Powered By Blogger

Thursday, February 5, 2015

'' အပျက်ကမ္ဘာ..''




ကီးကျယ်လွန်းတဲ့ ငလျင်တွေထဲမှာ ငယ်ငယ်ကကြုံဖူးခဲ့ တဲ့  ပုဂံငလျင်ကြီးတစ်ခု ကို အရင်စကြုံခဲ့ ဖူးပြီး..အတော်ကြာကြာ မကြုံရတော့ ဘူး...ခုနောက်ပိုင်းတော့  ငလျင်ကြီးတွေဆိုတာ အတော်စိတ်လာခဲ့ တယ်....

ကမ္ဘာ့  လူဦးရေကလည်း ကမ္ဘာစစ် ၂ စစ်ရော ဒေသန္တရ စစ်တွေရော ဒီလောက် အဆက် မပြတ်ဖြစ်နေတာတောင် သေနှုံးထက် မွေးနှုံးက ပိုနေပုံရလို့ နဂိုကကို လူဦးရေများပြားလှတဲ့ ကမ္ဘာ့ နေရာ အတော် များများမှာ သားဆက်ခြား ကိစ္စတောင် လုပ်နေရတယ်....လူတိုးနှုံးကလည်း မြန်ချက်က..၇၀လွန်နှစ်တွေကမှ သန်းပေါင်း လေးငါးထောင်ကျော်ကနေ ခုန်တက်ပြီး.သက္ကရာဇ် နှစ်ထောင်ကျော်လေးမှာ....သန်း ၇၀၀၀ကျော်သွားတာ တော်တော်မြန်တယ်...လူ့ ဘ၀ ရဲခဲ တယ် ဆိုတာထက် ကောင်းမွန်ငြိမ်းချမ်း သာယာသော အစာရေစာ နပ်မှန်အောင်စားရသော လူ့ ဘ၀ရခဲ ဘိ ဆိုတဲ့  စကားလုံးမျိုးတောင် ပြောင်းမှတ်ရမလိုပဲ...

အယူဝါဒတွေ လိုက်စပ်စုကြည့် တော့ လည်း မနေ့ ကထက် ဒီနေ့ ဒီနေ့ ထက် မနက်ဖြန်ပိုကောင်းလာသော ကမ္ဘာမျိုးကို မတွေ့ ရသလောက်ပဲ နောက်ဆုံး တရားစီရင်မယ့် နေ့ တို့ ဒွန်းစဒေး တို့  ဘာတို့ နဲ့  ကမ္ဘာပျက်ခန်းမှာချည်းလိုလို နိဂုံးချုပ်သွားတာချည်းများတယ်...

သိပ္ပံဆရာတွေကလည်း ကမ္ဘာကြီးကို တစ်နေ့ နေ့ ဆိုတဲ့  အပျက်ဖက်ကချည်း မျှော်လင့် ထားပုံရတယ်..အဲ့ ဒါနဲ့  သိပ္ပံဆိုင်ရာစူးစမ်းချက်တွေလုပ်ဖို့ ဆိုတာနဲ့  ရောသုတ်ကလေးလုပ်ပြီး  အနန္တစင်္ကြာဝဠာကြီးထဲ နေစင်္ကြ၀ဠာကိုတောင် ကျော်ပြီး နေလို့ ထိုင်လို့  အဆင်ပြေလောက်မယ့်  ကမ္ဘာသစ်တွေ တွေ့ လို တွေ့ ငြား ထွက် ထွက် ရှာနေလိုက်တာ..နဲနဲနောနော ဒေါ်လာ အသုံး စားရိပ်တွေလား ဆိုရမလောက်..
အကုန်အကျတွေ ခံနေလိုက်တာ....

အယူအသီးသီးက သဘောတွေအရ ဆိုရင် အနာဂတ်ကာလတွေရဲ့ အဆုံးသတ်တစ်နေ့ မှာ ဒွန်းစဒေးဆိုတဲ့ သဘောလို ကမ္ဘာကြီးက အပျက်သဘောဖက်သွားကိုသွားရမယ့် သဘောဆိုတော့  ကမ္ဘာပျက်ဖို့ ဆိုတာ အပြုဓမ္မ၀ါဒတွေက တဖြည်းဖြည်း နောက်ဆုတ် ပေးလာလိုက်ရပြီး အဖျက် အပျက် အဓမ္မ၀ါဒ သဘောတွေက တိုးတိုးပြီး ပွားများလာမှ ပျက်လို့ ရမှာဖြစ်လို့  အဓမ္မတရားတွေကို ဓမ္မတရားတွေလိုလို ပြောဆိုကျင့် သုံးလာကြတာပိုများလာပုံရတဲ့  သဘောမျိုးဖြစ်နေတဲ့ သဘောပေါ့ လေ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..