Powered By Blogger

Saturday, October 3, 2015

ဒိန်းတလိမ်းနတ်


ယတြာပေးရတာ အခက်ဆုံးတွေထဲမှာ ဒိန်းတလိမ်းနတ်ဖမ်းစားလို့  သွေးသားတွေ ကြောင်ထွက်သွားပြီး စိတ်တွေ ကယောင်ခြောက်ခြားဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာတာမျိုးကို ယတြာပေးရတာ အခက်ဆုံးတွေထဲမှာလည်း ပါတယ်...အညာကျေးလက် ပြောသမျှယုံတဲ့ အရိုးခံသဘောသာ တွေးတတ်သူတွေနဲ့  ရုပ်နာမ် ပုထုဇဉ် သဘာဝဘက်က ဆေးပညာရှု့ ထောင့် ဘက်က မတွေးမိသူ အတွေ့ အကြုံနဲသူတွေဆို ပယောဂလို့  အစွတ်အစွဲခံရတတ်တဲ့ အထဲ ပါသွားတတ်တယ်..
.
ဒါမျိုးကယောင်ခြောက်ခြားဖြစ်တတ်ချိန်ဟာ မဟာဘုတ်ဘက်ကဆို ပုတိဂြိုလ်ဖြတ်နေချိန်...အင်္ဂါ သက်ရောက် လစိတ် ရာဟုသက်ရောက် လစိတ် ရက်စိတ် ဖြတ်နေချိန်တွေမှာ အဖြစ်များတာတွေ့ ရတတ်ပြီး အဲ့ သက်ရောက် လစိတ် ရက်စိတ် တွေ ကျော်သွားတဲ့ အခါတွေမှာ ပုံမှန်ဖြစ်သွားလေ့ ရှိတယ်...အခါတိုင်မှာတော့  မွေးနံစုတ်ရောက်ချိန် ဘောမတိုင် နဲ့  ဂုရုတိုင် စန္ဒရောတိုင်တွေမှာ ကယောင်ခြောက်ခြားတွေ ပိုဖြစ်လေ့ ရှိတာတွေ့ ရလေ့ ရှိတယ်
-----------------
သဘောကတော့  ရုပ်နာမ် ၂ ပါး ပုံမှန်အနေအထားကနေ ကွိုင်တက်လာတာဟာ ကံစိတ်ဥတုအာဟာရ လေသလိပ်သည်းခြေတြိဒေါသ ဆိုတဲ့  ပင်မအကြောင်းကြီး ၈ပါးအောက်ကနေ ဖြစ်လေ့ ရှိပြီး ဂြိုလ်စီးသဘောတွေက ကံအောက်မှာ ဥာဏ်ကွန့် ပြဿနာရင်းမြစ်တွေကို ရှာဖွေခြင်းသဘောလို့ ဆိုလို့ ရလောက်မယ်...ဆိုလိုတာက ကိစ္စတစ်ခုခုဆို တစ်ကြောင်းထဲဆွဲလို့  မသင့် တော်ဘူးသဘောပေါ့ လေ...
------------------
မိဘ တွေနဲ့ အတူတူ ထိုင်းရောက်နေတာ ဆယ်နှစ်ကျော်လောက်ရှိနေပြီဖြစ်တဲ့  ၉၈ ဖွား ၂ ကြာတေးကောင်မလေး တစ်ယောက် ကယောင်ခြောက်ခြား ဖြစ်တာ ၂ ခါရှိပြီ..ပထမတစ်ခါရော အခုတစ်ခါပါ ယတြာနဲ့ တင် ပျောက်ပျောက်သွားတယ်...၁၈နှစ် ရာဟုထဲမှာ ဖြစ်ပြီးအလုပ်လုပ်နေရတာ နေ့ ရောညပါ ဆက်အလုပ်ဆင်းနေတယ်လို့  ဒီကအမျိုးတွေကပြောတယ် အဲ့ ဒါနဲ့  ပရက်ရှာကျ သွေးသားမမှန်ပေါ့ လေ..မအေက အင်္ဂါ ၄၃ စနေထဲမှာ ...ဖြစ်တိုင်းမေးတာ ပယောဂလားချည်းမေးတာ...ဘာ ပယောဂမှ မဟုတ်ဖူး သဘာဝကိစ္စတွေက သွေးသားကို အဲ့ လို အဲ လိုတွေရှိတယ်လို့ ပေါ့ ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..