့ ကြိုတွေးပြီး) အစားထိုးဖို့  ဒိုင်လျှိုလေး အရံ လူမွေးထားတာ တွေလုပ်ထား ကြည့် ထား လေ့ ရှိပါတယ်..
တစ်ခါတစ်လေ ပွဲရုံသားတွေကို သေလုအောင် ခိုင်းပြီးမှ သူတို့ ရနေကြထက် ၂ပဲခြောက်ပြားပိုပေး တစ်ရင်းတစ်နှီးဆက်ဆံပြ...ပျော်ပွဲလေးဖန်တီးပေးလိုက်တဲ့ အခါ လုပ်သားတွေဟာ ပျော်ပြီး အရင်က ပွဲရုံရှင်ကို အစာမကြေတာတွေ ရင်ခဏချောင်သွားလေ့ ရှိမှန်းလည်း ပွဲရုံရှင်တွေက အထာပေါက်ပါတယ်...
ပွဲရုံရှင်ဟာ ကိုယ့် ပွဲရုံအတွင်း ကွန်ထရိုးလုပ်နေယုံနဲ့ တင် အေးအေးဆေးဆေး နှပ်နေတာမဟုတ်ပဲ အပြိုင်ရုံတွေက သူများလုပ်သားတွေကိုက လာဘ်ထိုးတာ အရေးတယူ ဆက်ဆံပေးတာ ကျွေးမွေးတာတွေ လုပ်ပြီး သတင်းသူလျိုလုပ်ပါသေးတယ်....ပြီးတော့  အချိန်မရွေး ပွဲရုံပြောင်းလာရင် အဆင်သင့် ပဲဆိုပြီး စကားလမ်းကြောင်းလေးပါ ချထားပေးပါသေးတယ်...တကယ်ပြောင်းမလာနိုင်မှန်းသိတဲ့ သူကိုပေါ့ ...အဟုတ်မှတ်ပြီး ပြောင်းလာရင်တော့  လိုအပ်တာနဲ့ ကြုံရင် ခဏသုံးသဘောလက်ခံလိုက်ပြီး လူယုံနေရာတော့  မပေးပါဘူး...မလိုအပ်ရင် ဆင်ခြေလှလှလေးနဲ့ ငြင်းပယ်ပါတယ်....
တစေ့ တစောင်းလေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..