Powered By Blogger

Thursday, February 5, 2015

''လူတန်းစား တန်းညှိခြင်း...ဖရန့် ရှစ် ခွက်စောင်း နဲ့  သူဖုန်းစားပေးတဲ့ အကြံမို့ ...''


မော်စီတုံးခေတ် စတာလင်ခေတ် နဲ့ တူပါရဲ့  လူကြီးတွေ လှောင်ပြောင် သရော်စကားပြောတာတွေထဲက ကြားဖူးသမျှထဲမှာ မှတ်မိနေပြီး ဟာသမြောက်တဲ့ သရော်စကား  ထိုးဇာတ် ဆန်ဆန်လေးကြားဖူးတယ်...၀ိသမ ဘာညာ မသမာ အာဇီဝ ဘာညာတွေကြောင့် ဆင်းရဲချမ်းသာ မညီမျှလာတော့  ဘယ်လို တိုက်ရင်ကောင်းမလဲဆိုပြီးကနေ လူတန်းစား မကွာရတော့ အောင် '' တန်းညှိလိုက်ကြတာပေါ '့''ဆိုပြီး တော်လှန်ရေး စနစ်တစ်ခု တည်ဆောက်လိုက်တာ အိုကေ ဖြစ်သွားရော တဲ့  အိုကေပုံက အကုန် ဆင်းရဲသွားတာ လို့ ဆိုတယ်.....

''ဖရန့် ရှစ် ''ဆိုတဲ့  ဟာသ ပုံပြင်လည်းကြားဖူးတယ်...နန်းတော်က ဗျင့် သားတော် မင်းသားပျိုလေး တောလည်ရင်းက ရွယ်တူတောသားလေးနဲ့ မိတ်ဖြစ် မိတ်ဖြစ်တော့  နန်းတော် အလည်ခေါ်တယ်..နန်းတော်မှာ ဧည့် ခံပွဲကြီး လုပ်ပေးတော့ စွပ်ပြုတ်တွေ တည်ခင်းတာပါလာတယ်၊ ကိုင်း ကိုင်း..ပျော်ပျော်ပါးပါးကြီး စားကြသောက်ကြပါစို့ ရဲ့ ဆိုတော့  အကြမ်းသမား တောသားလေးက သူ့ ဓလေ့ အတိုင်း အသားတုံးတွေ ပေါင်မုန့် တွေ အားပါးတရစားရင်ကနေ ''စွပ်ပြုတ်'' အလှည့် လည်းကျရော မူလ အလယ်တည် အင်တုံထဲကနေ ပန်းကန်လုံးလေးထဲ ထည့် ပေးထားတာကို ဇွန်း နဲ့ ခတ်သောက်နေရတာ ကြာတယ် ဆိုပြီး ခွက်စောင်းမော့ ရောတဲ့ ......


စားဝိုင်း ရှည်ကြီးမှာ အတူတူ ထိုင်စားနေတဲ့  နန်းတွင်းသားတွေလည်း အဲ့ ဒီလို မမော့ ခဲ့ ဘူးတော့  အံ့ အားသင့် ကုန်တယ်.( အတင်းတုတ်ချင်တာပေါ့ လေ ) . ဒါကို မင်းသားလေးက မြင်လိုက်တော့ သူ့ သူငယ်ချင်း ကိုရွှေတောသားလေး အရှက်ကွဲမှာစိုးလို့ .ဗြုန်းဆို မတ်တတ်ထရပ် ပြီး..''ဟေးးး..ဖရန့် ရှစ် ဖရန့် ရှစ်'' ..လို့  ခပ်ကျယ်ကျယ်လေးအော်ပြီး သူပါလိုက်ခွက်စောင်း မော့ ပြလိုက်တော့  စားပွဲခန်းမ တစ်ခုလုံးက နန်းသူနန်းသားတွေလည်း..''ဟေးးး...ဖရန့် ရှစ် ဖရန့် ရှစ်.''..ဆိုပြီး မတ်တတ်ထရပ်ပြီး အကုန် ခွက်စောင်းလိုက်မော့ ကြပါရောတဲ့ ..

အဲ ပုံပြင်က လက်ဘက်ရည် ပူပူကို သောက်ကလည်းသောက်ချင် ပူလွန်းလို့ မှုတ်ကလည်း မှုတ်မသောက်နိုင် မှုတ်သောက်ဖို့ စိတ်မရှည်တာနဲ့  မြန်မြန်အေးအောင် လို့  ခွက်စောက်ထဲကနေ အောက်ခံပက်လက် ပန်းကန်ပြားထဲ စောင်းထည့်  နှုတ်ခမ်းဝတေ့ ပြီ လက်တုန်တုန် နှုတ်ခမ်းတုန်တုန်နဲ့  တဖူးဖူး နဲ့ သရုပ်ပျက်အောင် မှုတ်သောက်တာကို ဟာသလုပ်ပြောခဲ့ တဲ့ ပုံပြင်ပါ....

သဘောတရားတွေက တစ်ခါတစ်လေ ကိုယ် အတွေးတွေ အသိပညာဥာဏ်တွေ ကိုယ့် အယူ တွေက သူ့ ဟာနဲ့ သူ စမတ်ကျနေရဲ့ သားနဲ့  သူများတွေ နဲ့  တန်းလိုက်ညှိရင်းကနေ ကိုယ်ပါ တဖြည်းဖြည်း သူများတွေလို အတန်းစားထဲဝင်သွားပြီး အသိဥာဏ်ပညာတွေ ချွတ်ခြုံကျသွားတတ်တဲ့ သဘောတရားတွေကို ပုံပြင်လုပ် ပြောနေတဲ့ သဘောပေါ့ ...လောကီ လောကဆိုတာ အတော် အရှုတ်သားလား...အကြံကောင်းပေးတာမှန်း သိပေမယ့်  သူဖုန်းစားကပေးတဲ့ အကြံမို့  မှန်နေဦးတောင်မှာ သူ့ ထက်ချမ်းသာတဲ့  ငါလိုကုန်သည်က သူ့ အကြံကို ယူစရာလားဆိုတဲ့  ပုံပြင်မျိုးလည်းရှိပါသေးဗျာ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..