ဗေဒင်ဆရာအိမ်
---
ကျနော့် ညီမ သုံးကြွင်း ဟူး သမီးက သောကြာသက်ရောက်ကို ၀င်တော့  သူက မေးတယ် မွေးနေ့ ကြရင် ဘာလှုရမလဲကိုကြီးတဲ့ .....ကျနော်က..ဖိနပ်ရယ် ခြေသုတ်ခံရယ် တံမျက်စီး ရယ် လှုလိုက်လေလို့ ပြန်ဖြေလိုက်တာပေါ့ ဗျာ.....အဲ့ ဒါ ကိုယ်တတ်ထားတဲ့  ဗေဒင်ကို နေ့ တဓူဝမှာ မိသားစုတွေအတွက် အရင် လက်တွေ့ ချသုံးဖြစ်နေတဲ့  သဘောပေါ့ ...ဗေဒင်ကို ဘ၀ခရီးမှာ တစ်ထောင့် တစ်နေရာက အသုံးချချသွားတယ်ဆိုတာ ဒီလိုပါလို့ ပြောတာပါ...
ဒီယတြာကို ဘာလို့ အဓိကထားပေးလိုက်လဲဆိုရင် သူက သုံးကြွင်း ၊ သောကြာသက်ရောက် ဆိုတာ သုံးကြွင်းမွေးအတွက် ခရီးမရဏသက်ရောက် လမ်းတကာထွက်နေရသူအဖို့  ခရီးပြဿနာဖြစ်လွယ်တယ်ပေါ့ ..ဒါကို အရင်ဖြည်လိုက်တာ..အဲ့ တော့ နင်းတဲ အောက်ပိုင်း ပစ္စည်းတွေချည်း အရင်ဒါနခန်းလုပ်စေလိုက်တာပါ
(ကိုယ့် အိမ်သား ကိုယ့် အမျိုး ကိုယ့် အရပ်ကလူတွေက ကိုယ့် ကိုယ် ဗေဒင်ပညာနဲ့ ပတ်သက်ပြီး လေးစားသမှု့ သဘောထားလာပြီဆို အတော်အလုပ်ဖြစ်ပြီ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..