'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, February 5, 2015
ဆင်းရဲတော့ လေ..
ဆင်းရဲတာဟာ တော်တော် သိမ်ငယ်စိတ်ဝင်ပါတယ်..ကိုယ်တွေ့ ပါပဲ..ပြန်တောင်အမှတ်မရချင်ပါဘူး..ကလေးချင်းဆိုတာ အများအားဖြင့် ကြားမှာ ကာလာ သိပ်ခံလေ့မရှိပါဘူး.ဒီတော့  သူဌေးသားလေးက သူ့ အိမ်ထဲလိုက်ခဲ့ လို့ ခေါ်ပါတယ် ကလေးဆိုတော့ လိုက်သွားပါတယ်..ကိုယ်တွေက ဈေးဆိုင်ကို အိမ်လုပ်နေရသေးတဲ့ အချိန်ပါ သူ့ ကအဲ့ ခေတ်က ရေခဲ သေတ္တာကြီးတွေသုံးနိုင်တဲ့ မိသားစုကပါ မိဘတွေကလည်းအလွန်သဘောစေတနာကောင်းတာသိသာပါတယ်...
သူအိမ်ထဲလိုက်ခဲ့ လို့ ခေါ်တာက ရေသောက်မလို့ ပြန်ဝင်တာပါ...ကလေးဆိုပေမယ့်  လူ့ သဘာဝက မရှိတဲ့ သူအချင်းချင်းတောင် ငါ့ ဓနိမိုးက ပိုအသားကောင်းတယ် ပိုးမကိုက်ဖူးလို့ နဲနဲပါးပါးကြွားတတ်တာတော့ သဘာဝပါ...သူက ငါတို့ အိမ်မှာ ရေခဲသေတ္တာ ရှိတာ လိုက်ခဲ့  ရေခဲရေတိုက်မယ်ဆိုလို့  ကိုယ်ကလည်း အလကားသောက်ရမနဲဘူးဆိုတဲ့ စိတ်ရယ် ရေခဲသေတ္တာကြီးထဲဘာတွေများရှိမလဲလို့ မမြင်ဘူးလို့  ကြည့် ချင်လို့  လိုက်သွားတာပါ
အိမ်ထဲရောက်တော့ ရေခဲသေတ္တာကြီးနားကိုမကပ်ရဲပါဘူး..ဗုံးတစ်လုံကို မြင်လိုက်ရသလိုပဲ လန့် နေပါတယ် ငါအနားကပ်ကိုင်ကြည့် လိုက်လို့  အစင်းရာထင်သွားရင် ဒုက္ခပါပဲဆိုပြီး လန့် နေတာပါ...သူက ဟန်ပါပါ နဲ့ ရိုးနေပြီဆိုတဲ့ ပုံစံနဲ့ ရေခဲသေတ္တာတံခါးကို ဆွဲဖွင့် လိုက်ချိန်မှာ လန့် လန့် နဲ့ အထဲက ၀ါကျင်ကျင်မီးရောင်အောက်မှာ တန်းစီထည့် ထားတဲ့ ရေခဲရေပုလင်းတွေရယ် တစ်မျိုးလေးလေအေးဓါတ်နဲ့ မွှေးနေတဲ့ အနံ့ လေးရယ်ကို ရှု့ မိလိုက်ချိန်မှာ အိပ်မက်ထဲအထိ ပါလာတဲ့ ရေခဲ့ သေတ္တာကြီးဖြစ်သွားပါတယ်...သူငှဲ့ တိုက်တဲ့ ရေခဲရေကို ကုန်မှာစိုးလို့ ဖြည်းဖြည်းလေးသောက်ရင် သူ့ မိဘတွေများ လာဆူမှာလားလို့ ကလည်း တွေးကြောက်နေမိပါသေးတယ်....
ဆင်းရဲတာဟာ လူကို အလိုလို သိမ်ငယ်စိတ်ဝင်သွားပြီး လူတော သိပ်မတိုးရဲတော့ သလိုဖြစ်ခဲ့ ဘူးတဲ့ အကြောင်းလေးပါ..ပြန်ဆင်းရဲမှာကိုကြောက်ပြီး .ပြန် မတွေးမိအောင်တောင်နေခဲ့ ရပါတယ်...ကံကောင်းတာက ချမ်းသာပြီးရော စိတ်ဝင်မသွားတာကိုပါပဲ...
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..