'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, October 3, 2015
၎ကြွင်းအင်္ဂါသား ၅၁နှစ်
ကျနော့ ဗေဒင်စတိုင်က ယတြာပဲ အဓိကသဘော ဖြစ်နေတာမျိုးဗျ....၅ လပိုင်းလကုန် ၆၅ မွေး အင်္ဂါသားအတွက်တဲ့ .၄ကြွင်း အင်္ဂါ အထွန်းဖွားပေါ့  . ကျမ္မာရေးလေးတဲ့  အပြင်သွားခါနီးလေး..ဒါနဲ့  ကောက်တွက်လိုက်တော့  အင်္ဂါသား ၅၁ နှစ် စနေ မရဏသက်ရောက် အခု ၁၀လပိုင်းဆိုတော့  စနေလစိတ်..ဒီတော့  သက်ရောက်ရော လစိတ်ပါ စနေတွေထပ်ပြီ ဆေးရုံမရောက်သေးဘူးလားလို့ မေးလိုက်တော့  ရောက်သွားပြီ အဲ့ ဒါကြောင့် တဲ့ ..
.
သွေးရောဂါနဲ့ တူတယ်လို့ ထပ်ပြောလိုက်တော့  ဟုတ်တယ် သွေးသွင်းထားတာ ၂ ပုလင်းရှိပြီလို့ ဆိုတယ်....အခြေအနေက ၁၀လပိုင်းကုန်အထိခံရမယ် သဘော ရှိတယ် ကြည့် ရတာ သွေးနီဥတွေ နဲကုန်တာနဲ့ တူတယ်လို့ ဆိုလိုက်တော့  ဟုတ်တယ် အဲ့ ဒါ ဆေးရုံကြီးပြောင်းရမယ် ချဉ်ဆီထုတ်စစ်ရမယ်လို့ ပြောလို့ ..လို့ ဆိုလာတယ်..ဒါနဲ့  ခရေရွက်ယတြာတွေကို နည်းမျိုးစုံလှည့် ပေးရင်း ဇာတာသဘောအရ တော့  အဲ့ လို ခါးကွေးချဉ်ဆီထုတ်ဘာညာလောက်အထိတော့  ဒီ၁၀လပိုင်းထဲ ခံရမှာပဲ ဒီလကုန်ရင်တော့  ပြန်အိုကေသွားမှာပါလို့  အားပေးစကားပါပြောလိုက်ရတယ် သောကြာ အခါတိုင်အရတော့  သေဘေးလောက်အထိ သွားမယ့် ပုံမပေါ်ဘူး လစိတ်ပါညံ့ လွန်းနေလို့  ၃ ပတ်လောက်တော့  ခံရဦးမယ့် ပုံပေါ့ လေ...
၎ကြွင်းတွေမှာလည်း အဲ့ လို သွေးပြဿနာပေါ်တာ ခွဲစိတ်ကုသရတာသွေးလွန်တာတွေ သွေးအဆိပ်ဖြစ်လွယ်တာတွေ ကြုံရလ့ ရှိတယ်..၃ကြွင်းလိုတော့  ရေရှည်သဘောမဖြစ်တတ်ပဲ
အသက်ပိုင်းလပိုင်းညံ့ တုန်း ယာယီခံရတာမျိုးများတယ်...ဒါနဲ့  သူ့ အမျိုးသမီးက ဘာနေ့  အသက်ဘယ်လောက်လဲဆိုတော့  တနင်္လာသမီးတဲ့  ၄၄ နှစ်တဲ့ .
.အဲ့ ဒါနဲ့  အမျိုးသမီးအတွက်ပါ သပြေညွန့် ယတြာ အတင်ခိုင်းလိုက်ရတယ် အိမ်ထောင်ဘက်မိန်းမပါ စနေ ၂ ထပ်ဆိုတော့  မိန်းမရဲ့ ကံကပါ ဆေးရုံရောက်လွယ်သွားတဲ့ သဘောပေါ့ 
ဒါမျိုး လင်ရောမယားပါ ပြိုင်တူ ညံ့ နေရင် ၂ ယောက်စလုံးကို ယတြာ ကစ်မှ ပိုလုံခြုံတဲ့ သဘောရှိတယ် တစ်ခါတစ်လေ လင်မယားတွေမှာ ညံ့ နေတယ်ဆိုတဲ့  တစ်ယောက်ထဲကို ယတြာပေးနေတာက သိပ်တက်မလာတတ်ဘူး...ကျန်တစ်ယောက်ကပါ ညံ့ နေရင် ခံနေရတာကြာသွားတတ်လေ့ ရှိတယ်...အခုကေစ့် ကတော့  မိန်းမ တနင်္လာ အသက် ၄၄ စနေသက်ရောက်က ကိုယ်တိုင် ကျမ္မာနေပေမယ့်  ယောက်ျား အတွက် လူမမာစောင့်  အဖြစ်ဆေးရုံရောက်သွားတဲ့ သဘောပေါ့  ယောက်ျားသာ ကျမ္မာရေး ဂွတ်နေရင် သူကိုယ်တိုင် လူမမာဖြစ်သွားနိုင်တာမျိုးပေါ့ 
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..