Powered By Blogger

Thursday, February 5, 2015

'''၀ိဇ္ဇာ ဖြစ်မယ့် လူ....'''


ကံကောင်းတာက အဖေက စာဖတ်ဝါသနာပါတော့  စာအုပ်ပေါင်းစုံဝယ်တတ်တဲ့ အဖေမျိုးဖြစ်နေတယ်...ဒီတော့ သူဝယ်တဲ့ စာအုပ်တွေ ကို ကျောင်းစာ မဖတ်ချင်လို့ ယူဖတ် အိပ်ခါနီးဖတ် အိမ်သာတက်ရင်းဖတ် ကျောင်းပြေးရင်းဖတ် နဲ့  စာစုံဖတ်မိတဲ့ အနေအထားလေးရလာတယ်..အဲ့ ဒီကနေ တွေးတောတတ်တဲ့  သဘောပါလာတယ်...ဒီလိုနဲ့  အပိန်ပိန် အလိမ်လိမ်နဲ့  ၁၀တန်းအောင်ရော ဆိုပါတော့ ....

၁၀တန်းဖြေပြီးကနေ တစ်နွေလုံး ကာလရှည် နွေကျောင်းပိတ်ရက်က စာဖတ်ချိန်တွေအများကြီးရခဲ့ တယ်..အဲ့ မှာ ဒဿန စာပေတွေ သွားဖတ်မိတော့  သဘောတွေကျနေတော့ တာပေါ့ ..ဒဿန စာပေတွေ အများစုက အုံး စားစရာတွေ ပါနေလေ့ ရှိတာကိုး...ပြီးတော့  အလိုရမက်တွေကြောင့်  မွန်းကျပ်နေတတ်တဲ့ လူ့ လောကထဲက စိတ်ကို ခဏထွက်ပြေးလို့ က ရနေတဲ့ သဘောလည်းရှိတယ်လေ....


ဒါနဲ့ အောင်စာရင်းထွက်လာတော့  အလယ်အလတ်အမှတ်ကနေ အောင်ရောဆိုပါတော့ ...အဲ့ မှာ ကိုယ် သွားချင်တဲ့  လမ်းရွေးဖို့  ဇာတ်လမ်းက စတော့ တာပါပဲ.... ကံ ထပ်ကောင်းတာက အဖေရော အမေရောက သားလုပ်သူ တက္ကသိုလ် တက်ဖို့  ကို ဘာအိုင်ဒီယာမှ ၀င်မပေးဘူး..သူတို့ သဘောက တစ်ခုထဲ ဘွဲ့ ရရင်ပြီးရောသဘောရှိပုံရတယ်ဒီတော့  ဘာမေဂျာဘက်သွားမလဲက ကိုယ့် အပေါ်မှာ လုံးဝ တာဝန်ရှိသလို ဖြစ်လာတယ်...အမှတ်စာရင်ကြည့် တော့  ဒန်တယ်လ်လောက်အထိတော့  ၀င်နိုင်ခြေရှိနေတယ်..

အဲ့ မှာ ကိုယ့် ဖြတ်သန်းခဲ့ တဲ့ ပညာရေးလမ်းကြောင်းနဲ့  ကိုယ့် စရိုက်ကိုယ်ပြန်ချိန်တော့ တာပါပဲ...သင်္ချာဆိုင်ရာ အတွက်အချက်တွေ နဲ့ ရူပ ဓါတု တွေမှာ အတန်းစဉ် ပြန်ကြည့် ရင်အမှတ်၅၀ ကျော်တာက ခပ်ရှားရှားရယ်..၅တန်းကနေ .၁၀တန်းအထိ လပတ်စာမေးပွဲတွေ ကြည့် ရင် သင်္ချာရယ် ရူပ ဓါတု ရယ် အင်္ဂလိပ်စာရယ်တွေချည်း ပတ်ကျနေခဲ့ တာ ချည်း သိပ္ပံတွဲတွေသာ အခြေက မလှတာ..သမိုင်းပထ၀ီဘောဂတွေကတော့  အမှတ်မြင့် တွေချည်း...ဒီတော့  တွက်အားထက် ကျက်အားတော့ သန်ပုံရတယ်ပေါ့ လေ......

ဒါနဲ့  ပြတ်ပြတ်သားသား စဉ်းစားရတော့ တယ်...သိပ္ပံတွဲလိုင်းတွေသာ သွားရင်တော့  ဒီလောက် အတွက် ပျင်းပုံနဲ့ တော့  ငါတော့  ဒီတစ်သက် ဘွဲ့ ဓါတ်ပုံလေးတစ်ခုတောင် ချိတ်ဖြစ်မှာ မဟုတ်လောက်ပါဘူး လို့ ..ကိုယ့် အကြောင်း ကိုယ်အသိဆုံးကိုး......အဲ့ မှာ ၀ိဇ္ဇာတွဲလိုင်းတွေကို စပ်စုရတော့ တာပါပဲဗျာ.... 

ဝိဇ္ဇာတွဲလိုင်းတွေမှာ သီးသန့် ဆန်ပြီး အမှတ်မြင့် လို့  လူအကန့် အသတ်နဲ့  ခေါ်တာရယ် နောက်ပြီး သွားတက်ရမယ့် နယ်မြေက သီးသန့် ဆန်နေတဲ့  လှိုင်နယ်မြေထဲမှာ ဖြစ်တဲ့  ဘာသာရပ်တွေက ဖလော်ဆဖီ၊ အန်သရိုပေါ်လော်ဂျီ ၊ ဆိုက်ကော်လော်ဂျီ၊ အရှေ့ တိုင်းပညာတွေက အဲ့ နယ်မြေထဲမှာတဲ့ .ကြည့် မြင်တိုင်နယ်မြေတွေ ဗိုလ်တစ်ထောင်နယ်မြေ တွေမှာ မရှိဘူးတဲ့  

.ပြီးတော့  အတွက်က မပါသလောက်ပဲ...အကျက်တွေနဲ့ တွေးစရာတွေ သာပိုများတော့ ..သဘောတွေ ကျပြီး အဲ့ မေဂျာတွေ သာ လျှောက်လိုက်တော့ တာပေါ့ မိဘက ကုန်သည် ဈေးသည်ဆိုတော့  အစိုးရ အလုပ်ကို နဂိုကကို အာရုံ မလာလို့  သိပ္ပံဘွဲ့ မှ ဂုဏ်ရှိတယ်တွေ အလုပ်ရလွယ်တယ် ဘာတွေ အာရုံထဲ မလာပါဘူး.....ကိုယ့် တွက်ကိန်းနဲ့ ကိုယ် လွတ်လွတ်လပ်လပ် ဆုံးဖြတ် လမ်းရွေးခဲ့ တာပါပဲ....ဒါနဲ့ ပဲ ၀ိဇ္ဇာ ဖြစ်လာတယ်ဆိုပါတော့ ....ဟဲဟဲ.....

ဒီအတွေ့ အကြုံတွေကနေ ဘ၀ခရီးအတွက် ဘာတွေရခဲ့ လဲဆိုရင် ကိုယ့် လမ်း ကိုယ်ရွေးခွင့် ရလို့  လမ်းရွေးတဲ့ အခါ ကိုယ့် အကြောင်း ကိုယ် ပြန်သုံးသပ်ပြီး...ပြတ်ပြတ်သားသား ပယ်သင့် တာ ပယ်ရဲ သွားတာ ယူသင့် တာ ယူရဲသွားတဲ့  အကျင့် ကိုရလာတော့ တာပါပဲဗျာ...ပထမဆုံး အကျိုးက ကိုယ်ပြိုလဲသွားနိုင်ခြေရှိတာတွေ အပြိုလဲ ခံနိုင်ပုံမရတာတွေ ကို သွားမတို့ မိတော့ ဘူးပေါ့ လေ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..