Powered By Blogger

Saturday, September 26, 2015

၉လိုင်း ၈၇ ပုတိ သောကြာသားသင်္ဘောနဲ့  ၇လပိုင်း ၈၇ ပုတိသောကြာသမီး လင်မယားအတွက် ရှေ့ ရေးတိုင်ပင်ကြခန်း



၉လိုင်း ၈၇ ပုတိ သောကြာသားသင်္ဘောနဲ့  ၇လပိုင်း ၈၇ ပုတိသောကြာသမီး လင်မယားအတွက် ရှေ့ ရေးတိုင်ပင်ကြခန်း
-------------
၂ယောက်စလုံး ၅ သောကြာချည်းဖြစ်တော့  ဒီသောကြာသား သင်္ဘောသား ဖြစ်နေတာဟာ ဘ၀တစ်သက်တာ အသက်မွေးဝမ်းကြောင်းအလုပ်သဘောဆန်ပြီ
ကုန်ပေါ် အလုပ် အခြေပြန်ချဖို့  အလွယ်နဲ့ မဖြစ်နိုင်တော့ ဘူးပေါ့ လေ..

သူတို့ လင်မယား အသက်၂၈ မှာ စ လာခဲ့ တယ် စလာတုန်းက သောကြာသားဟာ သင်္ဘောပြန်တက်ရကောင်းမလား အိမ်အမွေကိစ္စ ရှင်းပြီးတဲ့အထိ စောင့် ရမလားဆိုပြီး လမ်း ၂ကြောင်း ကိစ္စ အုံးစားပြီးတော့ လာခဲ့ တယ်...အမွေအိမ်က ညီအစ်ကို ၂ယောက်ဆိုင်ဖြစ်တယ် အစ်ကိုနေတယ်..အစ်ကိုက တာဝန်ရှိတာသိပြီး  မငြင်းဆန်ပေမယ့်  ၀ါးတားတားတွေဖြစ်နေတယ် .သင်္ဘောကလည်းခေါ်နေပြီ....



။ ဒီတော့  တွက်ချက်လိုက်ပြီး လစိတ်အရ ချိန်တော့ အဲ့ သောကြာသား ကို သင်္ဘောကလှမ်းခေါ်နေတဲ့ လစိတ်က ကြာသာပတေးလစိတ်ရောက်နေပြီ ဒီတော့ အလုပ်ပေါ်တာမှန်နေတယ်...နောက်တစ်ချက်က အသက် ၂၈ ဆိုတာ အင်္ဂါသက်ရောက်ဖြစ်တယ် ငွေများများမရနိုင်ဘူး (၀ါ) အမွေကိစ္စမပြတ်နိင်ဘူး
...ပို မပြတ်နိုင်တာက  ၅ကြွင်းဆိုတာ အမွေလွယ်လွယ်နဲ့  မရတတ်ဘူး  သောကြာသားဖြစ်လို့  အမွေကိစ္စ ရှင်းမယ် စကားပြတ်မယ်ဆိုရင် သူ့ အသက် ၃၁ ကြာသာပတေးသက်ရောက်ကြမှ ကိစ္စရှင်းလို့ ပြီးနိုင်မယ်..

ဒီတော့  သင်္ဘောကို လိုက်တော့ မယ်လို့  ပြန်အကြောင်းကြားလိုက်ပါ  ခေါ်တဲ့ ရက် တက်လိုက်သွားပါ အိမ်ကိစ္စ အတွက်က စိတ်အရမ်းပူမနေနဲ့  ပိတောက်ညွန့် သာ လှူလိုက်ပါ  အသံကြားလာရလိမ့် မယ် ကြားလာရတဲ့ အသံအပေါ် မီးစင်ကြည့် ကလိုက်ပါလို့ မှာလိုက်တယ်....

အခု တစ်ခေါက်ထပ်လာတာက မိန်းမ သောကြာသမီး... အခုတော့  သင်္ဘောပေါ် ရောက်သွားပြီ  မူလရာထူး မူလ ကုမ္ပဏီနဲ့  တက်သွားတယ် လစာမဆိုးဘူး ဒါပေမယ့်  သင်္ဘောပေါ်မှာ မူလရာထူးထက် တစ်ဆင့် နိမ့် တော့ တာဝန်ထမ်းရတယ် အဲ့ အတွက် စိတ်အနှောက်အယှက်ဖြစ်နေတယ် ) ကျနော်က
ဂြိုလ်ကံသိပ်မကောင်းလို့ ဖြစ်တာ အဲ့ လို ရာထူးခဏချပေးထားတာဟာ ကြိမ်းကြေသလိုဖြစ်လို့ ကောင်းတယ် ရာထူး ငွေ ကွက်တိသဘောက ၃၁ မှ ဖြစ်နိုင်မှာ လို ပြန်ရှင်းပြလိုက်တယ်)..နောက်တစ်ချက်က အမွေအိမ်ကိစ္စမှာ ဖြစ်လာတဲ့ အကြောင်းက သူ့ အစ်ကိုနဲ့ သဘောတူညီချက်ရသွားတယ်  တန်းဘိုးသတ်မှတ်ပြီး အိမ်ယူမယ် ငွေကို ၅ နှစ် တစ်နှစ်တစ်ခါ ခွဲပေးပါလို့  တောင်းဆိုတယ် အဲ့ မှာ သဘောတူသွားတယ်..အဲ့ ဒါ အိုကေသလား...

အိုကေတယ် အကြွေးသဘောဖြစ်နေလို့  ပြီးတော့  ၅ နှစ်မကြာဘူး အသက် ၃၁ နဲ့ ၃၂ ကြားမှာ အပြီးငွေခြေနိုင်လိမ့် မယ် လို့ ပြန်ပြောလိုက်တယ်
.( အသက် ၃၀ စနေသက်ရောက်ကျော်ကိုမှန်းပြောတာ)...

နောက်တစ်ချက်က ဒီတစ်ခေါက်ပြန်ဆင်းလာရင် ကုမ္ပဏီ ပြောင်းရင် အင်္ဂလိပ်စာလုံး ဘယ်အစတွေနဲ့ စတဲ့ ကုမ္ပဏီကိုပြောင်းရမလဲလို့ မေးလာတယ်...ပြန်ဆင်းလာပြီးရင် ဘယ်တော့ ပြန်တက်ရမလဲ ဆင်းရမှာက မေလထဲ...လို့ ဆိုလာတယ်...

အဲ့ မေလဟာ အဲ့ သောကြာသား မှာ စနေလစိတ် ကုန်ခါနီးဖြစ်တယ် ဒီတော့  ၆လပိုင်းကနေ မွေးလ ၉လပိုင်းကြားပြန်တက်တာကောင်းတယ် တွက်ကိန်းအရ ကြာကြာတောင်နားရမယ်မဟုတ်ဘူး ၄ပတ်လောက်နားပြီး ၇လပိုင်းမှာတင် သင်္ဘောကပြန်ခေါ်လိမ့် မယ် လိုက်သာသွားလို့  အလုပ်ကိစ္စကို အရင်ရှင်းတယ်...ပြီးတော့ မှ  ကုမ္ပဏီချိန်းရင်  S  Y  N  နဲ့ စတဲ့ ကုမ္ပဏီတွေ ချိန်းပါလို့  မှာလိုက်တယ် ( S=အင်္ဂါနံ ၊ Y=ဟူးနံ ၊ N=စနေနံ ပုတိဖွားမှန်သမျှဟာ  နံတိုင်တစ်တိုင်ရဲ့ 
အထက်ဆောင်ပန်း သက်သက်အရဆို အပေါ် သုံး နေရာစလုံးဖြစ်တဲ့  ပဉ္စပွတ် ၊ အညွန် ၊ဆပွတ် သုံးနံစလုံး သန့် နေတယ်

 သဘောက ပုတိ သောကြာ ရဲ့  (ပဉ္စပွတ် ၊ အညွန် ၊ဆပွတ် ) ( အင်္ဂါ ၊ ဟူး ၊စနေနံ ) သုံး နံ စလုံးဟာ ၅ ကြွင်း မဟာဘုတ်အိမ်မှာ ရာဇ ၊ အထွန်း ၊ သိုက် အိမ် (၀ါ) မဟာဘုတ်အပေါ်တန်းမှာချည်း ထိုင်နေလို့ ဖြစ်တယ်၊.....အဆောင် ရတနာ ဘာဆောင်ရမလဲမေးပြန်တော့  စိန် သာ ဆောင်ပါလို့ 
မှာလိုက်တယ်...ပြီးတော့  ၃၀မကျော်ခင် ငွေစုရခက်မယ် ရွှေပြောင်းစုပါ လို့ မှာတော့  စိန်စုရမလားလို့ မေးလာတယ် ဒီတော့  ပိုကောင်းတာပေါ့ လို့ ထပ်မှာလိုက်တယ်..ပြီးတော့  အဲ့ သင်္ဘောသားသောကြာသား ပြန်ဆင်းမလာမချင်း  ပိတောက် ၇ ရွက် ကိုအမြဲလှုထားပါ ပေါင်မုန့် နို့ ဆမ်းနဲ့ 
သီဟိုစေ့ တွေ ကို ခဏခဏ ကပ်ပါလို့ မှာလိုက်တယ်

အခုတော့ သင်္ဘောသားသောကြာသားရော သောကြာသမီးပါ မှာထားသလို ပိတောက်ရွက်ကိုလည်း  ပလတ်စတစ်လောင်ပြီး ဆောင်ထားကြတယ်...ပြီးတော့ ကလေး ဘယ်အချိန်ယူရမလဲ ဟိုတစ်ခေါက်က မယူနဲ့ ဦးဆိုလို့ လို့  ဆိုလာတော့  ဟိုတစ်ခေါက်က အသက် ၂၈ ထဲမှာမို့ ဖြစ်တယ်
အခု အသက် ၂၉ ထဲရောက်ကြပြီဖြစ်လို့  အခုပြန်လာရင် သားသမီး စယူဖို့  စီစဉ်လို့ ရပြီလို့ မှာလိုက်တယ်..

နောက်တစ်ခါ နောက်တော့  အိမ်ဆောက်နေဖို့  မြေကွက်လေး ဘယ်နေရာမှာဝယ်ရမလဲ မှော်ဘီနဲ့  သန်လျင်ဘက် တွေးထားတယ်လို့ ပြောလာတော့ .စဉ်းစားလိုက်တယ် ပြီးတော့  သန်လျင်ဘက်ရွေးပါ...ပြီးတော့  ၀ယ်ခါနီးမှ မြေကြည့် ပြီးမှ ဗေဒင်ထပ်မေးပါလို့  မှာလိုက်တယ် သန်လျင်ကိုရွေးရတာက မှော်ဘီဟာ တပ်နယ်မြေဖြစ်တယ် မြို့ တိုးချဲ့ ရင် ပြဿနာဖြစ်နိုင်တယ်  ကုန်းတွင်းပိတ်ဆန်တယ် သန်လျင်က အရမ်းတိုးချဲ့ လို့ မရဘူး  တပ်သိမ်းပြဿနာ
နဲမယ် တံတားတွေပေါလာပြီ ရန်ကုန်ဒေါင်းတောင်းနဲ့ နီးတယ် လေကောင်းလသန့် က မှော်ဘီထက်သာတယ်..ဒါကြောင့်  သန်လျင်ဘက်ရွေးခိုင်းလိုက်တယ်..

ဒါဟာ ကျနော့် ရဲ့ အလုပ်စတိုင်ပါပဲ...ဗေဒင်+ခေတ်စတိုင်ပေါ့ ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..