အတွေးအခေါ်တို့ လွင့် မျောခြင်းနှင့်  လူ၏ ဆောက်တည်ရာ ဆိုတဲ့ ဘုတ်အုပ်ကြီးကို ယောင်တောင်ပေါင်တောင်နဲ့  စဖွင့် လိုက်တာနဲ့  သိပ်စိတ်ဝင်စားစရာ ကောင်းသွားတယ်၊ အများတကာက ထမင်းအိုး နဲ့ ဖက်ရှင်အကြောင်းချည်းလိုလို တွေးနေချိန် သူတို့ က ကမ္ဘာကြီး ဘယ်ကစသလဲဆိုပြီး တွေးနေကြတာကိုး၊
အစတွေ တွေးကြပုံပါကလည်း စုံနေတာပါပဲ၊ ရေကစသူ၊ မီးကစသူ၊ မြေကစသူလဲပါသေး၊ ရေမြေလေမီးကစတာတဲ့ တစ်ယောက်က၊ ကမ္ဘာကြီးက ဖန်ဆင်း ခံ ထားရတာပါ..ဘာညာတွေလည်း ဆိုတယ်၊ သူတို့ တွေကလည်း တွေးဖို့ က သူတို့ အလုပ်နဲ့ တူပါရဲ့ ထမင်းအိုးသမား နဲ့ ဖက်ရှင်သမားတွေကလည်း သူတို့ အိုးထဲဆန်ပြည့် နေဖို့ နဲ့ အင်းကျီလေး စင်တီမီတာနဲ့ ချုပ်တတ်ဖို့ သာ အရေးကြီးတယ်လို့ တွေးနေကြပုံရပါတယ်။ ကိုယ့် အတွေးနဲ့ ကိုယ်လှုပ်ရှားနေကြတော့  အတွေးသမား ပေါင်းစုံတွေ အများကြီးနဲ့ မျက်မှောက်ခေတ်အထိ တွေးထားတာတွေ တစ်ပုံကြီး ဖြစ်လာသလို ထမင်းအိုးတွေကလည်း မြေအိုးခေတ်ကနေ စတီးအိုးခေတ် ရောက်လာ ဖက်ရှင်သမားတွေကလည်း သစ်ရွက်အုပ် လယ်သာခေတ်ကနေ ရှည်လိုက် တိုလိုက် လုံလိုက် ဖေါ်လိုက်နဲ့ ဒီ့ အနေ့ အထိ ဒီဇိုင်း စုံလွန်းလို့  ကိုယ်လုံးတီး နေတာတောင်ဖက်ရှင် တစ်မျိုးထဲအကျုံးဝင်သွားတယ်၊
လူလုပ်ပစ္စည်းနောက်တွေ လိုက်စပ်စုတဲ့ အဖွဲ့ က လူတွေကလည်း နှစ်ပေါင်း ၄ထောင်ကျော
ဝန်းကျင်လောက်က လူတွေ တည်ဆောက်ထားတယ်ဆိုတဲ့ ပိရမစ်တွေ နဲ့ အိန္ဒိယတိုက်ငယ်က ဘုရားကျောင်းကြီးတွေ မာယာခေတ်က အဆောက် အအုံတွေအကြောင်းတို့  ကိုယ်ကသာ အုပ်ခဲကျိုး အိုးခြမ်းပဲ့ လောက်ထင်တာ သူတို့ အတွက်တော့  ရှေးသမိုင်းဆိုင်ရာတွေမို့  ရွှေထက် ရှားတယ်ဆိုပြီး ဘ၀တစ်ခုလုံးကိုမြှုတ်ပြီး လေ့ လာနေခဲ့ ကြတဲ့ သူတွေကလည်း သူတို့ အစုနဲ့ သူတို့ လားရာ အတိုင်းသွားနေတာ၊ ကွန်ဒိုသမားကတော့ သူ့ ကွန်ဒိုတွေမြန်မြန် ရောင်းထွက်ဖို့ သာ လတ်တလော အရေးအကြီးဆုံး ဖြစ်နေပုံရပါတယ်၊ အိုးခြမ်းကွဲတွေ အကြောင်း အာရုံ လာပုံ မရပါဘူး.
..အဲ့ ဒီလိုတွေ ကိုယ့် ကဏ္ဍနဲ့ ကိုယ်သွားနေကြတုန်း ကမ္ဘာကြီးက သူ့ ဝင်ရိုးပေါ်သူ ၂၃နဲ့ နှစ်ပိုင်း တစ်ပိုင်း စောင်းငန်းကြီး ရပ်ပြီး ပုံမှန်စပိနဲ့ လည်နေတာ ကမ္ဘာမြေတည်စ နှစ်ဘီလျံပေါင်းသန်းပေါင်း ခြောင်ထောင်ကျော်လောက်ဆိုလား ဒါ့ ထက်တောင် ကြာနိုင်သေးကြောင်းဆိုလား ပြန်လဲမတည့်  ထပ်လည်းမစောင်း၊ လည်နေတာက ပိုလည်မမြန်လာ အရှိန်လည် လျော့ မသွား ရပ်သွားဖူးတာမျိုးလည်း မရှိလို့  လောကဓါတ်ဆရာတွေက တွက်ချက်ပြတယ်..သြော်...အင်း..အင်း..ပေါ့ ..ကမ္ဘာကြီးသူ့ ဟာသူစောင်းစောင်း မစောင်းစောင်း ငါ့ အိမ်က ဆန်အိုး ပိုးမထိုးဖို့ က ပိုအရေးကြီးတာ..ဒါက အငတ်ဘေးဆိုက်ပြီးချက်ချင်း မြွေဖမ်းသွားနိုင်တယ်လို့ တွေးသူတွေကလည်း တစ်ပုံကြီးမှ တစ်ပုံကြီး...ကိုယ့် အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပဲ၊ လက်တွေ့ ဘ၀ ဖြစ်တည်မှု့ အမှန်တရား ၀ါဒီတွေဆိုတာ ဒါမျိုးတွေများလား...
ငယ်ငယ်က ဒဏ္ဍာရီလိုလိုတွေလိုကြားဖူးတာက လေယာဉ်စီးသွားတုန်း အန္တရာယ်ကြုံလာလို့  ဟိုဒင်းက အိုက်ချလောင်သဘောနဲ့  လေယာဉ်ကြီးဘေး တောင်ပံပေါ်ရပ်ပြီး ၀င်ကယ်သွားတာ ဟိုနင်းဖြစ်နေတယ်ဆိုတော့  ရင်သပ်ရှု့ မော အံ့ တွေသြပေါ့ ..အိမ်ကဘိုးတော်ကြီးက ညစဉ် ဘုရားရှေ့ ထိုင် ကြေးစည်လေး ထု ပြီး ၃၁ဘုံကို အားရပါးရ မေတ္တာပို့ နေတာ ငါးကြင်းကွက် ရေဖန်ခွက်က နှစ်ခါလောက် ရေဖြည့် ပေးရတယ်၊ အဲ့ အချိန်မှာ ကိုယ်တွေက အစ္စရေးနဲ့ အာရပ် ဂိုလန်ကုန်းမြင့် သိမ်းပွဲတို့  အနောက်ဖက်ကမ်း ဂါဇာကမ်းမြှောင်သမပွဲ အာရပ် အစ္စရေး ၆ ရက်ကြာစစ်ပွဲ ဆိုင်းနိုင်းကျွန်းဆွယ်ကြီးရဲ့ အရှုတ်ထုတ်တွေ မိုရှေဒါယန်းတို့ ဂိုလ်ဒါမေယာတို့ အကြောင်းတွေ ဖတ်ပြီး ဖဲ့ ချက်တွေသဘောတွေကျပေါ့ ...ဖအေက ရှိသမျှ အရပ် လျှာ အမြှတ် ထွက်အောင် စာမေတ္တာ ထိုင်ပို့ နေတုန်း သားက စစ်ပွဲတွေ ရပ်သွားမှာတောင် စိုးနေတာ အတော်တော့ အဆီအငေါ် မတည့် ဘူးပေါ့  မတည့် ဆို လက်နက်တွေကလည်း လွှတ်ကောင်းသကိုး...
ကမ္ဘာတင်မက စကြာဝဠာကြီးပါ မေတ္တာပို့ သူက ပို့ နေတုန်း ဖဲ့ တဲ့ သူတွေကလည်း ဖဲ့ချက်က ကမ္ဘာတစ်ခြမ်းမှာ ဘုရားကျောင်းတွေ စေတီပုထိုးတွေ ၀တ်ကျောင်းတော်တွေ တည်ကြ ဆောက်ကြ လှုကြတန်းကြ ဖြစ်နေချိန် နောက်ကမ္ဘာတစ်ခြမ်းမှာတော့  ကြဲလိုက်တဲ့ ဗုံး ပေါင်ချိန်နဲ့ တောင် အားမရလို့ တန်ဗုံးတွေနဲ့ ချည်းဖြစ်ကုန်ပြီ၊ သက်သက်လွတ်သမားက သက်သက်လွတ် စားတာ ကြာလာရင် အသားလေးတစ်ဖတ် သူငယ်ချင်းဖွက်ထည့် ကျွေးလိုက်လို့  ၀ါးမိတာ ညှီလို့ မဆုံး ပလုပ်ကျင်းလို့ မပြီး တစ်ချို့ များ အန်တောင်အန်သတဲ့ ..အဲ့ အချိန်မှာ အမေရိကားကနေ ဂျပန်ကို အမဲသားပို့ ကုန်ထိုးတက်လာတာက ပထမသုံးလပတ်မှာ တန်ချိန်သိန်းနဲ့ ချီထိုးတက်သွားလို့ နေလို ကုန်သွယ်ရေး ချိန်ခွင်လျှာ ဘာဖြစ်ဆိုလား သတင်းကထွက်လာတော့  သြော..လောက လောက ကိုယ်သန်ရာ ကိုယ် လုပ်နေကြတာကိုး..
ကမ္ဘာကြီးကတော့  ၂၃နဲ့ ၂ပိုင်း တစ်ပိုင်းဒီဂရီ စောင်းပြီး လည်နေတာကတော့  အရင်က တိုင်းထွာ တွက်ချက်ထားတဲ့ အတိုင်းပါပဲတဲ့  ဆက်စောင်းပြီး ဆက်လည်နေတုန်းပါပဲတဲ့ ..မယုံရင်လည်း ကိုယ့် ဟာကိုယ် ပေကြိုးနဲ့  ချိန်သီးယူပြီးသွားတိုင်ခြေပေါ့ ..ငိငိ အဲ .စောစောက ကိုယ် သန်ရာကိုယ်လုပ်ပြီး သေသေသွားတဲ့ သူတွေလည်း မနဲတော့ ပါဘူးတဲ့  နောက် လူတွေကလည်း သူတို့ သန်ရာသူတို့ လုပ်ပြီး သေဦးမှာပါပဲတဲ့ ဗျာ..
.
အဲ့ ဒါပေါ့ ...ဂုဏ်ခံပြီး ပဲထုနေတဲ့  လူတွေကို ဘုရင်ကစပြီး သူဖုန်းစားအထိ ဆွဲစိပြီး လူတန်းစား တန်းညှိပစ်လိုက်တာ .ဘယ်သူဖြစ်ဖြစ် တစ်နေ့ သေမှာပဲ ဆိုပြီး သေခြင်းနဲ့  ဆွဲစိ လိုက်တာ.လောလောဆယ် ဖောင်းတဲ့ ဖားကဖောင်း ပြားတဲ့ ဖောင်းကဖား..အဲ မှားလို့ ပြားတဲ့ ဖားက ပြားဆိုပေသိကာ ပါးစပ်နဲ့ ကလိတိတိ ကညော့်လို့ ရလည်း ပါးစပ်နဲ့ ကညော့်လိုက်ရ မနဲပါဘူးဆိုပြီးတော့ ပေါ့ ....ဟဲဟဲ...။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..