Powered By Blogger

Thursday, February 5, 2015

''အမြဲတန်း ''မဟောသဓာ'' နဲ့  ကြုံနေရမှာမဟုတ်ဖူး..''


ပင်လယ်ဓားပြသင်္ဘောမှာ အောက်ခြေသိမ်း သင်္ဘောသားလေး အဖြစ်ကနေ ထမင်းချက်ရတဲ့  သဘောအထိ လိုက်ခဲ့ ရသူဖြစ်လို့ အားကြီးသူ ဓားပြအပေါင်းရဲ့ အလယ်မှာ ဗိုလ်ကျတာ ခဏခဏ ခံရပါတယ်...ဗိုလ်ကျသူက မာလိန်မှုး ဓားပြဗိုလ်ကြီးရဲ့ လက်ရုံးဆိုတော့ မပြောသာဘူးပေါ့  တစ်နေ့တော့  ထမင်းချက် ခမျာ သူ ပိုက်ဆံ ပျောက်ပါတယ်...ခိုးသူက ဗိုလ်ကျနေကြသူပါပဲ ဒါကို ဓားပြဗိုလ်ကြီးကို သွားတိုင်တော့ ..ဓားပြဗိုလ်ကြီးက နားထောင်ပြီး စီရင်ချက်ချပုံက '' ကိုယ့် လက်ထဲက ပိုက်ဆံမှ ဟာကိုယ် လုံခြုံအောင်မသိမ်းထားနိုင်ရင် အဲ့ ပိုက်ဆံဟာ ပျောက်ထိုက်တယ် '' ဆိုပြီး တရားဆုံးဖြတ် လိုက်ပါသတဲ့ .....

ထင်ရှားတဲ့  သားတရားစီရင်ခန်းမှာ...သားကို မရ ရအောင် ဇွတ်အတင်း လုသူဟာ မိခင်အရင်း မဟုတ်သည့် အပြင် လူစင်စစ်လည်းမဟုတ် ဘီလူးမသာ ဖြစ်ကြောင်း နဲ့  သားကလေး ရဲ့ ကိုယ်လုံး သေးသေးလေးတွေ နာကျင်သွားမှာစိုးလို့  လူယောင်ဆောင်ထားတဲ့  ဘီလူးမ နဲ့  ပြိုင် ဆွဲမိနေသေးရာက ဆက်ပြီးမဆွဲရက်တော့ ပဲ ရင်နာနာ နဲ့ လွှတ်ပေးမိလိုက်သူသာ မအေ အရင်း ဖြစ်ကြောင်းကို.....စီရင် ဆုံးဖြတ်သူက သြဇာကြီးပြီး သမာသမတ်ရှိလို့  တစ်ရွာလုံးနဲ့  ရွာနီးချုပ်စပ်ပါမကျန်မင်းနေပြည်တော်အထိပါ ဂုဏ်သတင်းကောင်း နဲ့ ကျော်ကြားနေတဲ့  ပြီးတော့  ဘုရားလောင်းလဲဖြစ်နေတဲ့ '' မဟောသဓာ''ပါ.....

မဟောသဓာ နေရာမှာ ပင်လယ်ဓားပြမာလိန်မှုးဖြစ်နေပြီး...ဘီလူးမနေရာမှာ မာလိန်မှုးရဲ့ လက်ရုံးကြီးဖြစ်နေရင်...သားလေးဟာ မာလိမ်မှုးနဲ့ သူ့ လက်ရုံးကြီးတို့  နှစ်ဦးသားရဲ့ ညစာစားပွဲကြီးက ၀က်ကောင်လုံးကင် ဖြစ်သွားလောက်မယ်လို့  တွေးစရာရှိပါတယ်....

လောကထဲမှာ နေရတယ်ဆိုတာ...လွယ်ကူတာ မဟုတ်ပါဘူး..အထူးသဖြင့် ဥာဏ်သိပ်များတဲ့ လူ့ လောကထဲမှာပေါ့ လေ..အဲ့ တော့ .လောကခရီးကိုလျှောက်တဲ့ အခါ ...ကိုယ့် အားကိုယ်ချိန်ပြီး.အတော်လေး စဉ်းစဉ်းစားစားတွေးတော လျှောက်ရတဲ့ သဘောပေါ့ လေ..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..