4 in 1 တပွဲတိုးယတြာ
---
မတွန့် စေရ ကို ၄ မျိုးသုံးသွားတာပါ ကျနော် ကြံဆပြီး သုံးနေတဲ့  ပေးနေတဲ့ ယတြာနည်းပါ အများအားဖြင့်  ကံတော်တော်မကောင်းနေချိန် နဲ့  ကျမ္မာရေး ခဏခဏ ညံ့ နေတဲ့ လူတွေ ငွေကုန်ခံပြီး န၀င်းထိုင်မနေရပဲ စားရိပ်သက်သက်သာသာ နဲ့  အဆင်ပြေသွားအောင် ကြံဆ စမ်းသတ်ပြီး ပေးတာပါ ...
ဆိုပါတော့  တနင်္လာသားသမီးတစ်ယောက်က အတော်လေး ကံညံ့ နေတယ် အဆီအငေါ်တွေမတည့် ဘူးဖြစ်နေတယ်ဆိုလာတဲ့ အခါ..
၁....သပြေ ၁၁ ညွန့် ကို ဖန်ခွက်သပ်သပ်နဲ့ ထည့်  ရေထည့်  ဘုရားပန်းလှုသလို လှုထားလိုက် နွမ်းရင်အသစ်လဲ
၂။ နောက်ထပ် သပြေ ၁၁ ရွက်လောက် (သို့ ) ၁၁ညွန့် ကို ပလပ်စတစ်အိပ်လေးနဲ့ ထည့်  ခေါင်းအုံးအောက်မှာထားအိ တစ်ပတ်တစ်ခါ အသစ်လဲ ( ကိုယ်ပိုင်ခေါင်းအုံးထား ခေါင်းအုံးစွပ်ကြားမှာ သပြေ၁၁ရွက်ထားအိပ်လည်း ဖြစ်တယ်ပေါ့ )
၃။ မနက်ရေချိုးတိုင်း သပြေ ၁ ညွန့် ရေစိမ်ချိုးလိုက် တစ်ပတ်လောက်ပေါ့  ( ဖျားနေရင် သပြေညွန့်  ရေစိမ် ရေဖတ်တိုက်လိုက်ပေါ့ ဆိုတာမျိုး)
၎။ အပြင်သွား အပြင်လာ သပြေ ၁ ရွက်ကို ပိုက်ဆံအိပ်လေးထဲဆောင်သွား တစ်ပတ်လောက်ဆို အသစ်လဲလိုက်ပါ ဆိုတာမျိုး...ယတြာပေးလိုက်ပါတယ်...
.( အဓိကက မတွန့် စေရ အရွက်ကို စတိုင် ၄ မျိုး တစ်ပြိုင်နက်ထဲ သုံးချပစ်လိုက်တာပါ ...တပွဲတိုး ခပ်မြန်မြန်လေး ကံအကြောတည့်သွားအောင်သဘောပေါ့  )
ဘုရားလှုထားတာ က တစ်ပတ်တစ်ခါ အသစ်လဲ သုံးပတ်လောက်လုပ်ပါလို့ မှာတတ်ပြီး ခေါင်းအုံးအောက်ထားအိပ်တာက ပုံမှန်ဖြစ်သွားရင် မလိုတော့ ...ရေချိုးတာလဲ တစ်ပတ်လောက်ဆိုရပြီသဘော လူမှဆောင်တာက ဆောင်ချင်သလောက်ဆက်ဆောင်ထားနိုင်တယ်ပေါ့ ဗျာ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..