နဲနဲသိထားတဲ့  သိမှု့ ပညာက ဖြစ်လာတဲ့ ပြဿနာသဘော
-----
အရွက်တွေနဲ့  လူတွေရဲ့  အခက်အခဲကို ကူညီတဲ့ ကိစ္စတွေမှာ အသက်မွေးဝမ်းကျာင်း အဖြစ် လက်တွေ့ နယ်ပယ်မှာ ကျင်လည်နေတဲ့  လူတွေရဲ့  သိမှု့ သဘောနဲ့  စာသမားတွေရဲ့  သိမှု့ သဘောက တစ်ချို့ ကိစ္စတွေမှာ တော်တော်ကွဲတယ်...တစ်ခါတစ်လေ အဲ့ ဒီ့  အကွဲ သဘောကို
ကြိုတွက်ဆမိလို့ယတြာတွေကို စွတ်မပေး စွတ်မပြောပဲ တစ်ဖက်လူရဲ့  အနေအထားကို ချိန်ဆပြီးမှ ဖြစ်နိုင်ခြေနဲ့  ဖြစ်နိုင်လောက်တဲ့ ယတြာနည်းတွေကိုသာပေးရလေ့ ရှိတယ်...
တစ်ချို့  ဖတ်ဖူးသလို လက်တွေ့ မလုပ်ဖူးပဲ ဗဟုသုတရှာတတ်တဲ့  စာသမားတစ်ချို့ ရဲ့ သိမှု့  ပြဿနာကို ရည်ညွှန်းတာမျိုးလို့ ဆိုနိုင်တဲ့  တစ်ခါတစ်လေ သိမှု့ ဗေဒတွေမှာ သိဖို့ အကြောင်းတစ်ခုကို သိဖို့ အားထုတ်တာမှာ အစုံမသိသေးပဲ နဲနဲ သိတာကို တော်တော်လေးသိနေပြီလို့ ထင်လာတာမျိုး
က တစ်ခါတစ်ရံမှာ သိမှု့ ပညာတွေမှာ ပြဿနာရှိတယ် ဆိုတာမျိုးကို အရွက်နည်းပညာတွေမှာ ကြုံရလေ့ လဲရှိတယ်.ကြိုလဲတွက်ထားရတယ် .
အဲ့ မှာ ပြဿနာဆိုတာ စီးပွားကြီးပွား သိက္ခာပြဿနာမျိုးကိုဆိုလိုတာ မဟုတ်ပဲ ကောင်းဖို့ လုပ်နိုင်ခွင့်  အခွင့် အလမ်းတစ်ခု ဆုံးရှုံးသွားတာမျိုးကိုဆိုလိုတာပါ...
ဆိုပါတော့  ကျမ္မာရေးသဘောကို အဓိကထားပေးတဲ့  အရွက်တွေ ခေါင်းအုံးအောက် ခြေရင်းအောက် ကျောအောက် ထားအိပ်တဲ့ နည်းပညာတွေမှာ....
အထူးသဖြင့်  ခေါင်းအုံးအောက် အရွက်တွေ ထားအိပ်တဲ့ နည်းမှာ စာသမားတစ်ချို့  စာဖတ်သူတစ်ချို့ တွေ ဗဟုသုတ ဂမ္ဘီရစာတွေ အင်တာတိန့် မန့် ဆန်ဆန် လျှောက်ဖတ်တတ်တဲ့ စာဖတ်သမားတစ်ချို့ ရဲ့ သိမှု့ သဘောမှာ နာတာရှည် လူမမာတွေ သေပြီးလျက်သား နဲ့ ဘော်ဒီကို ပယောဂ အပမှီထားလို့  စွဲကပ်နေတယ်ဆိုတဲ့  ''ဖုတ်'' ကို မှီစွဲနေတဲ့ ဒက်ဘော်ဒီကနေ ထွက်ပြေးသွားအောင် နှင်ထုတ်တယ်ဆိုတဲ့ '' သြဇာရွက်တွေ '' အဲ့ လူမမာရဲ့ ခေါင်းအုံးအောက်မှာ ထည့် တာမျိုး ဖုတ်ထုတ်တာလောက်ကိုပဲ သိထားသူတွေရဲ့ စိတ်ထဲမှာ အခုလို တစ်ခြားယတြာနည်းပညာတွေမှာလည်း
တစ်ခြား ရည်ရွယ်ချက်ကောင်းတွေ အတွက် လူ့ ဘော်ဒီအောက် အရွက်တွေထားတဲ့  နည်းပညာတွေရှိနေသေးတာ မသိထား မဖတ်ထားဘူးလို့  မသင်္ကာဖြစ်တာ မကြိုက်ချင်တာမျိုးတွေ ဖြစ်လာတတ်သလို တစ်ချို့ ဆို နည်းပညာပေးသူကိုတောင် အစာမကြေသလိုလိုတွေ ဖြစ်ကုန်တတ်လေ့ ရှိပါတယ် ..
အဲ အတွက် ယတြာတွေပေးဖို့ လိုတယ်ထင်လို့ ပေးတယ်ဆိုတိုင်းမှာ စွတ်ပေးတာမျိုးမလုပ်ပဲ မေးစမ်းတီးခေါက် ရှင်းပြပြောဆိုပြီးမှ ဖြစ်နိုင်ခြေရှိတဲ့ 
ယတြာမျိုးကိုသာပေးရတော့ တယ်ပေါ့ လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..