Powered By Blogger

Saturday, October 31, 2015

သုံးကွင်း အပြီး



သုံးကွင်း အပြီး
----------
အခုနည်းက ဘယ်သက်ရောက် ဖြစ်ဖြစ် န၀င်းရိုက်ပေးလို့  ရတဲ့ နည်း ဒါကို ( ကာ..ဖွင့် ..ရှင်း..)လို့  ခေါ်ပါတယ်....(.မတွန့် စေရ အညွန့် တစ်မျိုး + ဆောင်ပန်းနင်းကြမ်းခိုက်+ တြိစတု အခွဲ တြင်းန၀င်း) ထည့် သုံးပေးလိုက်တယ်...( အဲ့ တော့  အရွက်တွေ တစ်ပုံကြီးဖြစ်သွားတာပေါ့ ..)

ဆိုပါတော့  ၅ကြွင်း အဓိပတိဖွား တနင်္လာသား တစ်ယောက်ကို န၀င်းရိုက်ပေးမယ်ဆိုပါတော့ ...လိုအပ်တဲ့  အရွက်တွေက ...မတွန့် စေရ အဖြစ် အလွယ် သပြေညွန့် + ဆောင်ပန်းက ဒန်း + နင်းကြမ်းက ရွက်လှ + တြိစတုက ရွက်လှနဲ့ ပျဉ်းမပေါ့ လေ..

သုံးကွင်းထဲ အပြီးမို့  ဖျာ အောက်လှန်ပြီး ဘာအရွက်မှ မထားတော့ ပါဘူး.....

၁။...တနင်္လာသားကို  တင်ပလ္လင်ခွေလေး ထိုင်စေလိုက်ပါတယ်.....၊ သူ့ ရှေ့  မလှမ်းမကမ်းမှာ ကန့် လန့် ချထားတာက  သူ့ ကိုယ်စား မွေးနံ ကံ့ ကော်ရိုးလေး တစ်တောင်လောက်ပါ...အဲ့  ကံ့ ကော်ရိုးအောက်မှာ ကန့် လန့် ခံထားတာက တနင်္လာ နံ ရဲ့ ခိုက် အမြစ် အုန်း ၆ ညွန့် ပါ

၂။...တင်ပလ္လင်ခွေထိုင်နေတဲ့  တနင်္လာသားလက်ထဲမှာ အညွန့်  ဇီး (၀ါ) ဇော်စိမ်း ၁ ညွန့် စီကို ဘယ်ညာကိုင်ထားစေပါတယ်...၊ ဘယ် ဒူး အောက်မှာ နင်းကြမ်း ရွက်လှရွက် ၄ ရွက် + နင်းကြမ်းအဖြစ် နောက်ထပ် ရွက်လှ ၁၇ ရွက် ခံထားလိုက်တယ်။ ညာ ဒူး အောက်မှာ စတုရန်းအဖြစ် ပျဉ်းမရွက် ၅ ရွက် ခံထားလိုက်ပါတယ် ဘုရားစင် (သို့  ) တနင်္လာသားရဲ့ ရှေ့  မျက်နှာမူရာ အမြင့် မှာ သပြေညွန့်  ၁၁ ညွန့်  ဇော်စိမ်း ၃ညွန့်  ဒန်း ၁၀ ညွန်  ကို အထက်ဆောင်ပန်းအဖြစ် လင်ပန်းနဲ့  တင်ထားပါတယ်.. ခြေမန်းကွင်းက စလွယ်သိုင်း သုံးကွင်းစွပ်ထားပါတယ်...ပြီးတော့  ခဏထိုင်နေစေတယ်ပေါ့ 

၃။...အချိန်အတော်ရတော့  န၀င်းရိုက်ပေးဖို့  အဲ့ တနင်္လာသားကို ထိုင်လျက်သားကနေ ဖင်လှည့် ပြီး ခြေဆင်းထိုင်လိုက်စေပါတယ် ( သန်းတုတ်ရင် ခြေဆင်းထိုင်ကြသလိုပေါ့ လေ..ငိငိ)... ခြေဆင်း လိုက်ပြီးတဲ့ အခါ....

၎။  ဘယ်ဒူးအောက်က တြိရန်းနဲ့  နင်းကြမ်း ရွက်လှ ၄ ရွက်နဲ့  ၁၇ ရွက် ၂စုံကို ဘယ်ခြေထောက် ဖနောင့် အောက်ကို ရွှေ့ ခံလိုက်တယ်...ညာဒူးအောက်က ပျဉ်းမ ၅ ရွက်ကို ညာ ဖနောင့် အောက်ကို ပြောင်းခံလိုက်တယ်...အဲ့ ဒီ ဘယ်ခြေညာခြေ ကြားထဲမှာ မွေးနံ ကံ့ ကော် အောက်က  ခိုက်အညွန့်  အုံး ၆ ညွန့် ကို နေရာခချထားလိုက်တယ်....ခြေဆင်းရာရှေ့ မှာ ဓါတ်ခံ အဖြစ် မွေးနံ ကံ့ ကော်ညွန့် ကို ကန့် လန့် သွားချထားလိုက်ပါတယ်

၅။...န၀င်းရိုက်ပြီဆိုတဲ့ အခါ..... လက်ကိုင် အညွန့် ကို ယူ တစ်ညွန့်စီ နဲ့  ခေါင်းကနေစပြီး ခြေဖျားအထိ န၀င်းရိုက်သပ်ချပေးလိုက်တယ်...ဘယ် ညာရိုက်ပြီးတော့  သူ့ လက်ထဲကို လက်ကိုင်အညွန့် ကို ခဏပြန်ထည့် ပေးထားလိုက်ပါတယ်

၆။....ဒုတိယမြောက်က...မတွန့် စေရ သပြေ အညွန့်  ၁၁ ညွန့် ကို ယူပြီး အားလုံးဆုတ်ကိုင်ပြီး ခေါင်းကနေခြေဖျားအထိ ခပ်စိပ်စိပ် ကျောတွေ လက်တွေ စသဖြင့်  ရိုက်ပေးလိုက်တယ်.( တစ်ညွန့် ချင်း မခွဲတော့ ဘူး စုပြုံကိုင်ရိုက်တဲ့ သဘောပေါ့ ...ဒါက ကာတာလို့ လဲခေါ်နိုင်တယ်  ဘော်ဒီမှာ ရှိနေတဲ့  ကံဓါတ်အစုတ်လုပ်တွေကို သန့် ပစ်တာလို့ လဲ ဆိုနိုင်တယ်....ခြေဖျားအထိ ရိုက်ချလာပြီး ခြေဖျားကိုရိုက်ပြီးတဲ့ အခါ အဲ့ သပြေတွေကို မွေးနံကံ့ ကော်ရိုးကို ကျော်ပြီး ပစ်ချထားလိုက်တယ်...( ဒီသဘောက လူနဲ့  န၀င်းရိုက်ပြီးသား သုံးပြီးသား သပြေကြားထဲမှာ ကံ့ ကော်ရိုးက စည်းခြားထားလိုက်တဲ့ သဘော...ပြီးတော့  ဘော်ဒီကို န၀င်းရိုက်လိုက်လို့  ခြေဖျားက ထွက်သွားတဲ့ ကံဓါတ်အညံ့ တွေဟာ  ခြေဖျားရှေ့ မှာ ကန့် လန့် ချထားတဲ့  ကံဓါတ်အညံ့ တွေ ကံ့ ကော်ရိုးကို သွားကူးစေလိုက်တဲ့ သဘော  ဒီတော့  မွေးနံ ကံကော်ဟာ န၀င်းရိုက်ပြီးရင် ကံဓါတ်အဆိပ်သင့် ပစ္စည်း ဖြစ်သွားလို့ အဲ့  န၀င်းရိုက်ပြီးသား
ပစ္စည်းတွေကို န၀င်းထိုင်တဲ့  တနင်္လာသား (၀ါ) နံတူနေ့ သား ရဲ့ ဘော်ဒီတွေ လက်တွေနဲ့  ပြန်မထိတွေ့ စေရပါဘူး.

၇။...သပြေနဲ့ ပြီးတော့  ကံ အပွင့် ဓါတ်လေးထည့် ပေးတဲ့ အနေနဲ့ ( တြင်းန၀င်း ( အညွန့်  နံ + တြိရန်း + စတုရန်း= တြင်းန၀င်း)  အခွဲ ( ရွက်လှ+ ပျဉ်းမ) ...အပွင့် ဓါတ်လေး) ဒုတိယရိုက်တာက..ဇော်စိမ်း ၃ ညွန့် ကိုယူ တစ်ညွန့် စီ ရိုက်ပေးပြီး ကံ့ ကော်ရိုးကို ကျော် ပစ်ချထားလိုက်ပါတယ်...ဒါက အဖွင့် ပေါ့ ..
.( ပါဝါ အနေတော်ဖွင့် တာ...အပြည့် ဖွင်က တြိစတု အတွဲ ( ရွက်လှ ၄ + ပျဉ်မ ၅ နေရာမှာ တြိစတု အတွဲ အဖြစ် လက်ပံ (၀ါ) လဲမှို့  ၉ညွန့်  ခံပေးထားပါတယ်)..

၈..။ ..တြင်းန၀င်း အကံအပွင့် ဓါတ်လေးရိုက်ပေးပြီးတော့  ဆောင်ပန်းနင်းကြမ်း အရှင်းအဖြစ် ရိုက်တာက ဆောင်ပန်း ဒန်း ၁၀ ညွန့် ကိုယူပြီး တစ်ညွန့်စီ ရိုက်ပေးလိုက်ပြီး အပေါ်ကလိုပဲ ကံ့ ကော်ရိုးကို ကျော်ပစ်ချလိုက်တာပါပဲ...အဲ့ ဒီ အဆင့် ရောက်တော့  ဆောင်ပန်းနဲ့  န၀င်းရိုက်တာ ပြီးသွားပါပြီ....( ဘုရားစင်က ရိုက်ပန်းအညွန့် တွေကုန်ပြီပေါ့ လေ)

၉...ပြီးတော့ အဲ့ တနင်္လာသားကို မတ်တတ်ထရပ်လိုက်စေပြီး ခြေဖနောင့် အောက်က ရှိသမျှ အရွက်တွေကို ခြေဖ၀ါး ၂ ဖက်အောက် မျှပြီး တက်နင်းထားစေလိုက်ပါတယ်....ပြီးရင် လက်ကိုင်အညွန့် ကို ကံ့ ကော်ရိုးကျော်ပြီး ပစ်ချထားစေလိုက်တယ်...ပြီးရင် စလွယ်သိုင်းထားတဲ့  ခြေမန်းကွင်း သုံးကွင်းစလုံးကို ချွတ်ချတယ်...( တစ်ကွင်းချင်း သုံးခါချွတ်ချင်ချတယ် သုံးကွင်းစလုံး တစ်ပြိုင်နက်ထဲ ချွတ်ချချင်ချပါတယ်.. ဓါတ်အကြမ်းအနုသဘောတော့ နဲနဲကွာပါတယ်)

၁၀။...ကြမ်းပေါ် ခြေမန်းကွင်းလေးတွေ စက်ဝိုင်းလိုပုံပြီးကျသွားပြီးတဲ့ အခ့ တနင်္လာသားကို ခြေမန်းကွင်းကို မထိအောင် ကျော်ထွက်ခိုင်ပါတယ်...ညာခြေဖက်က စထွက်စေတယ်...( ကမ္ဘာ့ အစဉ်အလာသဘော အတက် အကောင်း သဘောကအဖြစ် ညာဖက်က ခြေစလှမ်းစေတာ) ( ဘော်ဒီ ဘယ် ညာမှာ ဘယ်က အနိဌ သဘော ညာက ဣဌ သဘောယူတာ)..အဲ့ မှာ တနင်္လာသား န၀င်းကိစ္စက သူ့ အတွက်ပြီးပြီ..ကျန်တာ ထိုင်ပေးတဲ့ သူရဲ့ ကိစ္စက ကျန်သေးတယ်..

၁၁...ခြေမန်းကွင်း စက်ဝိုင်းလေးထဲမှာ နင်းကြမ်း ရှိသမျှ အရွက်တွေ အပုံလိုက်လေး ကျန်ခဲ့ ပါတယ်...အဲ့  အရွက်တွေအပေါ်ကို ရိုက်ထားတဲ့  ဆောင်ပန်းတွေ သွားယူလိုက်ပြီး အဲ့ ခြေမန်းကွင်းထဲမှာပဲ တူရာတူရာထပ်လိုက်ပါတယ်...ဆောင်ပန်း ( လက်ကိုင်+ ဆောင်ပန်း+ တြင်းန၀င်းအညွန့် ကို နင်းကြမ်း+ ခိုက်+တြိစတု) အပေါ်တင်ထပ် နောက်သပြေတွေယူတင်ပြီး အဲ့ အကုန်လုံးကို ခြေမန်းကွင်း တစ်ကွင်းထဲနဲ့ အကုန်တုတ်ချုပ်လိုက်ပါတယ်...( တစ်ကွင်း)

၁၂...မွေးနံကံ့ ကော် ရိုးကို ခြေမန်းကွင်း တစ်ကွင်း အဖျားကနေ အလယ်နားအထိ စွပ်ချ တစ်ပတ်နှစ်ပတ် အစချန်ပတ် ပြီးရင် စောစောက ထုတ်ချုပ်ထားတဲ့  ဆောင်ပန်းနင်းကြမ်းအထုပ်ကို ယူပြီး ခြေမန်းကွင်းလျိုစွပ်ပြီး မွေးနံနဲ့  အကုန်ပေါင်းထုပ်လိုက်ပါတယ် ( ၂ကွင်းမြောက်)...

၁၃..ကျန်တဲ့  နောက်ဆုံးတစ်ကွင်းက န၀င်းပွဲနဲ့ အတူ ညနေစောင်းမှာ မီးရှို့ ပစ်ဖို့  တစ်ကွင်းပေါ့ လေ...ဒါဟာ သုံးကွင်းထဲနဲ့  နည်းပညာအတော်စုံအောင် န၀င်းရိုက်ပေးလိုက်တာပါပဲ..ဒီလို ရိုက်ပေးရတဲ့ လူတွေက လှုပ်ရှားစီးပွားသမားတွေ ဖြစ်နေလို့  အန္တရာယ်လည်း ကင်းရမယ့်  အပွင့်ဓါတ်လည်းပါနေရမယ် လမ်းရှင်းထားတာလဲ ပါနေရမယ်ပေါ့ လေ...

၁၄...သုံးကွင်း သုံးတာဟာ ခြေမန်းကွင်း ချွေတာတာအဓိက ဖြစ်ပြီး ခပ်ပေါပေါ သုံးရင် ၅ ကွင်း သုံးတဲ့  နည်းပါ...( တြင်းန၀င်း ၁ကွင်း ၊ လက်ကိုင်+ ခိုက် ၁ကွင်း ၊ ဆောင်ပန်းနင်းကြမ်း မတွန့် စေရ ၁ ၊ ကွင်း မွေးနံနဲ့  အားလုံးထည့် ချုပ် ၁ကွင်း မီးရှို့ တာ ၁ကွင်းပေါ့ လေ)

၁၅...အခု နည်းစနစ်မှာ အဓိက ပြောင်းလဲပစ်လိုက်တာက နင်းကြမ်းတွေကို ဖျာအောက်မှာ တစ်ခုမှ ခင်းမထားတော့ ပဲ ဘယ်ဒူး ညာဒူး တွေအောက်မှာ တိုက်ရိုက်ခံထားလိုက်တာချည်းပါပဲ....

၁၆...မတွန့် စေရကို ရှေ့ က အရင်ရိုက်တာဟာ အရင်ကာထားတာ လမ်းရှင်ထားတာဖြစ်ပြီး လမ်းဆက်လျှောက်ရတာ လွတ်လပ်စေတယ်....မတွန့် စေရ အရွက်တွေကို နောက်ဆုံးပိတ်ရိုက်တာကတော့  ဘယ်မှ မလျောက်ပဲ ကိုယ့်  ကတုတ်ကျင်းထဲကနေ ကာကွယ်ရေးလုပ်လိုက်တဲ့  သဘောပါ..( နောက်ဆုံးမှ မတွန့် စေရကို ရိုက်တာ သုံးခဲတယ်..တော်တော် ရွဲနေပြီး အဖက်ဖက်က ခံနေရချိန်မျိုးနဲ့  သုံးဖို့  လိုပြီလို့  ဆရာ့ လမိုင်းက ဖြစ်လာမှသာ မတွန့် စေရကို နောက်ဆုံးက ပိတ်ရိုက်ပေးတာမျိုးပါ)

၁၇...မီးရှို့ တဲ့ ခြေမန်းကွင်းဟာ ကံဓါတ်အညစ်တွေကို ရှင်းပစ်လိုက်တာဖြစ်ပြီး န၀င်းပွဲနဲ့  ဆက်စပ်နေပါတယ်...ပွဲထွန်းစမှာ တစ်ပြိုင်နက်ထဲ မီးရှို့ ပစ်တာပါ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..