ပိုက်ဆံပဲ
---
ပြောရရင် ပိုက်ဆံက ဘ၀တစ်ခုမှာ အတော်အရေးပါတာ ငြင်းရခက်မယ်ဆိုတာ အများအသိပေါ့ ...ထွေလီကာလီတွေပြောမနေတော့ ပါဘူး.ကျနော့် သွားတွေ သွားကလိတဲ့  အတွေ့ အကြုံအကြောင်း ပြန်ပြောတာ...၁၀တန်းလောက်ကတည်းက ကွမ်းတဖတ်ဖတ်လုပ်လာတာ အခုတော့  သွားတွေက ရွဲကုန်ပြီပေါ့ ဗျာ..
သွားတွေသရုပ်ပျက်လွန်းလာတာ ပြင်မလို့ က အစောကတည်းက စိတ်ကူးရှိပေမယ့်  ချက်ချင်းသေနိုင်တဲ့ ကိစ္စမဟုတ်လို့ သက်ရောက်အညံ့ သဘောဖြတ်ရင် ကြိမ်းကြေတဲ့ သဘောလည်းဖြစ်အောင် အပေအတေနေပြီး သက်ရောက်အညံ့  ဖြတ်တော့ မှ ကလိမယ်ဆိုပြီး ပစ်ထားလိုက်တယ်...ဘယ်သူက ကိုယ့် ရွဲနေတဲ့  သွားတွေမြင် လို့  ဘာဖြစ်ဖြစ်ဆိုပြီး...
ဒီလိုနေလာခဲ့ ရင်းက မေ့ တေ့ တေ့ ဖြစ်နေရာက အွန်လိုင်းမှာ သွားတွေ ပြင်တဲ့ နည်းပညာ ရှော့ ဗီဒီယိုလေးတွေ မြင်တော့ မှ သွားကိစ္စပြန်သတိရလာပြီး သွားစစ်ဆင်ရေး လုပ်ဖို့  သွားဆရာဝန်ကိုစပ်စုတော့ တယ်....အဲ့ မှာ ခေတ်သစ် ဆရာဝန်နဲ့  ခေတ်ဟောင်းဆရာဝန် တွေးခေါ်ပုံမတူတာတွေပါ တွေ့ ခဲ့ ရတယ်..
ပထမ အိမ်နားက သွားဆရာဝန်ကို ပြကြည့် တော့  သူက သွားအရှင်စိုက်ရမယ် ၈ သောင်းကျမယ်လို့ ဆိုတယ်...ကျနော်က ကြားဖူးထားတာ သုံးပုံးလောက်ကြားဖူးထားတာဆိုတော့  သက်သာလှချည်လားဆိုပြီး လုပ်ထည့် လိုက်ရောဗျာ....အဲ့ မှာ ဒုက္ခရောက်တော့ တာပဲ...ကိုယ်က သွားဆေးပညာအကြောင်း နားမှမလည်ပဲ တစ်သက်လုံးမှာမှ ဒါက ပထမဆုံးရောက်တာ..အိမ်မှာ သွားမကောင်းလို့  စိုက်ထားတဲ့ ညီမတွေ ရှိနေပေမယ့်  ဘယ်လိုမျိုးစနစ်နဲ့ စိုက်ထားတာလဲ ဘာညာက စပ်မှ မစပ်စုဖူးတာ...အဲ့ မှာ အရှင်စိုက်တာဆိုပြီး လုပ်လည်းပြီးရော အံကပ်စတိုင်ဗျား...ရေးရင်းနဲ့  ရွံတွန်တွန်တောင်ဖြစ်လာပြီ....ခ်ခ်..
ငယ်ငယ်က တစ်ချို့ တွေမှာ အံကပ်အရှင်ကိုမြင်ဖူးတယ် အမှန်အတိုင်းပဲ ဖြုတ်လိုက်တပ်လိုက် နဲ့  အဲ့ သွားတုအံကပ်ကိုမြင်ရင် နှလုံးက မကောင်းချင်ဘူး...ဟီးး..အဲ့ ဒါ ကိုယ့်  သွားအရှင်ကလည်း အဲ့ လိုချည်းဆိုတော့  ဆိုးပါ့ .....အဲ့ မှာ အိမ်ကလူတွေက ၀ိုင်းပြောတယ် အသေတပ်လို့ ရတယ်လေ ဆရာက မပြောဘူးလား သူတို့ တပ်တာတောင် အဲ့ တုန်းက အများကြီး ကျတာ အခုက သက်သာတယ်ထင်နေတာ....ဘာလားညာလားဆိုတော့ မှ သွားဆေးပညာကို ပြန်စပ်စုတော့ မှ သွားအသေတပ်လို့ ရတာသိလာတယ်...ကျနော် လိုချင်တာလဲ အဲ့ လို အသေတပ်တာမျိုးပဲလိုချင်တာ သွားတွေ အရင်လို အရမ်းသရုပ်မပျက်တော့ ရင်ပြီးတာပဲဆိုပြီးလောက်ပဲ....
အဲ့ မှာ ညီလုပ်သူရဲ့  ဘော်ဒါတွေထဲမှာ သွားဆရာဝန်ရှိနေတယ် သူနဲ့ ချိတ်ပြီး သူ့ ဆေးခန်းလစ် စစ်လိုက်တော့  အိုကေ သွားအသေစိုက်လို့ ရတယ်ပေါ့ ...အဲ့ မှာစိုက်တာ ၅ ချောင်းတန်းလေး...ပုံစံလောင်းတာ ဘာညာ နဲ့  သွားဆေးခန်း ၃ ခါသွားလိုက်ရတယ်....အမယ်...မဆိုးဘူုး...အရင်လို နာ့ ရှဲစောင်းလေးတွေက သရုပ် သိပ် မပျက်တော့ ဘူးဟ...ပေါ့ လေ...အဲ့ မှာ ပိုက်ဆံ အကြောင်းက အရေးပါတော့ တာပဲ...အဲ့  သွား ၅ ချောင်းတန်းက ၂ သိန်းခွဲကျတယ်တဲ့ ဗျားးးးး...ငင့်  :'(
ဟီးး.:P =D..ဒါတောင် ဘော်ဒါကဏ္ဍမို့ လျှော့ ယူထားတာတာတဲ့ ..သွားဆရာလေးကလေ.......ဟွတ် ဟွတ်..ကျေးကျေးပါ ကျေးကျေးပါ.....
သေရင် ကိုယ့် နောက်မပါဘူး ဘာဘူးလို့ က တစ်ပိုင်းပေါ့  မသေခင် စိတ်လက်ချမ်းသာဖို့  ကိုယ်ထင်တာကိုယ်လျှောက်ဖို့ ကလဲ ပိုက်ဆံက စကားပြောသေးတယ်လို့ ...ပိုက်ဆံ ၂ သိန်းခွဲသာ ပက်ကနဲ မပေးနိုင်ရင် ကိုယ့်  ရှဲစောင်းတွေ ဒတ်တဗိုင်လိုက်နေတဲ့ အတိုင်းကြီး နေရတော့ မှာပေါ့  အဲ့ ဒါဆို ပြင်လို့ ရရဲ့ သားနဲ့  ပိုက်ဆံမရှိလို့ မပြင်နိုင်ဘူးဆိုတာ အတော် ငုတ်တဲ့  ဖီလင်ကြီးပေါ့ လေ...အဲ့ ဒါကြောင့်  ပိုက်ဆံ ရနိုင်သမျှ ရအောင်ရှာထားကြပါ...ိုက်ဆံရှာတာ ဒီဘ၀မှာ ကိုယ်ထင် ရာကိုယ်သုံးဖို့ ပါ မသမာဇီဝ အလွန်အကျွံမဖြစ်ရင်ပြီးတာပဲလို့ စ်..ပိုက်ဆံချမ်းသာတာ ရှက်စရာ မကောင်းပါဘူးလို့ စ်.....ပိုက်ဆံရလို့  ကိုယ်ထင်ရာ ကိုယ်သုံးနိုင်ရင်လဲ စိတ် ချမ်းသာတာပါပဲလို့ စ်.....အဟီး...ငိငိ :P =D
ပိုက်ဆံပဲ
---
ပြောရရင် ပိုက်ဆံက ဘ၀တစ်ခုမှာ အတော်အရေးပါတာ ငြင်းရခက်မယ်ဆိုတာ အများအသိပေါ့ ...ထွေလီကာလီတွေပြောမနေတော့ ပါဘူး.ကျနော့် သွားတွေ သွားကလိတဲ့  အတွေ့ အကြုံအကြောင်း ပြန်ပြောတာ...၁၀တန်းလောက်ကတည်းက ကွမ်း တဖတ်ဖတ်လုပ်လာတာ အခုတော့  သွားတွေက ရွဲကုန်ပြီပေါ့ ဗျာ..
သွားတွေ သရုပ်ပျက်လွန်းလာတာ ပြင်မလို့ က အစောကတည်းက စိတ်ကူးရှိပေမယ့်  ချက်ချင်းသေနိုင်တဲ့ ကိစ္စမဟုတ်လို့ သက်ရောက် အညံ့ သဘောဖြတ်ရင် ကြိမ်းကြေတဲ့ သဘောလည်းဖြစ်အောင် အပေအတေနေပြီး သက်ရောက်အညံ့  ဖြတ်တော့ မှ ကလိမယ်ဆိုပြီး ပစ်ထားလိုက်တယ်...ဘယ်သူက ကိုယ့် ရွဲနေတဲ့  သွားတွေမြင် လို့  ဘာဖြစ်ဖြစ်ဆိုပြီး...
ဒီလိုနေလာခဲ့ ရင်းက မေ့ တေ့ တေ့ ဖြစ်နေရာက အွန်လိုင်းမှာ သွားတွေ ပြင်တဲ့ နည်းပညာ ရှော့ ဗီဒီယိုလေးတွေ မြင်တော့ မှ သွားကိစ္စပြန်သတိရလာပြီး သွားစစ်ဆင်ရေး လုပ်ဖို့  သွားဆရာဝန်ကိုစပ်စုတော့ တယ်....အဲ့ မှာ ခေတ်သစ် ဆရာဝန်နဲ့  ခေတ်ဟောင်းဆရာဝန် တွေးခေါ်ပုံမတူတာတွေပါ တွေ့ ခဲ့ ရတယ်..
ပထမ အိမ်နားက သွားဆရာဝန်ကို ပြကြည့် တော့  သူက သွားအရှင်စိုက်ရမယ် ၈ သောင်းကျမယ်လို့ ဆိုတယ်...ကျနော်က ကြားဖူးထားတာ သုံးပုံးလောက်ကြားဖူးထားတာဆိုတော့  သက်သာလှချည်လားဆိုပြီး လုပ်ထည့် လိုက်ရောဗျာ....အဲ့ မှာ ဒုက္ခရောက်တော့ တာပဲ...ကိုယ်က သွားဆေးပညာအကြောင်း နားမှမလည်ပဲ တစ်သက်လုံးမှာမှ ဒါက ပထမဆုံးရောက်တာ..အိမ်မှာ သွားမကောင်းလို့  စိုက်ထားတဲ့ ညီမတွေ ရှိနေပေမယ့်  ဘယ်လိုမျိုးစနစ်နဲ့ စိုက်ထားတာလဲ ဘာညာက စပ်မှ မစပ်စုဖူးတာ...အဲ့ မှာ အရှင်စိုက်တာဆိုပြီး လုပ်လည်းပြီးရော အံကပ်စတိုင်ဗျား...ရေးရင်းနဲ့  ရွံတွန်တွန်တောင်ဖြစ်လာပြီ....ခ်ခ်..
ငယ်ငယ်က တစ်ချို့ တွေမှာ အံကပ်အရှင်ကိုမြင်ဖူးတယ် အမှန်အတိုင်းပဲ ဖြုတ်လိုက်တပ်လိုက် နဲ့  အဲ့ သွားတုအံကပ်ကိုမြင်ရင် နှလုံးက မကောင်းချင်ဘူး...ဟီးး..အဲ့ ဒါ ကိုယ့်  သွားအရှင်ကလည်း အဲ့ လိုချည်းဆိုတော့  ဆိုးပါ့ .....အဲ့ မှာ အိမ်ကလူတွေက ၀ိုင်းပြောတယ် အသေတပ်လို့ ရတယ်လေ ဆရာက မပြောဘူးလား သူတို့ တပ်တာတောင် အဲ့ တုန်းက အများကြီး ကျတာ အခုက သက်သာတယ်ထင်နေတာ.နင့် ကိုများ မတတ်နိုင်ဖူးထင်နေလို့ လား (ကျန် ကျန် ချွန်ပေး ပင့် ပေးချက်တွေက .ပေါက်ကွဲချင်စရာ...ခ်ခ်ခ်)......ဘာလားညာလားဆိုတော့ မှ သွားဆေးပညာကို ပြန်စပ်စုတော့ မှ သွား အသေတပ်လို့ ရတာ သိလာတယ်...ကျနော် လိုချင်တာလဲ အဲ့ လို အသေတပ်တာမျိုးပဲလိုချင်တာ သွားတွေ အရင်လို အရမ်း သရုပ်မပျက်တော့ ရင်ပြီးတာပဲဆိုပြီးလောက်ပဲ....
အဲ့ မှာ ညီလုပ်သူရဲ့  ဘော်ဒါတွေထဲမှာ သွားဆရာဝန်ရှိနေတယ် သူနဲ့ ချိတ်ပြီး သူ့ ဆေးခန်းလစ် စစ်လိုက်တော့  အိုကေ သွားအသေစိုက်လို့ ရတယ်ပေါ့ ...အဲ့ မှာစိုက်တာ ၅ ချောင်းတန်းလေး...ပုံစံလောင်းတာ ဘာညာ နဲ့  သွားဆေးခန်း ၃ ခါ သွားလိုက်ရတယ်....အမယ်...မဆိုးဘူုး...အရင်လို နာ့ ရှဲစောင်းလေးတွေက သရုပ်
သိပ် မပျက်တော့ ဘူးဟ...ပေါ့ လေ...အဲ့ မှာ ပိုက်ဆံ အကြောင်းက အရေးပါတော့ တာပဲ...အဲ့  သွား ၅ ချောင်းတန်းက ၂ သိန်းခွဲကျတယ်တဲ့ ဗျားးးးး...ငင့်  :'(
ဟီးး.:P =D..ဒါတောင် ဘော်ဒါကဏ္ဍမို့ လျှော့ ယူထားတာတာတဲ့ ..သွားဆရာလေးကလေ.......ဟွတ် ဟွတ်..ကျေးကျေးပါ ကျေးကျေးပါ.....
သေရင် ကိုယ့် နောက်မပါဘူး ဘာဘူးလို့ က တစ်ပိုင်းပေါ့ .... မသေခင် စိတ်လက် ချမ်းသာဖို့  ကိုယ်ထင်တာကိုယ်လျှောက်ဖို့ ကလဲ ပိုက်ဆံက စကားပြောသေးတယ်လို့ ...ပိုက်ဆံ ၂ သိန်းခွဲသာ ပက်ကနဲ မပေးနိုင်ရင် ကိုယ့်  ရှဲစောင်းတွေ ဒတ်တဗိုင်လိုက်နေတဲ့ အတိုင်းကြီး နေရတော့ မှာပေါ့  အဲ့ ဒါဆို ပြင်လို့ ရရဲ့ သားနဲ့  ပိုက်ဆံမရှိလို့ မပြင်နိုင်ဘူးဆိုတာ အတော် ငုတ်တဲ့  ဖီလင်ကြီးပေါ့ လေ...အဲ့ ဒါကြောင့်  ပိုက်ဆံ ရနိုင်သမျှ ရအောင်ရှာထားကြပါ..ပိုက်ဆံရှာတာ ဒီဘ၀မှာ ကိုယ်ထင် ရာ ကိုယ်သုံးဖို့ ပါ မသမာဇီဝ အလွန်အကျွံ မဖြစ်ရင်ပြီးတာပဲလို့ စ်..ပိုက်ဆံချမ်းသာတာ ရှက်စရာ မကောင်းပါဘူးလို့ စ်.....ပိုက်ဆံရလို့  ကိုယ်ထင်ရာ ကိုယ်သုံးနိုင်ရင်လဲ စိတ် ချမ်းသာတာပါပဲလို့ စ်.....အဟီး...ငိငိ :P =D
-------------------
ပိုက်ဆံ (၂)
----
အမေ့ အဆုပ်ကင်ဆာရောဂါကို ဆေးကုတုန်းက ပိုက်ဆံကို သိပ်မကျွတ်သေးဘူး...အကြောင်းက ကင်ဆာကု စားရိပ်ကို ကျနော်တို့  နိုင်နေလို့ ပဲဗျ.....အဖေ့ ကျောက်ကပ်ပျက်တဲ့ ရောဂါကြမှ ပိုက်ဆံခြောက်တာကို အတော် ကျွတ်သွားတာ....အဲ့ မှာ ပိုက်ဆံများမရှိလို့ ကတော့  လွယ်လွယ်လေး သေနိုင်တယ်လို့ တွေးမိတာ...
ပါရဂူက အဖေ့ မှာ ကျောက်ကပ်အခြေအနေမကောင်းတော့ ဘူးဆိုတာ ဖွင့် ပြောပေမယ့်  စက်နဲ့ ဆေးတဲ့ နောက်ဆုံးနည်း ချက်ချင်း ချမသုံးသေးဘူး...ပိုက်ဆံက တအားသုံးရမှာဆိုတော့  လူနာရှင်တွေကိုငဲ့ နေတာမျိုး...အဖေ့ ကျောက်ကပ်က မဟန်တော့ ဘူးဆိုတဲ့ အချိန်မှာ အသိဆရာဝန်တွေကအစ ခေါင်းတခါခါ လည်တရမ်းရမ်းနဲ ကျောက်ကပ်က ဆေးပြီဆိုမသေမချင်း ဆေးသွားရတော့ မှဆိုတော့  ခြံရှိခြံပြုတ် ကားရှိကားပြုတ်ပဲ ...အဆေးခံနိုင်လျက်နဲ့  ပိုက်ဆံမရှိလို့  မဆေးရင်လဲ တစ်ပတ်အတွင်း ဆီးဆိပ်တွေတက်လို့  အကြောတွေဆွဲ ငန်းတွေဖမ်း မျက်စိတွေကွယ် သတိတွေကင်းမဲ့  ပြီးမချိမဆန့် သေနိုင်တယ်ဆိုတော့ ...
မဆေးခင် ဆေးရတော့ မယ်လို့ သေခြာနေတဲ့  ရက်ပိုင်းတွေမှာ လူဟာ ပိုက်ဆံအကြောင်းတွေးလိုက်ရင် ဆောက်တည်ရာမဲ့ ပြီး မျက်ရည်တောက်တောက်ကျခဲ့ ရတယ်...ဆက်တွေးတာက ကျောက်ကပ်ဆေးနေရင်းက ငါ့ အဖေကို ကျောက်ကပ်ဆေးဖို့  ပိုက်ဆံမရှိလို့  ပိုးစိုးပက်စက်သေရပါ တယ်ဆိုရင်လဲ ငါတော့ ရင်ကွဲနာကျပြီဆိုပြီးတွေးတွေးပြီးငို......နောက်တော့  အငိုကို ဟန်လုပ်သိမ်း ရင်ထဲက ပိုက်ဆံသောကမီးတောက်လောင်နေတာကို ခဏမေ့ ထားပြီး လောလောဆယ် ကျွမ်းသဒါလန်အောင်ခံနေရတာကို ငြိမ်းချမ်းသွားအောင် အဖေ့ ကို ကျောက်က်သာမြန်မြန်ဆေးပေးပါတော့ ဆရာလို့  ပြောချလိုက်ရတယ်...
လူကကျောက်ကပ်သာပျက်သွားတာ ဘော်ဒီ ဓါတ်ခံကကောင်းနေတော့  ကျောက်ကပ်အဆေးခံနိုင်ရည်ကရှိနေတယ်....အဲ့ တော့  ဆေးတာပေါ့  ဆေးတော့  ပိုက်ဆံဆိုတာ စက်နဲ့ လှည့် ထုတ်နေရသလို သုံးရတော့ တာပေါ့ ..ဒါပေမယ့်  အဲ့ အတွက် စိတ်ထဲမှာ တစိမှ အာရုံမနောက်ခဲ့ ဘူး..အချိန်တိုင်းတွေးပူနေတာက ပိုက်ဆံပြတ်သွားမှာကိုပဲ တစ်သက်တာ စာရိတ္တကောင်းကောင်းနဲ့  သားသမီးတွေကို လုပ်ကျွေးလာတဲ့ ဖခင်ကြီးကို သူမကျမ္မာတော့ မှ သူ့ သားသမီးတွေက ပိုက်ဆံမတတ်နိုင်လို့  ဆေးလေးတောင် ကုမပေးနိုင်ရှာကြဘူးဆိုတဲ့  အတွေးက လူကို တစ္ဆေတစ်ကောင်လိုခြောက်လှန့် နေခဲ့ တယ်...
အဲ့ ဒီမှာ သမာဇီဝကျကျ ငွေရှာတာတွေက မနိုင်တော့ တဲ့ လတွေဆို အရင်က ရှိတာလေးတွေ ထုခွဲဆေးခဲ့ ရသလို....တစ်ဖက်တစ်လမ်းက ဆေးဖိုးငွေရအောင်ဆိုပြီး
ဥပဒေဘောင်လွတ်နေတဲ့  ခိုးကူးခွေတွေ စက်ဝယ်ပြီး အိမ်မှာ ၂၄ နာရီ မောင်နှစ်မတွေ အလှည့် ကျ ထိုင်ကူးပေးခဲ့ ရတယ် မင်္ဂလာဈေးကနေ အော်ဒါ ယူပြီးတော့ ပေါ့  ..ထောင်တန်းကိုသေလောက်အောင်ကြောက်ပေမယ့်  ကျေးဇူးရှင်ဖအေအိုကြီးရဲ့ ဆေးဖိုးအတွက်ဆိုပြီး ကြောက်ကြောက်နဲ့ ပဲ ခိုးကူးခွေတွေ ထောင်နဲ့ ချည်ထွက်အောင် ကူးရတော့ တယ် အဲ့ ကာလကဆို လူဟာ အိမ်သားတွေရဲ့ စိတ်ဟာ လောကငရဲကျနေသလိုပါပဲ...စက်ရုပ်တွေနဲ့ လဲတူလာတယ် အကြောက်တရားကလဲ တစ်ချိန်လုံး အလွှမ်းမိုးခံနေရတယ်....အဲ့  လောကငရဲကျနေသလိုဖြစ်တဲ့ ဘ၀ဟာ ကျောက်ပါဆေးသက်အတိုင်း ၄ နှစ်နီးနီး ကြာပါတယ်
ကိစ္စတွေပြီးသွားချိန်မှာတော့  အိမ်မှာဖြစ်ကျန်ခဲ့ တာက ကင်ဆာဖြစ်တာ အရေးမကြီးဘူး ကင်ဆာက ဆေးမြီးတိုရှိတယ် ကျောက်ကပ် မဖြစ်ရင်တော်ပြီ ကျောက်ကပ်က တကယ်ပျက်သွားရင် ပိုက်ဆံရှိထားမှ အသက်ငယ်ရင် ကျောက်ကပ်လဲ ကြီးရင် တစ်သက်တာ စက်နဲ့ ဆေးပေတော့ ပဲ ပိုက်ဆံမရှိရင်တော့  အသေပဲလို့  ငါများ ကျောက်ကပ်ပျက်လို့ ကတော့ ကုမနေနဲ့ ဟေ့  ပစ်ထားလိုက် ငါ့ ဟာငါ ကြုံသလိုဆေးမြီးတုနဲ့ ကုရင်း အသေခံသွားမယ် နင်တို့  မွဲကျန်ခဲ့ လို့ တော့ မဖြစ်ဖူးလို့ ..ကျောက်ကပ်ရောဂါကို သွေးလန့် ပြီးကျန်ခဲ့ တာ နှစ်တွေတော်တော်ကြာသလို ပိုက်ဆံခြောက်တဲ့ ဒဏ်ကိုလဲတော်တော်ခံခဲ့ ရတယ်.....အဲ့ ဒါကြောင့် တစ်ခါတစ်ခါ အတွေးပေါက်မိတယ် ပိုက်ဆံရှာနေတာ ရောဂါကြီးတွေ ဖြစ်လာရင် အသက်ရှင်တဲ့ ရက် နဲနဲပိုရအောင် ကုဖို့ များလားလို့ တောင် ဂေါက်တောက်တောက်တွေးမိတဲ့ အထိပဲ....
လက်တွေ့ ဘ၀တွေမှာ ကြုံတွေ့ ရတဲ့  ဘ၀အတွေ့ အကြုံတွေကလဲ လက်တွေ့ ဘ၀တွေရဲ့  အတွေးတွေကို ပုံဖေါ်တတ်လေရဲ့ ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..