Powered By Blogger

Saturday, October 31, 2015

ဂြိုလ်ပြေ နံပြေ...


ဂြိုလ်ပြေ နံပြေ...
---
ရေးပြဘူးတယ်..ပြန်ရေးပြတာပါ...သက်ရောက်ဂြိုလ်တစ်ခုခု ရောက်နေလို့  ယတြာခြေတဲ့ အနေနဲ့  အရွက်တွေကို လှုတဲ့ အခါ  ကိုယ့် သက်ရောက်ဂြိုလ်မှာရော ကိုယ့် မွေးနံ ဂြိုလ်ထောင့် မှာပါ နှစ်နေရာ နှစ်စုံ ခွဲ လှုတာပါ

ဆိုပါတော့  အင်္ဂါသား တစ်ယောက်ဟာ တနင်္ဂနွေ သက်ရောက် ဖြတ်နေလို့  ရွက်လှ ညွန့်  ကို ကံအပွင့် အဖြစ် ယတြာအဖြစ် လှုစေတဲ့ အခါ သက်ရောက် တနင်္ဂနွေထောင်မှာလည်း ရွက်လှညွန့် ကို လှုစေတယ်....သူ့ မွေးနံ အင်္ဂါထောင့် မှာလဲ လှုစေပါတယ်....

အကယ်၍ စနေသက်ရောက် ဖြတ်နေရင်  စနေထောင့် မှာ လည်း ခရေ ၆ ညွန့်  လှူစေတယ် သူ့ မွေးန အင်္ဂါံထောင့် မှာလည်း ခရေ ၆ ညွန့်  လှုစေပါတယ်...
၀၀၀၀၀၀၀၀၀

နောက်တစ်ခါ အလိုဆန္ဒကို ချိန်ပြီး လှုစေတာက တနင်္လာနံသဘော ငွေလိုရင် ငွေကိစ္စဆိုရင် တနင်္လာထောင့် မှာရော မွေးနံထောင့် မှာပါ ယတြာခြေစေတာ...အချစ်ရေး ဆိုရင်တော့  ပီယဂြိုလ်စန်းဂြိုလ်ဖြစ်တဲ့ ရာဟုထောင့် မှာရော ကိုယ့် မွေးနံ ထောင့် ရော သူ့ မွေးနံထောင်မှာပါ အညွန့် တွေလှုတာမျိုး...စာရွက်စာတမ်းကိစ္စတွေဆို အင်္ဂါထောင့် မှာရော ကိုယ့် မွေးနံထောင့် မှာပါ လှုစေတာသဘော...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..